ကျောက်ဖြူမြို့နယ်၌ နွေရာသီကရာတေးဒို သင်တန်းဖွင့်

 

ကျောက်ဖြူ   မတ်   ၃            


ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်ရှိ  ကျောင်းသား ကျောင်းသူများနှင့်   ဒေသခံလူငယ်များအနေဖြင့်  နွေရာသီကျောင်းပိတ်ရက်များတွင် အချိန်ကို   အကျိုးရှိစွာ အသုံးပြုတတ်စေရန်၊  ထူးချွန်ထက်မြက်ပြီး         နိုင်ငံ့ဂုဏ်ဆောင်ကစားသမားကောင်းများ ဖြစ်လာစေရန် ရည်ရွယ်၍ နွေရာသီကရာတေးဒို  အားကစားသင်တန်းကို   မတ်   ၁   ရက်မှစ၍     မြို့နယ် အားကစားနှင့်   ကာယပညာဦးစီးဌာန   မြို့မအားကစားကွင်းရှိ မိုးလုံလေလုံခန်းမ၌ ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။

 


 သင်တန်းဖွင့်လှစ်နေမှုနှင့်ပတ်သက်၍      မြို့နယ်အားကစားနှင့်  ကာယပညာဦးစီးဌာနမှူးဦးကိုကိုမောင်က  “ကျွန်တော်တို့ အခုလိုနွေရာသီ ကရာတေးဒိုအားကစားသင်တန်းကို  ဖွင့်လှစ်ပြသပေးခြင်းဖြင့် မြို့နယ်  အတွင်းမှာ ထူးချွန်ထက်မြက်တဲ့   အားကစားသမားတွေဖြစ်လာမယ်၊ မြို့နယ်ကတစ်ဆင့် ခရိုင်၊ ခရိုင်ကတစ်ဆင့် ပြည်နယ်၊ ပြီးတော့ နိုင်ငံ ကိုယ်စားပြုတဲ့ နိုင်ငံ့ဂုဏ်ဆောင်  အားကစားသမားတွေ   ဖြစ်လာကြ မယ် စတဲ့ရည်ရွယ်ချက်တွေနဲ့ ဖွင့်လှစ်ခြင်းဖြစ်ပါတယ်” ဟု ပြောသည်။  

 


အဆိုပါ နွေရာသီ ကရာတေးဒို အားကစားသင်တန်းကို  မတ် ၂၃ ရက်အထိ  အခမဲ့ဖွင့်လှစ်ပို့ချသွားမည်ဖြစ်ပြီး   မြန်မာ့သိုင်း၊    ဘောလုံး၊ မြန်မာ့ရိုးရာခြင်း၊ ပိုက်ကျော်ခြင်း၊ ကြက်တောင်၊ ပြေးခုန်ပစ် စသည့် အားကစားနည်းသင်တန်းများကို  မတ်    ၃  ရက်မှ ၂၃ ရက်အထိ အခမဲ့  ဖွင့်လှစ်သင်ကြားလျက်ရှိကြောင်း သိရသည်။

တင်ထွန်းဦး(ပြန်/ဆက်)