
နေပြည်တော် မတ် ၃
မြန်မာနိုင်ငံရှိ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ (MSMEs) ဖွံ့ဖြိုး တိုးတက်စေရန်အတွက် နိုင်ငံတော်အနေဖြင့် လိုအပ်သောငွေကြေးထောက်ပံ့မှုများကို ကူညီ ပံ့ပိုးပေးနိုင်ရန် SME နှစ်ဆင့် ချေးငွေစီမံကိန်း အဆင့်-၁ နှင့် စီမံကိန်းအဆင့်-၂ တို့ကို ၂၀၁၆ ခုနှစ်မှစ၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ အဆိုပါ SME နှစ်ဆင့်ချေးငွေစီမံကိန်း၏ လုပ်ငန်းကော်မတီ အစည်းအဝေး အမှတ်စဉ် (၁/၂၀၂၃) ကို ယနေ့ တွင် နေပြည်တော်ရှိ စီမံကိန်း နှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး၌ ကျင်းပ သည်။
အစည်းအဝေးတွင် လုပ်ငန်း ကော်မတီဥက္ကဋ္ဌ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးမောင်မောင်ဝင်းက MSME များသို့ အတိုးနှုန်းသက်သာ သည့် ချေးငွေများ ပံ့ပိုးနိုင်ရန် SME လုပ်ငန်းရှင် တစ်ဦးလျှင် ချေးငွေကျပ် သန်း ၅၀၀ အထိ အရစ်ကျ ပြန်ဆပ်စနစ်ဖြင့် ထုတ်ချေးခဲ့ပြီး ဆက်လက်၍ လည်း ချေးငွေရယူလိုသည့် SME များသို့ ချေးငွေအသစ်များကို စဉ်ဆက်မပြတ် ထုတ်ချေးပေး လျက်ရှိပါကြောင်း၊ စီမံကိန်း အဆင့်-၁ ကို ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလမှ စတင်၍ ငွေကျပ် ၅၇ ဒသမ ၆၃၄ ဘီလီယံဖြင့် မတည်ဆောင်ရွက်ခဲ့ပြီး SME လုပ်ငန်းရှင် ၂၆၉ ဦးသို့ ငွေကျပ် ၅၇ ဒသမ ၆၃၄ ဘီလီယံ ထုတ်ချေး ခဲ့ပြီးဖြစ်ပါကြောင်း၊ SME လုပ်ငန်း ရှင်များက ပြန်လည်ပေးဆပ်သည့် ငွေများကို လှည့်လည်ရန်ပုံငွေ စာရင်းသို့ ထည့်သွင်းပြီး အဆိုပါ ရန်ပုံငွေမှ SME လုပ်ငန်းရှင်၂၈၃ဦး သို့ ငွေကျပ် ၆၆ ဒသမ ၉၄၄ ဘီလီယံ ထပ်မံထုတ်ချေးနိုင်ခဲ့ပါ ကြောင်း၊ သို့ပါ၍ စီမံကိန်း အဆင့်-၁ တွင် ယခုဖေဖော်ဝါရီ ၂၈ ရက် အထိ SME လုပ်ငန်းရှင် ၅၅၂ ဦးသို့ ငွေကျပ် ၁၂၄ ဒသမ ၅၇၈ ဘီလီယံ ထုတ်ချေးခဲ့သည်ကို တွေ့ရှိရ ကြောင်း။
စီမံကိန်းအဆင့်-၂ ကို ၂၀၁၈ ခုနှစ် စက်တင်ဘာလမှ စတင်၍ ငွေကျပ် ၁၉၄ ဒသမ ၉၆၅ ဘီလီယံ ဖြင့် မတည်ဆောင်ရွက်ခဲ့ပါ ကြောင်း၊ အဆိုပါ မတည်ရန်ပုံငွေမှ SME လုပ်ငန်းရှင် ၁၃၀၆ ဦးသို့ ငွေကျပ် ၁၉၄ ဒသမ ၈၆၅ ဘီလီယံ ထုတ်ချေးနိုင်ခဲ့ပါကြောင်း၊ SME လုပ်ငန်းရှင်များက ပြန်လည် ပေးဆပ်ငွေများကို လှည့်လည် ရန်ပုံငွေစာရင်းသို့ ထည့်သွင်းပြီး အဆိုပါ ရန်ပုံငွေမှ SME လုပ်ငန်း ရှင် ၂၅၄ ဦးသို့ ငွေကျပ် ၆၆ ဒသမ ၃၈၆ ဘီလီယံ ထပ်မံထုတ်ချေးနိုင် ခဲ့သဖြင့် စီမံကိန်းအဆင့်-၂ တွင် ယခုဖေဖော်ဝါရီ ၂၈ ရက် အထိ SME လုပ်ငန်းရှင် ၁၅၆၀ သို့ ငွေကျပ် ၂၆၁ ဒသမ ၂၅၁ ဘီလီယံ ထုတ်ချေးခဲ့ပြီးဖြစ်ပါကြောင်း။
ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ထိခိုက်ခဲ့သည့် SME လုပ်ငန်းရှင် များအတွက် အရေးပေါ်ချေးငွေ (Emergency Loan) အဖြစ် SME လုပ်ငန်းရှင် ၅၇၄ ဦးသို့ ငွေကျပ် ၇၁ ဒသမ ၇၃၁ ဘီလီယံ ထုတ်ချေး နိုင်ခဲ့ပါကြောင်း။
စီမံကိန်းအဆင့်-၁ နှင့် စီမံ ကိန်းအဆင့်-၂ တို့၏ လှည့်လည် ရန်ပုံငွေစာရင်းတွင် ကျန်ရှိနေ သည့် ရန်ပုံငွေများအား စီမံကိန်း တွင် ပါဝင်သည့် ဘဏ်များမှ တစ်ဆင့် နိုင်ငံတော်မှ ချမှတ်ထား သည့် စီးပွားရေးမူဝါဒများ၊ SME ချေးငွေစံသတ်မှတ်ချက်များနှင့် ကိုက်ညီသည့် လုပ်ငန်းများကို ထုတ်ချေးနိုင်ရန် ဆက်လက် ဆောင်ရွက် စေလိုကြောင်း ပြောကြားသည်။
ဆက်လက်၍ မြန်မာ့စီးပွား ရေးဘဏ်၊ ဦးဆောင်ညွှန်ကြားရေး မှူး ဦးဝင်းနိုင်ဦးနှင့် တာဝန်ရှိသူ များက နှစ်ဆင့်ချေးငွေထုတ်ချေးထားမှုနှင့် ဆက်လက်ထုတ်ချေး မည့် အစီအစဉ်များကို တင်ပြ ဆွေးနွေးခဲ့ရာ တက်ရောက်ကြ သည့် လုပ်ငန်းကော်မတီဝင် များက ဝိုင်းဝန်းအကြံပြု သုံးသပ် ဆွေးနွေးကြသည်။
အစည်းအဝေးသို့ စက်မှု ဝန်ကြီးဌာန၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီး ဌာန၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ မြန်မာ့စီးပွားရေးဘဏ်၊ ငွေတိုက် ဦးစီးဌာန၊ မြန်မာ့အာမခံလုပ်ငန်း၊ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်၊ မြန်မာနိုင်ငံဘဏ်များအသင်းတို့မှ လုပ်ငန်း ကော်မတီအဖွဲ့ဝင်များ စုံညီစွာ တက်ရောက်ကြကြောင်း သိရသည်။
သတင်းစဉ်