
နေပြည်တော် မတ် ၇
ပညာရေးဝန်ကြီးဌာန ပြည်ထောင် စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ဒုတိယညွှန်ကြားရေးမှူးချုပ်များ နှင့်အတူ ယနေ့ နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီးရှိ အခြေခံ ပညာအထက်တန်း စာစစ်ဌာန များနှင့် ကျောင်းဆောင်များသို့ လှည့်လည်ကြည့်ရှု စစ်ဆေးသည်။
ကြည့်ရှုစစ်ဆေး
ပြည်ထောင်စု ဝန်ကြီးသည် ဦးစွာ ဧရာဝတီတိုင်းဒေသကြီး ညောင်တုန်းမြို့နယ် ဆား မလောက် အခြေခံပညာအထက် တန်းကျောင်း၊ ပန်းတနော်မြို့နယ် အမှတ်(၁) အခြေခံပညာအထက် တန်းကျောင်း၊ ကန်ကြီးထောင့် မြို့နယ် တကုန်းကြီး အခြေခံ ပညာအထက်တန်းကျောင်းများရှိ စာစစ်ဌာနများသို့ သွားရောက်၍ တက္ကသိုလ်ဝင်စာမေးပွဲ ကျင်းပ နိုင်ရေး ကြိုတင်ပြင်ဆင်ဆောင် ရွက်ထားရှိမှုကို ကြည့်ရှုစစ်ဆေး၍ စာမေးပွဲ ကြီးကြပ်ရေးမှူးများနှင့် တာဝန်ကျ ဆရာ ဆရာမများ အနေဖြင့် စာမေးပွဲစည်းမျဉ်း စည်းကမ်းနှင့်အညီ စနစ်တကျ အောင်မြင်စွာ ကျင်းပနိုင်ရေး အတွက် မိမိတို့ကျရာ တာဝန် အခန်းကဏ္ဍအလိုက် ဝိုင်းဝန်း လက်တွဲ ကြိုးပမ်းဆောင်ရွက် ကြရမည် ဖြစ်ပါကြောင်း၊ ကျောင်းသား ကျောင်းသူများ စာမေးပွဲ ဖြေဆိုစဉ်အတွင်း စိတ်အေးချမ်းစွာ ဖြေဆိုနိုင်ရေး အတွက် အလေးထားဆောင်ရွက် ပေးကြရမည် ဖြစ်ပါကြောင်း မှာကြားသည်။
ယင်းနောက် စာသင်ကျောင်း အတွင်း လှည့်လည်ကြည့်ရှု စစ်ဆေးကာ ကျောင်း၏ ဥပဓိရုပ် ကောင်းမွန်စေရေးအတွက် စာသင် ဆောင် ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းများ၊ စိမ်းလန်းစိုပြည်ရေး လုပ်ငန်းများ၊ လိုအပ်သည့် ပြုပြင် မွမ်းမံခြင်း လုပ်ငန်းများကို လာမည့် ကျောင်းဖွင့်ချိန်မတိုင်မီ ဆောင်ရွက်ထားကြရမည် ဖြစ်ပါ ကြောင်း၊ စာသင်ဆောင်များ၊ ကျောင်းသုံး ပရိဘောဂများ၊ စက်ပစ္စည်း စသည်များကို ရေရှည် အသုံးပြုနိုင်ရန် စနစ်တကျ စည်းကမ်းရှိရှိ ထိန်းသိမ်း ဆောင်ရွက်ကြစေလိုပါကြောင်း ပြောကြားသည်။
ဖြည့်ဆည်းဆောင်ရွက်ပေး
ထို့နောက် ညောင်တုန်းမြို့ နယ် စက္ကော့အခြေခံပညာအထက် တန်းကျောင်းနှင့် ကန်ကြီးထောင့် မြို့ အခြေခံပညာအထက်တန်း ကျောင်းတို့တွင် တွဲဖက်ဖွင့်လှစ် မည့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး ကျောင်း စာသင်ဆောင်သစ် တည်ဆောက်ရေး လုပ်ငန်းခွင် ဆောင်ရွက်နေမှု အခြေအနေများ ကို လှည့်လည်ကြည့်ရှုစစ်ဆေး၍ အဆောက်အဦ အရည်အသွေး ပြည့်မီစေရေးနှင့် သတ်မှတ်ကာလ အတွင်း အချိန်မီပြီးမြောက်ရေး အတွက် မှာကြားကာ လိုအပ် သည်များကို ဖြည့်ဆည်းဆောင် ရွက်ပေးသည်။
တာဝန်ကျေပွန်စွာ ဆောင်ရွက်
မွန်းလွဲပိုင်းတွင် ပြည်ထောင်စု ဝန်ကြီးသည် ပုသိမ်မြို့ ပုသိမ် တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခ ချုပ်၊ ပါမောက္ခ(ဌာနမှူး)များ၊ ဆရာ ဆရာမများ၊ အရာထမ်း၊ အမှုထမ်းများနှင့် တွေ့ဆုံ၍ ဆရာ ဆရာမများအနေဖြင့် မိမိတို့နိုင်ငံ အတွင်း ပညာတတ်များ ပေါများ လာစေရေးအတွက် မိမိတို့တာဝန် ကျရာနေရာတွင် စေတနာ အပြည့်အဝထားပြီး အမှန်တကယ် ကျွမ်းကျင် တတ်မြောက်သူများ ဖြစ်အောင် ကြိုးစားသင်ကြား ပေးစေလိုပါကြောင်း၊ မိမိတို့၏ လုပ်ငန်းတာဝန်များကို ဆောင်ရွက် ရာတွင် တာဝန်ယူမှု၊ တာဝန်ခံမှု၊ တာဝန်သိမှုတို့ဖြင့် ကျေပွန်စွာ ဆောင်ရွက် ကြစေလိုကြောင်း၊ လုပ်ငန်း တာဝန်များကို ထမ်းဆောင်ကြရာတွင် လုပ်ဖော် ကိုင်ဖက် ပညာရေးမိသားစု အချင်းချင်း မိသားစုစိတ်ဓာတ်ဖြင့် နွေးနွေးထွေးထွေး ဆက်ဆံ၍ လက်တွဲ ဆောင်ရွက်ကြစေလိုပါ ကြောင်း ပြောကြားသည်။
ညနေပိုင်းတွင် ပြည်ထောင်စု ဝန်ကြီးသည် ပုသိမ်ပညာရေး ဒီဂရီကောလိပ် ပညာရတနာခန်းမ သို့ သွားရောက်၍ ဆရာ ဆရာမ များ၊ သင်တန်းသား သင်တန်းသူ များနှင့် တွေ့ဆုံ၍ အခြေခံပညာ ကဏ္ဍသည် နိုင်ငံဖွံ့ဖြိုးတိုးတက် ရေးအတွက် အခြေခံအုတ်မြစ် ပါကြောင်း၊ ဆရာ ဆရာမများသည် အရေးကြီးသည့် အခန်းကဏ္ဍတွင် ပါဝင်ပါကြောင်း၊ ဆရာ ဆရာမ များအဖြစ် တာဝန်ထမ်းဆောင် သည့်အခါ ကျောင်းသား ကျောင်း သူများကို ပညာတတ်ရုံသာမက ယဉ်ကျေးလိမ်မာပြီး ဂါရဝ၊ နိဝါတ တရား ထားရှိတတ်အောင်၊ အကျင့်စာရိတ္တ ကောင်းမွန်အောင် ပြုစုပျိုးထောင် ပေးကြစေလို ကြောင်း ပြောကြားသည်။
ယင်းနောက် ပြည်ထောင်စု ဝန်ကြီးသည် ပုသိမ်မြို့ အမှတ်(၆)အခြေခံပညာ အထက်တန်း ကျောင်းနှင့် အမှတ်(၁) အခြေခံ ပညာ အထက်တန်းကျောင်း စာစစ်ဌာနများသို့ သွားရောက် ကြည့်ရှုစစ်ဆေးကြောင်း သိရ သည်။
သတင်းစဉ်