
နေပြည်တော် မတ် ၃
ရခိုင်ပြည်နယ်အတွင်းရှိ ကမ်းရိုး တန်းဒေသ တစ်လျှောက်မှ ဒေသခံပြည်သူများအား ကျန်းမာ ရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးရန် ရောက်ရှိနေ သော တပ်မတော်နှင့် ကျန်းမာရေး ဝန်ကြီးဌာနတို့မှ အထူးကုဆေး အဖွဲ့များမှ ပါရဂူများ၊ ဆေးမှူး များနှင့် သူနာပြုများပါဝင်သည့် တပ်မတော်ပင်လယ်သွား ဆေးရုံ ရေယာဉ် (သံလွင်)သည် ယနေ့ တွင် ဂွမြို့ရှိ ခွဲစိတ်ကုသပြီးသော ဒေသခံပြည်သူ မျက်စိခွဲစိတ်လူ နာ ၁၂ ဦးအား ဆေးရုံရေယာဉ်ပေါ် ၌ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးပြီး ခွဲစိတ်လူနာများအား အာဟာရ ဖြည့် စားသောက်ဖွယ်ရာများနှင့် မျက်စိ အထောက်အကူပြုပစ္စည်း များ ပေးအပ်သည်။
ထို့နောက် တပ်မတော် ပင်လယ်သွား ဆေးရုံရေယာဉ် (သံလွင်)မှ မျက်စိခွဲစိတ်လူနာများ အား ဂွမြို့သို့ တပ်မတော်ရေယာဉ် ဖြင့် ပြန်လည်ပို့ဆောင်ပေးသည်။ ၎င်းနောက် တပ်မတော်ပင်လယ် သွားဆေးရုံ ရေယာဉ်(သံလွင်) သည် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ရန် အတွက် ဂွမြို့မှ သဗြုချိုင် သို့ ဆက်လက်ထွက်ခွာကြ သည်။
ကျန်းမာရေး ဆောင်ရွက် ပေးမှုအပေါ် ဒေသခံပြည်သူများ ၏ စကားသံများကို ယခုလိုပဲ ကြားသိခဲ့ရပါတယ်-
ပင်လယ်ရေ ဆေးရုံအဖွဲ့ လာမယ်။ ဆေးကုမယ့်အဖွားအို သာသနာ့ဗိမာန်မှာ ပြလို့ရတယ် ဆိုတာ သူတို့က ပြောထားလို့ လာကြတာပေါ့။ နယ်ကနေပြီး တော့ ဆယ်မိုင်ခရီးပေါ့၊ ကျွန်မတို့ ဆီကနေဆိုတော့။ မျက်စိက တိမ်ပေါ်လို့လာတာ။ အခုခွဲပြီးတဲ့ အခါကျတော့လည်း မြင်သွား ပြီပေါ့။ မြင်သွားတော့ သင်္ဘော ပေါ်လာတာရော၊ ဟိုမှာ စမ်းသပ် စစ်ဆေးတာရော အရာအားလုံး ဒီကဆရာတွေ အားလုံးကို ကျေးဇူးတင်ပါတယ်။ မျက်စိ သမားတွေရဲ့ ကိုယ်စားပေါ့။ သင်္ဘောပေါ် ရောက်လာလည်း စားဝတ်နေရေး ဘာမှပူစရာ မလိုဘူး။ အကုန်အဆင်ပြေအောင် တွဲသင့်တဲ့သူတွဲ၊ ပိုးသင့်တဲ့သူပိုး ပေါ့နော် လုပ်ပေးတဲ့အတွက် အရာ အားလုံးကို ကျေးဇူးတင်ပါတယ် လို့။ အမေကြီးကတော့ နဂိုက မျက်စိတစ်လုံးပဲ မြင်ပြီးတော့ အခုနှစ်လုံး စလုံးမြင်ရတဲ့အတွက် အမေကြီး မျက်စိမြင်သလို အဲဒီ ပညာတတ်ကြီးတွေက ဒီထက် အဆင့်မြင့် တိုးတက်အောင်မြင်တဲ့ ပုဂ္ဂိုလ်ကြီးတွေ ဖြစ်စေချင်ပါ တယ်။ နောက်နောင်ကိုလည်း ဒီထက်အများကြီး ဒီလိုပြုစု စောင့်ရှောက် ပေးနိုင်ပါစေလို့ အမေကြီးကတော့ ပြောချင်ပါ တယ်။ နောက်ထပ်ဒီလိုပဲ လာစေ ချင်တယ်။ နောက်နှစ်နောက်နှစ် တွေလည်း လာနိုင်ပါစေလို့ အမေကြီးက ဆုတောင်းပါတယ်။ သွားလမ်းသာလို့ လာလမ်းဖြောင့် ပြီးတော့ လိုရာခရီးကိုရောက်ပြီး တော့ ဒီထက်တိုးတက်အောင် မြင်တဲ့ ပုဂ္ဂိုလ်ထူး၊ ပုဂ္ဂိုလ်မြတ် တွေဖြစ်ပါစေလို့ ဆန္ဒပြုပါတယ်။ အခုလိုပေါ့နော် လာတဲ့အဖွဲ့တွေ ကော၊ စီစဉ်ညွှန်ကြားပေးတဲ့ လူတွေကော၊ ပြုစုစောင့်ရှောက် ပေးတဲ့လူတွေကော အားလုံးကို ကျေးဇူးတင်ပါတယ်လို့။ ဒါရင်ထဲ က စကားပါ။
လူကြီးတွေက လာပြီးတော့ မျက်စိခွဲမလို့ လာဖို့တဲ့။ သင်္ဘော နဲ့ပေါ့။ တပ်မတော်က လာဖို့တဲ့။ စာရင်း လာကောက်သွားတယ်။ စာရင်း ကောက်သွားပြီးတော့ လာပြောတယ်။ လာပြောတဲ့အခါ ကျတော့ ဗုဒ္ဓဟူးနေ့ကို ဒီဗိမာန် ကြီးမှာ လာပြဆိုတော့ လာပြ တယ်။ လာလည်းပြရော အဲ့ဒီနေ့ ၃ နာရီမှ ပြရတယ်။ ပြတော့ အဲဒီနေ့က ခွဲဖို့အချိန်မမီတော့ မနေ့ကမှ တစ်ခါလာပြတာပေါ့။ အဲဒီနေ့က ကိုးနာရီမှာလာတယ်။ လာတဲ့အခါကျတော့ ပြတယ်။ ပြလည်းပြီးရော ခွဲဖို့ကိုတစ်နာရီ လာပြီးခွဲတော့ ကျေးဇူးလည်း တင်ပါတယ်။
သာသနာ့ ဗိမာန်ကနေ သင်္ဘောပေါ်ကိုကားနဲ့ ဟိုဘက် ကနေ ခေါ်လာတယ်။ ခေါ်လာ ပြီးတော့မှ ဇက်ပေါ်ရောက် တယ်။ အဲဒီဇက်ပေါ်ကနေမှ ဒီသင်္ဘောကြီးပေါ်ကို လာခဲ့ရတယ် အဲဒီလိုမျိုးပါ။ လိုလေသေးမရှိ အဆင်ပြေတယ်။ အားလုံးလို လေသေးမရှိ မနက်စာလည်း ကျွေးတယ်၊ ညစာလည်းကျွေးပေး တယ်ပေါ့နော်။ တာဝန်ကျေပါ တယ်။ ကျေးဇူးလည်းတင်တယ်။ နိုင်ငံတော်အကြီးအကဲနဲ့ ယခု လွှတ်လိုက်တဲ့ဆရာတွေ၊ အဖွဲ့ သားတွေ အကုန်လုံးကိုလည်း နောက်နှစ်ခါလည်း လာစေချင် တယ်။ လွှတ်ပေးစေချင်တယ်။ လာနိုင်အောင်လည်း ဆုတောင်း ပေးပါတယ်လို့။
သတင်းစဉ်