နယ်စပ်စျေးကွက်ပွင့်လာ၍ မိုင်းယုဒေသထွက် ရွှေဖရုံသီးများ ယမန်နှစ်ထက် ငါးဆခန့် စျေးပိုမိုရရှိ

 

မိုင်းယု   မတ်  ၄


ရှမ်းပြည်နယ်(အရှေ့ပိုင်း)           မိုင်းယုမြို့၌ ရွှေဖရုံသီးများ လှိုင်လှိုင်ပေါ်ချိန် တစ်ကီလိုလျှင် ကျပ်   ၁၃၀၀  နှုန်းအထိ  ဈေးကောင်းရသဖြင့် ဖရုံစိုက်တောင်သူများအနေဖြင့်          အချိန်မီ ခူးဆွတ်တင်ပို့ရောင်းချနေကြကြောင်း    သိရ သည်။ 

 


ယခင်က   ကိုဗစ်-၁၉ ရောဂါ အပါအဝင် အခြေအနေအရပ်ရပ်ကြောင့် စိုက်ပျိုးသီးနှံများ တင်ပို့ရောင်းချရန် အခက်အခဲများနှင့် ကြုံတွေ့ ခဲ့ရပြီး        ဒေသတွင်းစားသုံးသူများထံသို့သာ အမြတ်စွန်းနည်းပါးစွာဖြင့်            ရောင်းချခဲ့ရ ကြောင်း၊ ယခုနှစ်တွင်  နယ်စပ်လမ်း၊ တံတား များ ပြန်လည်ဖွင့်လှစ်လာ၍ ပြည်ပဈေးကွက် သို့     အချိန်မီတိုက်ရိုက်     ရောင်းချနိုင်သဖြင့်  မိုင်းယုဒေသထွက် စိုက်ပျိုးသီးနှံ ရွှေဖရုံသီးများ ဈေးကောင်းရလျက်ရှိကြောင်း၊     ယခင်နှစ်က ရွှေဖရုံသီး တစ်ကီလိုပေါက်ဈေးမှာ ကျပ် ၂၀၀ ခန့်သာ       ရရှိခဲ့သော်လည်း    ယခုနှစ်လက်ရှိ ပေါက်ဈေးမှာ     ရွှေဖရုံသီး   တစ်ကီလိုလျှင် ကျပ် ၁၃၀၀ အထိ ငါးဆခန့်  ဈေးပိုမိုရရှိသဖြင့် တောင်သူတို့          အဆင်ပြေလျက်ရှိကြောင်း ဖရုံစိုက်တောင်သူတစ်ဦးက ပြောသည်။

 


မိုင်းယုမြို့နယ်၌ တောင်သူများမှာ မိမိတို့ ၏ တောင်ယာမြေများတွင်  ရော်ဘာ၊ ပြောင်း၊ ဖရုံ၊    ငရုတ်နှင့်    ပဲအမျိုးမျိုးတို့ကို     စီးပွားဖြစ် အားထားစိုက်ပျိုးလျက်ရှိကြပြီး    ထွက်ရှိလာ သည့် သီးနှံများကို အကျိုးအမြတ်များစွာရရှိ စေရန်အတွက်      မိုင်းယုဒေသရှိ     မိုင်းယု-ကျိန်းယဲန်း  တံတားမှတစ်ဆင့် အခြားဒေသ များ သို့      အများဆုံးတင်ပို့    ရောင်းချလျက်ရှိကြ ကြောင်း သိရသည်။                 

ကိုကိုနိုင်