
မူဆယ် မတ် ၄
ရှမ်းပြည်နယ် (မြောက်ပိုင်း)မူဆယ်မြို့တွင် ယနေ့ မွန်းလွဲပိုင်း က ဟိုမွန်ရပ်ကွက် မြို့အဝင် မီးပွိုင့်လမ်းဆုံမှ သိန်းသန်းချီ အဝေးပြေးကားကွင်းသွားလမ်းလမ်းမကြီး တစ်လျှောက်တွင် မူဆယ်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် သံဃာတော်၊ သီလရှင်အပါး ၁၃၀၀ အား မူဆယ် မြို့နယ်လုံးကျွတ် ဒုတိယအကြိမ် ဆွမ်းဆန်စိမ်းလောင်းလှူပွဲ အခမ်း အနားကျင်းပသည်။
အဆိုပါ ဆွမ်းဆန်စိမ်း လောင်းလှူပွဲတွင် မူဆယ်မြို့ လွယ်တိန်ခမ်းတောင်အောက်ရှိ ဓမ္မဗလဝိဟာရကျောင်းတိုက်၌ မူဆယ်ခရိုင်အတွင်းရှိ မုံးကိုး၊ မန့်ဟီးရိုး၊ ပန်ဆိုင်း (ကြူကုတ်)မြို့များမှ ကြွရောက်လာသော ရပ်ဝေး သံဃာတော်များအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ဇော်မိုးနှင့် ခရိုင်အဆင့် ဌာနဆိုင်ရာများ၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇော် လင်းနှင့် မြို့နယ်အဆင့်ဌာန ဆိုင်ရာများ၊ စေတနာရှင်၊ အလှူရှင်များက နေ့ဆွမ်း ဆက်ကပ်လှူဒါန်းသည်။
ထို့ပြင် မူဆယ်မြို့ ဟိုမွန် ရပ်ကွက် မြို့အဝင်မီးပွိုင့်အနီး ကွင်းပြင်တွင် မူဆယ်မြို့နယ်၏ ဒုတိယအကြိမ် ဆွမ်းဆန်စိမ်း လောင်းလှူပွဲ ရေစက်သွန်းချ တရားနာပြုလုပ်ရာ အခမ်းအနား သို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ဇော်မိုးနှင့် တာဝန်ရှိသူများ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇော်လင်းနှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ခရိုင်/မြို့နယ် မိခင်နှင့်ကလေး၊ အမျိုးသမီးရေးရာ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ပြည်သူ့စစ် အဖွဲ့များ၊ စေတနာရှင်၊ အလှူရှင်များနှင့် ဒေသခံပြည်သူများ တက်ရောက် နာယူကြည်ညိုခဲ့ကြောင်း သိရ သည်။
ခရိုင်(ပြန်/ဆက်)