ကော့မှူးမြို့နယ်၌ တာတိုက်ရေထိန်းတံခါးဖွင့်လှစ်

 

ရန်ကုန်   မတ်   ၄
(၆၁)    နှစ်မြောက်    တောင်သူ လယ်သမားနေ့ကို  ဂုဏ်ပြုသော အားဖြင့်     ရန်ကုန်တိုင်းဒေသကြီး ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ တည်ဆောက်ခဲ့ သည့်    တာတိုက်ရေထိန်းတံခါး ဖွင့်ပွဲကို မတ်  ၂  ရက်က  ကော့မှူး မြို့နယ် တာတိုက်ကျေးရွာရှိ အဆိုပါ    ရေထိန်းတံခါး၌ ကျင်းပသည်။
ဖွင့်ပွဲတွင်      ရန်ကုန်တိုင်း ဒေသကြီး  ဝန်ကြီးချုပ်ဦးစိုးသိန်းက  တာတိုက်ကျေးရွာ       အုပ်စု၌ တာတိုက်ရေထိန်းတံခါး (ခြောက်ပေx ရှစ်ပေ) ငါးပေါက် တစ်လုံးကို ဒေသ တွင်း နွေစပါး၊ နေကြာသီးနှံများနှင့် အခြားစိုက်ပျိုးသီးနှံများ တစ်သီးစား သာမက   သီးထပ်စိုက်ပျိုးနိုင်ရန်၊ ဒေသတွင်း   သာယာဝပြောရေး၊ စားရေရိက္ခာပေါများ ဖူလုံစေရေးနှင့် တောင်သူလယ်သမားများ ဝင်ငွေ တိုးတက်စေရေး      ရည်ရွယ်၍ တည်ဆောက်ဖွင့်လှစ်ပေးခြင်းဖြစ် ကြောင်း၊         နိုင်ငံတော်စီမံအုပ်ချုပ် ရေး        ကောင်စီ၏လမ်းညွှန်မှု ဖြင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် တိုင်းဒေသကြီးအတွင်း ချောင်းကော၊ မြောင်းကော၊         ရေနုတ်မြောင်း တူးဖော်ခြင်း၊ ရေတံခါးတည်ဆောက် ခြင်းနှင့်    ပြုပြင်ခြင်း၊   တာတမံ ပြုပြင်ခြင်း၊  လျှပ်စစ်မြစ်ရေတင်လုပ်ငန်းစုစုပေါင်း    ၁၁၈     ခုကို တိုင်းဒေသကြီးအစိုးရအဖွဲ့ ရန်ပုံ ငွေဖြင့်     အကောင်အထည်ဖော် ဆောင်ရွက်ပေးခဲ့၍   စိုက်ပျိုးရေ ပိုမိုရရှိလာကာ ယခင်က  နွေစပါး ၁၈၆၁၃၉    ဧကခန့်     စိုက်ပျိုးနိုင် သော်လည်း ယခုနှစ်တွင်  ၂၀၆၈၇၃  ဧက  ပိုမိုတိုးချဲ့စိုက်ပျိုးနိုင်ခဲ့ပြီး  ၁၀၁၄၇၇၆    ဧကကို     မိုးစပါး  အောင်ရေ            ပေးဝေနိုင်ကြောင်း၊ ထို့ပြင် ဒေသတွင်းရေကြီးနစ်မြုပ်မှု နှင့်       ရေငန်ဝင်ရောက်မှုတို့မှ တားဆီးကာကွယ်ပေးနိုင်ခဲ့ကြောင်း၊ ရန်ကုန်မြစ်အတွင်းသို့ စီးဆင်းနေ သည့်   တာတိုက်ချောင်းပေါ်တွင် ရေထိန်းတံခါး  တည်ဆောက်ပေး ခြင်းဖြင့် ကော့မှူးမြို့နယ် တာတိုက် ကျေးရွာရှိ လယ်ယာမြေဧက ၁၈၀၀ အပါအဝင်     သမင်ခြံကျေးရွာ၊ ထန်းတပင်ကျေးရွာများရှိ လယ်ယာ မြေများ   နှစ်စဉ်ရေကြီးနစ်မြုပ်၍ ပျက်စီးဆုံးရှုံးမှုကို ကာကွယ်ပေး နိုင်၍ ရေငန်နှင့်နီးစပ်သော  ဒေသ ဖြစ်သည့်အတွက်    ရေချိုရှားပါး ခြင်းကြောင့်  ရေချိုသိုလှောင်ထားရှိနိုင်ပြီးဒေသအတွက် အဘက်ဘက် မှ    အကျိုးကျေးဇူးများ   ဖြစ်ထွန်း ရရှိစေနိုင်မည်ဖြစ်ကြောင်း    ပြော ကြားသည်။
ထို့နောက်            ရေတံခါးကို တာတိုက် ကျေးရွာအုပ်ချုပ်ရေးမှူး နှင့် ရပ်မိရပ်ဖများက  ဖဲကြိုးဖြတ် ဖွင့်လှစ်ပြီး        တိုင်းဒေသကြီး ဝန်ကြီးချုပ်၊        ဝန်ကြီးများနှင့် ဒေသခံပြည်သူများ    စုပေါင်း၍ မှတ်တမ်းဓါတ်ပုံရိုက်ကူးကြသည်။ ယင်းနောက်      တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ရေထိန်းတံခါးကို လှည့်လည်    ကြည့်ရှုစစ်ဆေးခဲ့ပြီး ဒေသခံပြည်သူများအား     ရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ခဲ့သည်။
ဆန်းကျော်ဦး (ပြန်/ဆက်)