ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ရပ်ကွက်/ကျေးရွာ စာကြည့်တိုက်များအတွက် ဒုတိယအကြိမ် စာအုပ်စာစောင်များလှူဒါန်း

 

ရန်ကုန်   မတ်   ၃


ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ရပ်ကွက်/ ကျေးရွာ စာကြည့်တိုက် များအတွက် ဒုတိယအကြိမ်  စာအုပ်စာစောင်များလှူဒါန်းပွဲကို  မတ် ၁ ရက်က ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး မင်္ဂလာခန်းမ၌ ကျင်းပ သည်။

 


ဦးစွာ   တိုင်းဒေသကြီးဝန်ကြီးချုပ်   ဦးစိုးသိန်းက   အမှာစကား ပြောကြားပြီး တိုင်းဒေသကြီး စာကြည့်တိုက်များကြီးကြပ်ရေး ကော်မတီ ဒုတိယဥက္ကဋ္ဌ   ဦးဟိန်းလတ်က  တိုင်းဒေသကြီးစာကြည့်တိုက်များ ကြီးကြပ်ရေးကော်မတီ၏  လုပ်ငန်းဆောင်ရွက်ချက်များကို ရှင်းလင်း ပြောကြားသည်။

 


ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က ရန်ကုန်တိုင်းစစ်ဌာနချုပ် ရှိ စာကြည့်တိုက်များအတွက် ငွေကျပ်သိန်း ၂ဝ တန်ဖိုးရှိ စာအုပ်ပေါင်း ၄၄၉ အုပ်ကို ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်   ညွန့်ဝင်းဆွေ အားလည်းကောင်း၊ အကျဉ်းဦးစီးဌာနရှိ စာကြည့်တိုက်အတွက် ငွေကျပ် ၁၁၈၅၂၀၀ တန်ဖိုးရှိ စာအုပ်ပေါင်း ၅၂၂ အုပ်ကို တာဝန်ရှိသူတစ်ဦးအား လည်းကောင်း၊ တိုင်းမှူး၊တိုင်းဒေသကြီးဝန်ကြီးများနှင့် တိုင်းဒေသကြီး စာကြည့်တိုက်များကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ  ဦးဌေးအောင်၊ ဒုတိယ ဥက္ကဋ္ဌနှင့်    အဖွဲ့ဝင်များက   တိုင်းဒေသကြီးအတွင်းရှိ   ခရိုင် ၁၄ ခရိုင်မှ စာကြည့်တိုက် ၁၂ဝ  အတွက် ငွေကျပ်သိန်း ၅၅ဝ တန်ဖိုးရှိ စာအုပ်ပေါင်း ၁၄၀၄၀ ကို သက်ဆိုင်ရာ  ရပ်ကွက်၊ ကျေးရွာစာကြည့်တိုက်တာဝန်ခံ များထံ ပေးအပ်ကြသည်။

 


ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနက ပေးအပ်သော ၂၀၂၂ ခုနှစ်အတွင်း လုပ်ငန်း စွမ်းဆောင်ရည် ထူးချွှန်ဆုရရှိသည့် ရန်ကုန်တိုင်းဒေသကြီး ပြန်ကြား ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန  (ကိုယ်စား)   ညွှန်ကြားရေးမှူး     ဦးဆန်းဝင်းအား ထပ်ဆင့်ဂုဏ်ပြုချီးမြှင့်သည်။                

အာကာစိုး