
နေပြည်တော် မတ် ၄
ရခိုင်ပြည်နယ်အတွင်းရှိ ကမ်းရိုး တန်းဒေသ တစ်လျှောက်မှ ဒေသခံပြည်သူများအား ကျန်းမာ ရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးရန် ထွက်ခွာလာ သည့် တပ်မတော်နှင့် ကျန်းမာရေး ဝန်ကြီးဌာနတို့မှ အထူးကုဆေး အဖွဲ့များ လိုက်ပါလာသည့် တပ်မတော်ပင်လယ်သွားဆေးရုံ ရေယာဉ် (သံလွင်)သည် ယနေ့ တွင် သံတွဲမြို့နယ် ကျောက္ကလပ် ကျေးရွာအုပ်စု သဗြုချိုင်ကျေးရွာ ဆိပ်ကမ်းသို့ ရောက်ရှိရာ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် နှင့် ဌာနဆိုင်ရာမှ တာဝန်ရှိသူများ၊ ဒေသခံပြည်သူများက သောင်း သောင်းဖြဖြ ကြိုဆိုကြသည်။ အဆိုပါ နယ်လှည့်အထူးကုဆေး အဖွဲ့များသည် သံတွဲမြို့နယ် ကျောက္ကလပ်ကျေးရွာအုပ်စု သဗြု ချိုင်ကျေးရွာရှိ အေဒင်အအေးခန်း စက်ရုံ၌ အခြေပြု၍ အဆိုပါ ကျေးရွာနှင့် ပတ်ဝန်းကျင်ကျေးရွာ များမှ ဒေသခံပြည်သူ ၁၃၀၃ ဦး အား ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေး သည်။
ထိုသို့ ဆောင်ရွက်ပေးရာတွင် ယနေ့တွင် ဆေးကုသမှုဆိုင်ရာ ရောဂါ ၃၅၁ ဦး၊ ခွဲစိတ်ရောဂါ ၆၂ ဦး၊ သားဖွား/ မီးယပ်ရောဂါ ၄၅ ဦး၊ ကလေးရောဂါ ၆၆ ဦး၊ အရိုး ရောဂါ ၂၇၅ ဦး၊ နား/ နှာခေါင်း/ လည်ချောင်းရောဂါ ၁၅၄ ဦး၊ မျက်စိရောဂါ ၂၉၈ ဦးနှင့် သွားနှင့် ခံတွင်းရောဂါ ၅၂ ဦးတို့ကို လိုအပ် သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးသည်။ ထို့အပြင် ခွဲစိတ်ကုသရန် လိုအပ်သူ အထွေထွေခွဲစိတ်လူနာ ၁၄ ဦး၊ မျက်စိခွဲစိတ်လူနာ ၁၃ ဦး၊ ဓာတ်မှန်ရိုက်လူနာ ၁၃ ဦး၊ အာထရာဆောင်းဖြင့် စမ်းသပ် စစ်ဆေးလူနာ ၇၉ ဦး၊ ECG ဖြင့် နှလုံးစမ်းသပ်လူနာ ၄၄ ဦးနှင့် ဓာတ်ခွဲစမ်းသပ်လူနာ ၅၇ ဦးတို့ကို ရောဂါရှာဖွေစမ်းသပ် ကုသပေး ခြင်းများ ဆောင်ရွက်ပေးပြီး ဆေးရုံတက်ရောက် ကုသရန် လိုအပ်သူ ၁၇ ဦးတို့ကို နီးစပ်ရာ တပ်မတော် ဆေးရုံများနှင့် ပြည်သူ့ဆေးရုံများသို့ တက် ရောက်ကုသနိုင်ရေး စီစဉ်ဆောင် ရွက်ပေးသည်။
ယင်းသို့ဆောင်ရွက်ပေးနေမှု များကို အနောက်ပိုင်းတိုင်းစစ် ဌာနချုပ်မှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ညှိနှိုင်းဆောင် ရွက်ပေးသည်။ ကျန်းမာရေး ဆောင်ရွက်ပေးမှုအပေါ် ဒေသခံ ပြည်သူများ၏ စကားသံများကို ယခုလိုပဲကြားသိခဲ့ရပါသည်-
“ဒီဒေသမှာဆိုရင် မရှိသေးတာ၊ သံတွဲခရိုင်ပြည်သူ့ဆေးရုံကြီးမှာ မရှိသေးတာ နား၊ နှာခေါင်း၊ လည် ချောင်းအထူးကုတွေ မရှိဘူး။ အခြားပြသလိုတဲ့ မျက်စိအထူးကု ဆရာဝန်တွေလည်းမရှိဘူး။ အခု ဒီမှာ တော်တော်စုံစုံလင်လင်နဲ့ အထူးကုတွေ ပါတဲ့အတွက် ဒီဒေသမှာ အဲဒီလိုရောဂါဝေဒနာနဲ့ ဆက်စပ်ပြီးတော့ ပြသလို့ရတဲ့ အတွက် တော်တော်လေး အဆင်ပြေပါတယ်။ လူနာတွေနဲ့ ချိတ်ဆက်ပြီးတော့ ဒီမှာကုသဖို့ အတွက် အဆင်ပြေချောမွေ့အောင် ကျွန်တော်တို့က ကူညီပေးတာပါ။
ဆေးရုံသင်္ဘောကြီး ရောက်လာ တယ်။ ဒီလို အထူးကုသမားတော် ကြီးများပါတယ်ဆိုတဲ့ သတင်း စကားကို ပျံ့နှံ့အောင် ကျွန်တော် တို့ ဆောင်ရွက်ပေးတာကတော့ အဓိက အချက်ဖြစ်ပါတယ်။ ကုသ ရေးအပိုင်းမှာတော့ ဒီမှာလာပြီး တော့ ကုသဖို့အတွက် လိုအပ်တဲ့ နေရာတွေကို ကျွန်တော်တို့ ချိတ်ဆက်ပြီးတော့ ပို့ဆောင်ပေး တာတို့၊ ချိတ်ဆက်ပြီးတော့ ဆောင်ရွက်ပေးတာတို့ ဒါမျိုးတွေ ကျွန်တော်တို့ ကူညီပေးပါတယ်။ အဓိကကတော့ ကျွန်တော်တို့ မျှော်လင့်တာကတော့ ဒီလိုမျိုး ကုသရေးအဖွဲ့တွေ အနည်းဆုံး လာနိုင်ရင်တော့ တစ်နှစ်ကို တစ်ကြိမ်၊ နှစ်ကြိမ် လောက်တော့ လာစေချင်ပါတယ်။ ဒါကလည်း ကျွန်တော်တို့ ဒေသအတွက် လိုအပ်ချက်တစ်ခုအနေနဲ့ ဖြစ် နေတာပါ။ ကျွန်တော်တို့ သွားရေး လာရေးခက်ခဲတယ်။ ပြင်ပအခြား နေရာတွေ သွားကုသဖို့အတွက် စရိတ် စကအနေနဲ့ မတတ်နိုင်တဲ့ ချို့တဲ့ လူနာတွေအတွက် အင်မတန် အဆင်ပြေတဲ့ အစီ အစဉ်ကောင်း တစ်ခုပါ။ ဒေသ အတွက်လည်း အင်မတန် လိုအပ် ချက်ရှိတဲ့ ကိစ္စတစ်ခုကို ဆောင် ရွက်ပေးတဲ့အတွက် အားလုံးကို ကျေးဇူးတင်ပါတယ်။ တာဝန်ရှိသူ အားလုံးကို ကျေးဇူးတင်ပါတယ်”
“ရောဂါက သွေးတိုးလို့ လာရောက် ပြသတာပါ။ မိမိတို့ နေရပ်ဒေသမှာ ရောဂါမျိုးစုံကို လာရောက်ကုသပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။ ရွာက အုပ်ချုပ်ရေးမှူးကနေ သင်္ဘောနဲ့ လာရောက် ဆေးကုပေးမယ် ပြောကြားတဲ့အတွက် လာရောက် ကုသဖြစ်တာပါ။ ရွာကတောဘက် ကျပြီး အလှမ်းဝေးပါတယ်၊။ လာရောက်ကုသရတာ ခက်ခဲပါ တယ်။ အခုလို လာရောက် ကုသပေးတဲ့အတွက် ဝမ်းသာမိတဲ့ အပြင် ကျေးဇူးအများကြီးတင်မိ ပါတယ်”
“မျက်စိလာရောက် ပြသတာ ပါ။ အခုလာရောက် ကုသပေးတဲ့ အတွက် ဝမ်းသာပီတိဖြစ်မိပါ တယ်။ နေရတဲ့ နေရာဒေသက တောကျပြီး မြို့နဲ့အလှမ်းဝေး တဲ့အတွက် လာရောက်ကုသပေး တာကို အထူးပဲကျေးဇူးတင်ပါ တယ်။ ကုသပေးတဲ့ သူတွေ အားလုံးကိုလည်း ချောချော မောမောနဲ့ ကျန်းကျန်းမာမာနဲ့ ပြန်ရောက် စေချင်ပါတယ်။ အထူးပဲ ကျေးဇူးတင်ပါကြောင်း ပြောလိုပါတယ်”
သတင်းစဉ်