နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသမ္မတနိုင်ငံ သံအမတ်ကြီး H.E. Mr. Vinay Kumar အား လက်ခံတွေ့ဆုံ

 

မြန်မာ - အိန္ဒိယ နှစ်နိုင်ငံနယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေးနှင့် ပူးပေါင်းဆောင်ရွက်မှု 
တိုးမြှင့်ရေးဆိုင်ရာ ကိစ္စရပ်များ၊ နှစ်နိုင်ငံကုန်သွယ်ရေး ကဏ္ဍတိုးမြှင့်ရေးတို့ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေး

 

နေပြည်တော်   မတ်    ၇


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ  ဒုတိယဝန်ကြီးချုပ်  ဒုတိယဗိုလ်ချုပ် မှူးကြီး  စိုးဝင်းသည်   ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံဆိုင်ရာ  အိန္ဒိယသမ္မတနိုင်ငံ သံအမတ်ကြီး H.E. Mr.  Vinay Kumar အား ယနေ့ မွန်းလွဲပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌရုံး သံတမန်ဆောင်ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

 


တွေ့ဆုံစဉ်  မြန်မာ - အိန္ဒိယ နှစ်နိုင်ငံနယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးနှင့် ပူးပေါင်း ဆောင်ရွက်မှုတိုးမြှင့်ရေးဆိုင်ရာကိစ္စရပ်များ၊  နှစ်နိုင်ငံ ကုန်သွယ်ရေးကဏ္ဍတိုးမြှင့်ရေးနှင့် ကုလားတန်မြစ်ကြောင်း စီမံကိန်းအပါအဝင်  နှစ်နိုင်ငံ   ပူးပေါင်းဆောင်ရွက် လျက်ရှိသည့်  ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာ  ကိစ္စရပ်များကို  ရင်းနှီး ပွင့်လင်းစွာ ဆွေးနွေးကြသည်။

 


တက်ရောက်


တွေ့ဆုံပွဲသို့        နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ  ဒုတိယ ဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့်အတူ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး    ဦးကျော်မျိုးထွဋ်နှင့်  ညွှန်ကြားရေးမှူးချုပ်  ဦးအောင်ကို တို့   တက်ရောက်ကြပြီး  အိန္ဒိယ သမ္မတနိုင်ငံ    သံအမတ်ကြီးနှင့် အတူ           ဒုတိယအတွင်းဝန်  Ms.   Reeta   Meena  လည်း တက်ရောက်ခဲ့ကြောင်း     သတင်း ရရှိသည်။ 


သတင်းစဉ်