နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသသို့ သွားရောက်၍ ဒေသဖွံ့ဖြိုးရေးဆိုင်ရာများ ဆွေးနွေးပြောကြား

 

နေပြည်တော်  မတ်   ၇


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ    နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး  မင်းအောင်လှိုင် သည် ယနေ့နံနက်ပိုင်းတွင် ဇနီး ဒေါ်ကြူကြူလှနှင့်   ခရီးစဉ်တွင် လိုက်ပါလာသည့်   အဖွဲ့ဝင်များ၊ ရှမ်းပြည်နယ်       ဝန်ကြီးချုပ်၊ အရှေ့ပိုင်းတိုင်း      စစ်ဌာနချုပ် တိုင်းမှူးနှင့်    တာဝန်ရှိသူများ လိုက်ပါ၍ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသ၊   ကျောက်တလုံးကြီး မြို့သို့     သွားရောက်၍    ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများကို ဆွေးနွေးမှာကြားသည်။

 


ကြိုဆိုနှုတ်ဆက်


ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ   နိုင်ငံတော် ဝန်ကြီးချုပ်နှင့်     အဖွဲ့ဝင်များ သည်  ကျောက်တလုံးကြီးမြို့သို့ ရောက်ရှိကြရာ  ပအိုဝ်းအမျိုးသား အဖွဲ့ချုပ်  (PNO)  မှ   ဦးခွန်မြင့် အောင်၊   ဦးခွန်အောင်ခမ်း၊  ဦးခွန် နေဝင်းထွန်းနှင့် တာဝန်ရှိသူများ၊ ဒေသခံ      ပအိုဝ်းတိုင်းရင်းသား ပြည်သူများက လှိုက်လှဲနွေးထွေး စွာ ကြိုဆိုနှုတ်ဆက်ကြသည်။

 


အားပေးစကားပြောကြား


ထို့နောက်     နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ      ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင် များသည်     ပအိုဝ်းအမျိုးသား ခေါင်းဆောင်၊   ပအိုဝ်းအမျိုးသား အဖွဲ့ချုပ်   (PNO)   နာယက ဦးအောင်ခမ်းထီ     နေအိမ်သို့ ရောက်ရှိကြပြီး        နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ     ဥက္ကဋ္ဌ နိုင်ငံတော်        ဝန်ကြီးချုပ်က ဦးအောင်ခမ်းထီ၏ ကျန်းမာရေး အခြေအနေများကို    မေးမြန်း အားပေးစကား ပြောကြားသည်။ 

 


ယင်းနောက် တာဝန်ရှိသူများ က      ဒေသဖွံ့ဖြိုးတိုးတက်ရေး နှင့်  ဒေသတည်ငြိမ်အေးချမ်းရေး အတွက် ဆောင်ရွက်နေမှုများနှင့် လိုအပ်ချက်များကို    ဆွေးနွေး တင်ပြသည်။ 

 


တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်နိုင်ရေး


တင်ပြမှုများအပေါ် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ   ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ကုန်ထုတ် လုပ်မှုလုပ်ငန်းများ   ဆောင်ရွက် ရာတွင် လူအများနှင့် ဒေသအကျိုး ကို ဖြစ်ထွန်းစေမည့် လုပ်ငန်းများ ကိုသာ    ဦးစားပေးဆောင်ရွက် စေလိုကြောင်း၊      စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် စက်မှုလုပ်ငန်းများ ကို   ဆောင်ရွက်ရာတွင်   ဒေသ တွင်းရှိ      ပြည်သူများအားလုံး လူမှုစီးပွားဘဝ   ဖွံ့ဖြိုးတိုးတက် အောင် ဆောင်ရွက်ရန်လိုကြောင်း၊ ဒေသတွင်း     ဆောင်ရွက်လျက် ရှိသည့် စိုက်ပျိုးရေး၊ မွေးမြူရေး၊ ကုန်ထုတ်လုပ်မှု လုပ်ငန်းများကို ပမာဏများများဖြင့်    စဉ်ဆက် မပြတ်       ထုတ်လုပ်နိုင်သည့် ကုန်ထုတ်လုပ်မှုမျိုး  ဖြစ်အောင် ဆောင်ရွက်ရန်လိုကြောင်း၊ မွေးမြူ ရေးနှင့် ပတ်သက်၍လည်း ဝက်၊ နွား၊ ကြက် စသည့် မွေးမြူရေး လုပ်ငန်းများကို   စနစ်တကျဖြင့် အောင်မြင်     ဖြစ်ထွန်းအောင် ဆောင်ရွက်ရန်လိုကြောင်း၊ ပအိုဝ်း ဒေသမှထွက်ရှိသည့် ထောပတ်သီး သည် အရည်အသွေး ကောင်းမွန် သည့်အတွက်    စိုက်ပျိုးမှုများကို ပိုမိုမြှင့်တင်      ဆောင်ရွက်စေလို ကြောင်း၊  အလားတူ ဒေသတွင်း ကောင်းမွန်စွာ      ထွက်ရှိသည့် ကြက်သွန်၊  အာလူး၊  လက်ဖက် ကဲ့သို့သော စိုက်ပျိုးရေးထုတ်ကုန် များမှ   တန်ဖိုးမြှင့်ထုတ်ကုန်များ ကို   ထုတ်လုပ်နိုင်ရေး  စဉ်းစား ဆောင်ရွက်ကြ    စေလိုကြောင်း၊ ဒေသရှိ     မြေပေါ်မြေအောက် သယံဇာတများကို   လွယ်လွယ် ကူကူ   ထုတ်ယူသုံးစွဲခြင်းများကိုရှောင်ရှားပြီး ရေရှည်အကျိုးရှိမည့် လုပ်ငန်းများကို လုပ်ဆောင်စေလို ကြောင်း၊  ဒေသတွင်းရှိ  သစ်ပင် သစ်တောများကိုလည်း ထိန်းသိမ်း ရန်    လိုအပ်ပြီး      ရွှေ့ပြောင်း တောင်ယာများ စိုက်ပျိုးခြင်းထက် ကုန်းမြင့်လယ်ယာစနစ်ကို  ပိုမို အားပေး   ဆောင်ရွက်ကြစေလို ကြောင်း၊     ပအိုဝ်းဒေသအတွင်း စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို  သမဝါယမစနစ်ဖြင့်  ထိထိ ရောက်ရောက်   ဆောင်ရွက်မည် ဆိုပါက       အောင်မြင်နိုင်မည် ဖြစ်ကြောင်း၊  ပအိုဝ်းဒေသဖွံ့ဖြိုး တိုးတက်ရေးအတွက် နိုင်ငံတော် နှင့် တပ်မတော်မှ လိုအပ်သည် များကို ကူညီဆောင်ရွက်ပေးလျက် ရှိသကဲ့သို့   ဆက်လက်၍လည်း ဆောင်ရွက်ပေးသွားမည်   ဖြစ် ကြောင်း    ဆွေးနွေးပြောကြား သည်။

 


ထို့နောက်    နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ      ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ပအိုဝ်း အမျိုးသားအဖွဲ့ချုပ်     (PNO) နာယက         ဦးအောင်ခမ်းထီ အား စားသောက်ဖွယ်ရာများနှင့် လက်ဆောင်ပစ္စည်းများ ပေးအပ် ရာ ဒေသထွက်လက်ဆောင်ပစ္စည်း များနှင့်     ဓမ္မလက်ဆောင်များ ပြန်လည်ပေးအပ်သည်။

 


 ဖူးမြော်ကြည်ညို


ဆက်လက်၍    နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ  ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင် များသည် ကျောက်တလုံးကြီးမြို့ ဗိုလ်ပန္တကုန်းတော်တွင် တည်ထား ကိုးကွယ်ထားရှိသည့် မဟာဝံသ ဗုဒ္ဓဂယာစေတီတော်သို့      သွား ရောက်         ဖူးမြော်ကြည်ညိုပြီး ပန်း  ရေချမ်း  ဆီမီး ကပ်လှူပူဇော် သည်။ 

 


ဘက်စုံအလှူငွေများ ပေးအပ် 


ယင်းနောက်       စေတီတော် ဂေါပကအဖွဲ့ဥက္ကဋ္ဌ   ဦးခွန်ညွန့် မောင်နှင့်   အဖွဲ့ဝင်များက နိုင်ငံ တော်   စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ   နိုင်ငံတော်ဝန်ကြီးချုပ်ထံ ဓမ္မလက်ဆောင်များ ပေးအပ်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က စေတီတော်ကြီးအတွက်  ဘက်စုံ အလှူငွေများ    ပြန်လည်ပေးအပ် လှူဒါန်းသည်။

 


ထို့နောက်    နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ    ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင် များသည်      စေတီတော်ကြီး အထက်ပစ္စယံရှိ ဗုဒ္ဓရုပ်ပွားတော် အား ဖူးမြော်ကြည်ညိုကာ စေတီ တော်ကြီးအား    လက်ယာရစ် လှည့်လည်ကြည်ညိုခဲ့ကြောင်းနှင့် စေတီတော် ရေရှည်တည်တံ့ခိုင်မြဲ ရေး၊       ကြည်ညိုသပ္ပာယ်ဖွယ် ဖြစ်စေရေးအတွက်   ထိန်းသိမ်း ဆောင်ရွက်ရန်  လိုအပ်သည်များ ကို မှာကြားခဲ့ကြောင်း သတင်းရရှိ သည်။  

                   
သတင်းစဉ်