နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရွှေညောင်-တောင်ကြီး ရထားလမ်းပိုင်း အဆင့်မြှင့်တင်ရေးစီမံကိန်း လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများ သွားရောက်ကြည့်ရှုစစ်ဆေး

 

နေပြည်တော်   မတ်    ၇


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ  နိုင်ငံ တော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်    သည် ယနေ့နံနက်ပိုင်းတွင်  ခရီးစဉ်တွင် လိုက်ပါ လာသည့် အဖွဲ့ဝင်များ၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ်၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိ သူများလိုက်ပါ၍       ရှမ်းပြည်နယ်     (တောင်ပိုင်း) ရွှေညောင်- တောင်ကြီး   ရထားလမ်းပိုင်း   အဆင့် မြှင့်တင်ရေး   စီမံကိန်းလုပ်ငန်း    ဆောင်ရွက်နေမှု အခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။

 


ဦးစွာ စီမံကိန်းရှင်းလင်းဆောင်တွင်        ပို့ဆောင် ရေးနှင့်  ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး  ဗိုလ်ချုပ်ကြီး တင်အောင်စန်းက  မြေဖို့ခြင်း၊ မြေဖြတ်ခြင်းနှင့်   တာပေါင်ဆင်ခြေလျှော  ဖြေခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိမှု၊ အရည်အသွေး စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှု၊ လုပ်ငန်း ပိုင်းအလိုက်    လုပ်ငန်းဆောင်ရွက်    တိုးတက်မှု၊     သံလမ်းခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုနှင့် ခရီးသွားများကို ဆွဲဆောင်နိုင်မည့်  ရှမ်းပြည်နယ်၏ 
ထင်ရှားသော ဘဝသံသရာ ရထား လမ်းတံတားပုံစံအတိုင်း    တည် ဆောက်နေမှုနှင့်       ဆက်လက် ဆောင်ရွက်သွားမည့် အခြေအနေ များကို ရှင်းလင်းတင်ပြသည်။

 


အကျိုးရှိစေမည့်စီမံကိန်း


ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်          စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီး ချုပ်က    ရထားလမ်း    သယ်ယူ ပို့ဆောင်ရေးသည် ဒေသအတွက် များစွာအကျိုးရှိစေမည့် စီမံကိန်း တစ်ခုဖြစ်ကြောင်း၊ ယခုရွှေညောင်- တောင်ကြီး      ရထားလမ်းပိုင်း အဆင့်မြှင့်တင်ရေး    စီမံကိန်းကို  သာမန်      ခရီးသွားပြည်သူများ  သွားလာအသုံးပြုနိုင်ရန်၊ ကုန်စည် များ ပိုမိုကူးသန်းရောင်းဝယ်နိုင် ရန်၊    ဒေသတွင်းရှိ    တွင်းထွက် ပစ္စည်းများနှင့် ထုတ်ကုန်ပစ္စည်း များ ပိုမိုကူးသန်းရောင်းဝယ်နိုင် ရန်၊   ခရီးသွား  ပြည်သူများကို ဆွဲဆောင်နိုင်ရန်       ရည်ရွယ် ကြောင်း၊ နောက်ပိုင်းတွင် ပအိုဝ်း  ဒေသအထိ တိုးချဲ့ပြေးဆွဲနိုင်ရေး ရည်ရွယ်ကြောင်း၊ သံလမ်းခင်းရာ ၌ လမ်းခင်းကျောက်ထည့်သွင်းမှု၊ တံတားများ      ထည့်သွင်းတည် ဆောက်မှုတို့ကို သတ်မှတ်အရည် အသွေး       နှုန်းထားများအတိုင်း ပြည့်မီစွာ ခင်းကျင်းရန်လိုကြောင်း၊  လုပ်ငန်းလျင်မြန်စွာ ပြီးစီးစေရေး ကိုသာ ဦးစားပေး ဆောင်ရွက်ခဲ့ပြီး အရည်အသွေး    ပြည့်မီမှုမရှိခြင်း များ   မဖြစ်စေလိုကြောင်း၊   ဘဝ သံသရာ     ရထားလမ်းအတိုင်း စနစ်တကျ    တည်ဆောက်ရန်လို ကြောင်း၊ ကားလမ်းများအနီးတွင် ရှိသည့် ရထားသံလမ်းပိုင်းနေရာ များတွင် ဘေးအန္တရာယ်ကင်းရှင်း မှုရှိစေရေး အကာအရံဆောင်ရွက် ပေးရန်လိုကြောင်း၊  မြေထိန်းနံရံ  (Toe Wall) များ၊ ရေကာနံရံများ နှင့်  ရေထုတ်ပြွန်များ၊   ရေထုတ် မြောင်းများကိုလည်း စနစ်တကျ  ထည့်သွင်း  ဆောင်ရွက်သွားရန် လိုကြောင်း မှာကြားသည်။

 


ချီးမြှင့်ငွေများပေးအပ်


ထို့နောက်     နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ     ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်  များသည် စီမံကိန်းဧရိယာအတွင်း လှည့်လည်ကြည့်ရှု၍   တာဝန်ရှိသူ များ၏    တင်ပြချက်များအပေါ် လိုအပ်သည်များ      မှာကြားခဲ့ပြီး  စီမံကိန်း     ဝန်ထမ်းများအတွက် ချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။     


 သတင်းစဉ်