
မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ဆောက်ပူဇော်နေမှုများအား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏
၂၀၂၃ ခုနှစ် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားသို့ ကြွရောက်တော်မူကြသည့်
ဘွဲ့ခံဆရာတော်ကြီးများ၊ သီလရှင်ဆရာကြီးများနှင့် ဘွဲ့ခံလူပုဂ္ဂိုလ်များ လေ့လာဖူးမြော်ကြည်ညို
နေပြည်တော် မတ် ၃
ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏသီရိမြို့နယ် ဗုဒ္ဓ ဥယျာဉ်တော်အတွင်း တည်ဆောက်ပူဇော်လျက်ရှိသည့် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ၂၀၂၃ ခုနှစ် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ် လှူဒါန်း ချီးမြှင့်အပ်နှင်းပွဲ အခမ်းအနားသို့ ကြွရောက်တော်မူလာကြ သည့် ဘွဲ့ခံဆရာတော်ကြီးများ၊ သီလရှင်ဆရာကြီးများနှင့် ဘွဲ့ခံလူပုဂ္ဂိုလ် များက ယနေ့ညနေပိုင်းတွင် သွားရောက်လေ့လာ ဖူးမြော်ကြည်ညိုကြ သည်။
ဦးစွာ ဘွဲ့ခံဆရာတော်ကြီးများ၊ သီလရှင်ဆရာကြီးများနှင့် ဘွဲ့ခံ လူပုဂ္ဂိုလ်များအား ရှင်းလင်းဆောင်၌ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး ကံမြင့်သန်းက မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ် ကြီးအား တည်ထားကိုးကွယ်ရသည့် ရည်ရွယ်ချက်၊ တည်ထားကိုးကွယ် ရန် စကျင်ကျောက်တော်ကြီးအား အဆင့်ဆင့် တူးဖော်ခြင်းနှင့် ကျောက် တုံးတော်များအား ရေလမ်းကြောင်း၊ ကုန်းလမ်းကြောင်းများဖြင့် ပင့်ဆောင်ခဲ့ရမှု၊ ရုပ်ပွားတော်မြတ်ကြီး၏ ဆင်းတုတော်အပိုင်း (၁/၂/၃/၄)တို့အား ထုဆစ်ခြင်း၊ ပလ္လင်တော်ထက်သို့ ပင့်ဆောင်နိုင်ရန် သံမဏိမျှော်စင် ဝန်ချီစက် တည်ဆောက်ခြင်း၊ ရုပ်ပွားတော်မြတ်ကြီးအား ပင့်ထောင်ခြင်းနှင့်၊ ပင့်ဆောင်နေရာချထားခြင်း လုပ်ငန်းအဆင့်ဆင့် ဆောင်ရွက်နေမှုအခြေအနေများကိုလည်းကောင်း၊ ဒုတိယဗိုလ်ချုပ်ကြီး ကျော်စွာလင်းက မာရဝိဇယ ဗုဒ္ဓဥယျာဉ်တော်ကြီးနှင့် သာသနိက အဆောက်အဦ စိမ်းလန်းစိုပြည်သာယာလှပစေရေးအတွက် သစ်ပင်၊ ပန်းမန်များ စိုက်ပျိုးဆောင်ရွက်နေမှု၊ သာသနိက အဆောက်အဦများ ဆောက်လုပ်နေမှုနှင့် အဆင့်ဆင့် တိုးတက်လာမှု အခြေအနေများကို လည်းကောင်း အသီးသီးရှင်းလင်းလျှောက်ထားသည်။
ထို့နောက် ကြွရောက်လာကြသော ဘွဲ့ခံဆရာတော်ကြီးများနှင့် သီလရှင် ဆရာကြီးများ၊ ဘွဲ့ခံလူပုဂ္ဂိုလ်များသည် မာရဝိဇယဗုဒ္ဓရုပ်ပွား တော်မြတ်ကြီးနှင့် ပလ္လင်တော်တည်ဆောက်ပြီးစီးမှု၊ ဗုဒ္ဓဥယျာဉ်တော် ကြီးအတွင်းရှိ သာသနိကအဆောက်အဦများ တည်ဆောက်ပြီးစီးမှုနှင့် ဆက်လက်တည်ဆောက်နေမှု အခြေအနေများကို လှည့်လည်ကြည့်ရှု ခဲ့ကြသည်။
ယင်းနောက် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ဆောက် ပူဇော်ခြင်း လုပ်ငန်းများအတွက် အလှူငွေကျပ် သိန်း ၁၀၀၀ ကို လောက်ကိုင်မြို့ ပယ်စိမ်းကုမ္ပဏီလီမိတက် ဥက္ကဋ္ဌ ဦးဘေရင်နယ်(ခ) ဦးခင်မောင်လွင်က ပေးအပ်လှူဒါန်းရာ မာရဝိဇယဗုဒ္ဓရုပ်ပွားတော် မြတ်ကြီးဘဏ္ဍာငွေ ရှာဖွေထိန်းသိမ်းရေးလုပ်ငန်းကော်မတီအဖွဲ့ဝင် ဦးစိုးလွင်ကျော်က လက်ခံရယူခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည် ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်