လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်စေရေးဆိုင်ရာ သောကြာနေ့ စကားဝိုင်း (Friday Talk ) အမှတ်စဉ် (၅) ကျင်းပ

 

နေပြည်တော်   မတ်   ၃


ရင်းနှီးမြှုပ်နှံမှုနှင့်     နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန  ဝန်ထမ်းများ၏  လူ့စွမ်းအား အရင်း အမြစ် ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဝန်ထမ်းစွမ်းဆောင် ရည်မြှင့်တင်ရန် ရည်ရွယ်သည့် Knowledge Sharing Programme  (KSP)  သောကြာနေ့စကားဝိုင်း (Friday Talk) ၏  အမှတ်စဉ် (၅)  ဆွေးနွေးပွဲကို ယနေ့မွန်းလွဲပိုင်းတွင်  ရင်းနှီးမြှုပ်နှံမှုနှင့်  နိုင်ငံခြား စီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန၌ ကျင်းပသည်။ 

 


ဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ကံဇော်က ဝန်ထမ်းများ၏  ဗဟုသုတကျွမ်းကျင်စေရုံ သာမက အသိပညာ၊ အတတ်ပညာများ တိုးပွားလာ စေရေးနှင့်   စွမ်းဆောင်ရည်တိုးတက်လာစေရေး အတွက်   အပတ်စဉ်သောကြာနေ့တိုင်းစကားဝိုင်း (Friday Talk) ကို ပြုလုပ်ခြင်းဖြစ်ပါကြောင်း၊ မိမိတို့ ဝန်ကြီးဌာနသည် အုပ်ချုပ်ရေးကိုသာမက ပညာရပ် ဆိုင်ရာများကိုပါ    တာဝန်ယူဆောင်ရွက်လျက်ရှိပါ ကြောင်း၊  ဝန်ထမ်းများအနေဖြင့်လည်း မိမိတို့ ရာထူး အဆင့်ဆင့်အလိုက်  ဆက်လက်လုပ်ဆောင်ရမည့် တာဝန်များနှင့် ဂရုပြုသိရှိထားရမည့် ကိစ္စရပ်များကို သဘောပေါက်ရန်  လိုအပ်ပါကြောင်း၊  အမှုထမ်း၊ အရာထမ်းများအနေဖြင့် ဝန်ကြီးရုံး အပါအဝင် ဦးစီး ဌာနများ၏ လုပ်ငန်းများကို ဆက်စပ်သိရှိထားခြင်းဖြင့် လုပ်ငန်းတာဝန်များကို ဆောင်ရွက်ရာတွင် အားစိုက် မှု၊ ခံယူမှုတို့ ပိုမိုတိုးတက်လာမည်ဖြစ်ကြောင်းနှင့် ဘာသာရပ်ဆိုင် ရာများကို  သိရှိနားလည်ကျွမ်းကျင်ပြီး နိုင်ငံတကာ    အစည်းအဝေးများတွင်    ထိထိ ရောက်ရောက် ဆွေးနွေးနိုင်သူများ ဖြစ်လာမည်ဖြစ် ကြောင်း၊ နိုင်ငံတကာအစည်းအဝေးနှင့် ပြည်ပနိုင်ငံ များသို့  ပညာသင်များသွားရောက်ရာတွင် အမြဲတမ်း ကိုယ့်နိုင်ငံဆိုသည့်စိတ်ဓာတ်ဖြင့် နိုင်ငံကို ကိုယ်စား ပြုသွားရောက်ရခြင်းဖြစ်သည်ကို  သိရှိနားလည်ရ မည်ဖြစ်ကြောင်းလည်း ပြောကြားသည်။ 

 


ဆွေးနွေးပွဲတွင်  ရင်းနှီးမြှုပ်နှံမှုနှင့်  ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနညွှန်ကြားရေးမှူးက မြန်မာနိုင်ငံ ကုမ္ပဏီများ ဥပဒေ (၂၀၁၇ ) နှင့် MyCo : Myanmar Company Online ၏ လေးနှစ်တာကာလအတွင်း တုံ့ပြန်မှုများနှင့်စပ်လျဉ်း၍ “ Reflection on 4 years of the Myanmar Companies  Law  &  MyCo: Myanmar Company Online” ဟူသော ခေါင်းစဉ်ဖြင့် ရှင်းလင်းဆွေးနွေးပြောကြားကြသည်။

 


ထို့နောက်         တက်ရောက်လာကြသူများက ပြန်လည်မေးမြန်းဆွေးနွေးကြသည်။  အခမ်းအနား သို့ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနမှ  အဆင့်မြင့်အရာရှိများ၊  အရာထမ်း / အမှုထမ်းများ Online အပါအဝင် စုစုပေါင်းဝန်ထမ်း အင်အား ၁၀၀ ကျော် တက်ရောက်ကြကြောင်း သိရ သည်။                                                

သတင်းစဉ်