ကိုဗစ် - ၁၉ ရောဂါ တစ်ကိုယ်ရေကာကွယ်ရေး စည်းမျဉ်းစည်းကမ်းများမှ ပါးစပ်နှင့်နှာခေါင်းစည်း တပ်ဆင်ခြင်းအား ဖြေလျှော့ခြင်းနှင့်ပတ်သက်၍ အသိပေးတိုက်တွန်းချက်အား ထုတ်ပြန်ကြေညာ

 

၁။    ကျန်းမာရေးဝန်ကြီးဌာနသည် ကိုဗစ်-၁၉ ရောဂါအား ကူးစက်မြန် ရောဂါအဖြစ် စတင်သတ်မှတ်သည့်အချိန်မှစ၍  ရောဂါကာကွယ်ရေး စည်းမျဉ်းစည်းကမ်းများကို  ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု အခြေအနေ အပေါ်မူတည်၍ ပြောင်းလဲဆောင်ရွက်လျက်ရှိပါသည်။ 
၂။    ယခုအခါ  တစ်နိုင်ငံလုံးအတိုင်းအတာဖြင့်  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးလွှမ်းခြုံမှု မြင့်မားလာခြင်းနှင့် ပြည်သူလူထုမှ ရောဂါ ကာကွယ်ရေးစည်းမျဉ်းစည်းကမ်းများအား     ပူးပေါင်းလိုက်နာ ဆောင်ရွက်ခြင်းတို့ကြောင့်   ကိုဗစ်-၁၉  ရောဂါ  ကူးစက်ဖြစ်ပွားမှုနှင့် သေဆုံးမှုများမှာ သိသိသာသာ ကျဆင်းလျက်ရှိပါသည်။ 
၃။    သို့ဖြစ်ပါ၍ ပြည်သူလူထုအနေဖြင့် နေ့စဉ်ပုံမှန်ဘဝ၌ လိုက်နာ ကျင့်သုံးဆောင်ရွက်နေရသော    ကိုဗစ်-၁၉  ရောဂါ တစ်ကိုယ်ရေ ကာကွယ်ရေးစည်းမျဉ်းစည်းကမ်းများအနက်     အောက်ဖော်ပြပါ အခြေအနေများတွင်  ပါးစပ်နှင့်နှာခေါင်းစည်းအား  တပ်ဆင်သင့်ပါ ကြောင်း အသိပေးတိုက်တွန်းအပ်ပါသည်-  
    (က)    လူထူထပ်သောနေရာ၊  အလုံပိတ်နေရာ၊ လေဝင်/လေထွက် မကောင်းသော  နေရာများတွင်ရှိနေချိန်  (လူတစ်ဦးနှင့် တစ်ဦး  (၃) ပေခြား၍နေထိုင်ရန်   မဖြစ်နိုင်သော အခြေ အနေ)၊
    ( ခ )    အများပြည်သူအသုံးပြုသော မော်တော်ယာဉ်၊ မီးရထား၊ သင်္ဘော၊ လေယာဉ်  စသည့်ယာဉ်များဖြင့် ခရီးသွားလာခြင်း၊ 
    ( ဂ )    ဆေးရုံ/ကျန်းမာရေးဌာနများနှင့် ဘိုးဘွားရိပ်သာများသို့ သွားရောက်ခြင်း၊
    (ဃ)    ကိုဗစ်- ၁၉ ရောဂါ  ကူးစက်ခံရပါက    ရောဂါပြင်းထန် နိုင်ခြေနှင့်  သေဆုံးနိုင်ခြေမြင့်မားသူများ၊ (အသက်အရွယ် ကြီးသူများ၊ သွေးတိုးရောဂါ၊ နှလုံးရောဂါ၊ ဆီးချို သွေးချို ရောဂါ၊    နာတာရှည်အဆုတ်ရောဂါ၊     ကင်ဆာရောဂါ၊ ဦးနှောက်သွေးကြောဆိုင်ရာရောဂါ၊   ပန်းနာရင်ကျပ် ရောဂါရှိသူများ၊   ကိုယ်ခံအားနည်းသူများ၊  အဝလွန်သူ များ၊ အကြောင်း အမျိုးမျိုးကြောင့်  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံထားခြင်း မရှိသူများ၊   အထွေထွေ ကျန်းမာရေးမကောင်းသူများ)
    ( င )    ကိုဗစ်-၁၉   ရောဂါနှင့်   အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါလက္ခဏာများဖြစ်သော  ဖျားခြင်း၊   နှာစေးခြင်း၊ နှာချေခြင်း၊ ချောင်းဆိုးခြင်း၊ လည်ပင်းနာခြင်း စသည့် လက္ခဏာများရှိသူ။
ကျန်းမာရေးဝန်ကြီးဌာန