တောင်ကြီးမြို့၌ အာဆီယံခရီးသွားလုပ်ငန်းစံနှုန်းများဆိုင်ရာ အသိပညာပေးဆွေးနွေး

 

နေပြည်တော်   မတ် ၄


အာဆီယံခရီးသွားလုပ်ငန်း စံနှုန်းများဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကို ရှမ်းပြည်နယ် တောင်ကြီးမြို့ရှိ တော်ဝင်တောင်ကြီးဟိုတယ်၌ မတ် ၃ ရက်က ကျင်းပရာ ဟိုတယ်နှင့်ခရီး သွားလာရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် အရာ ထမ်းအမှုထမ်းများ၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ရုံးခွဲများမှ အရာထမ်းအမှုထမ်းများ၊ ဆက်စပ် ဝန်ကြီးဌာနများမှ ကိုယ်စားလှယ်များ၊ မန္တလာ တက္ကသိုလ် (မန္တလေး)၊ အမျိုးသားစီမံခန့်ခွဲမှု ပညာ ဒီဂရီကောလိပ်(ရန်ကုန်) တို့မှ ဆရာ ဆရာမကြီးများ၊ မြန်မာနိုင်ငံခရီးသွားလုပ်ငန်း အဖွဲ့ချုပ်နှင့်    ညီနောင်အသင်းအဖွဲ့များမှ ကိုယ်စားလှယ်များ၊ ဟိုတယ်ဆိုင်ရာလုပ်ငန်း ရှင်များအသင်း      (ရှမ်းတောင်ဇုန်)   မှ ကိုယ်စားလှယ်များ၊ တောင်ကြီးမြို့ရှိ ဟိုတယ် နှင့်ခရီးသွားလုပ်ငန်းရှင်များ၊ ခရီးလှည့်လည် ရေးလုပ်ငန်းလုပ်ကိုင် ဆောင်ရွက်နေသူများ တက်ရောက်ကြသည်။

 


ဆွေးနွေးပွဲတွင် ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာန ဝန်ကြီးရုံးညွှန်ကြားရေးမှူးချုပ် ဦးလှိုင်ဦးက  အာဆီယံဒေသကို  မတူထူးခြား ကွဲပြားသောအတွေ့အကြုံများ    စုစည်းထား သည့်အရည်အသွေးမြင့်  ခရီးစဉ်ဒေသ တစ်ခု ဖြစ်စေရေးနှင့်    ရေရှည်တည်တံ့ခိုင်မြဲပြီး အများပြည်သူများ    စုပေါင်းပါဝင်ခြင်းဖြင့်    ဟန်ချက်ညီဖွံ့ဖြိုးတိုးတက်သော     ခရီးသွား လုပ်ငန်းဖြစ်စေရေး  ဟူသော   အာဆီယံ  ခရီးသွားလုပ်ငန်း     မဟာဗျူဟာစီမံကိန်း ၂၀၁၆-၂၀၂၅  ပါ   မျှော်မှန်းချက်များနှင့်အညီ အာဆီယံ Green Hotel စံနှုန်း၊ အာဆီယံ MICE (Meeting, Incentive, Convention, Exhibition) Venue စံနှုန်းနှင့် အာဆီယံ Spa ဝန်ဆောင်မှု ဆိုင်ရာစံနှုန်း၊  အာဆီယံရပ်ရွာ လူထုအခြေပြု ခရီးသွားလုပ်ငန်းစံနှုန်း၊   အစိုးရဌာနများမှ ဦးဆောင်အကောင်အထည်ဖော်ရမည့် အာဆီယံ သန့်ရှင်းသောခရီးသွားမြို့တော်စံနှုန်း၊ အာဆီယံ အများပြည်သူသုံးသန့်စင်ခန်းများ စံနှုန်းနှင့်    အစိုးရဌာနနှင့်   ပုဂ္ဂလိကလုပ်ငန်းရှင်များ ပူးပေါင်းဆောင်ရွက်ရမည့်   အာဆီယံရေရှည် တည်တံ့ခိုင်မြဲသော ခရီးသွားလုပ်ငန်းဆိုင်ရာ   စံနှုန်းစသည်ဖြင့် စံနှုန်းများ ရေးဆွဲပြုစုထား သည့် အခြေအနေများအား ရှင်းလင်းဆွေးနွေး သည်။ 

 


ဆက်လက်၍ ဘာသာရပ်တာဝန်ခံများနှင့် ပုဂ္ဂလိက ကျွမ်းကျင်ပညာရှင်များက အာဆီယံ ခရီးသွားလုပ်ငန်း    မဟာဗျူဟာအစီအစဉ် (၂၀၁၆-၂၀၂၅)ပါ ခရီးသွားလုပ်ငန်း  အကောင် အထည်ဖော် ဆောင်ရွက်နေမှုများ၊ အာဆီယံသန့်ရှင်းသောခရီးသွားမြို့တော်စံနှုန်း၊ ရေရှည် တည်တံ့ခိုင်မြဲသော ခရီးသွားလုပ်ငန်းစံနှုန်း၊ အာဆီယံ ရပ်ရွာလူထုအခြေပြုခရီးသွားလုပ်ငန်း စံနှုန်းနှင့် အကောင်အထည်ဖော်ဆောင်ခြင်း အတွေ့အကြုံများ၊ အာဆီယံ  Green   Hotel စံနှုန်း၊ အာဆီယံ MICE Venue စံနှုန်းများနှင့်  အာဆီယံခရီးသွားလုပ်ငန်း ကျွမ်းကျင်ပညာရှင် များ အပြန်အလှန်အသိအမှတ်ပြုရေး အစီအစဉ် (MRA-TP) အကောင်အထည်ဖော်ဆောင်ရွက် နေမှုကို ဆွေးနွေးပို့ချခဲ့ကြပြီး တက်ရောက်လာ သူများ     သိရှိလိုသည့်ဆွေးနွေးမှုများကို ပြန်လည်ဖြေကြားပေးခဲ့သည်။   


 သတင်းစဉ်