
မြစ်ကြီးနား မတ် ၃
လာချိဒ်စာပေနှင့် ယဉ်ကျေးမှုဗဟိုကော်မတီက ကြီးမှူးကျင်းပ ပြုလုပ် သည့် နိုင်ငံတစ်ဝန်းနှင့် ပြည်နယ်အတွင်းရှိ လာချိဒ်တစ်မျိုးသားလုံး၏ ရိုးရာအမွေ အနှစ်ဖြစ်သည့် မုခ်ဦး၊ ရိုးရာအိမ်တော်၊ မနောကွင်းဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီက ဝိုင်းမော်မြို့နယ် မဒိန်ကျေးရွာ အုပ်စု ခါ့ကွမ်ကျေးရွာအတွင်းရှိ လာချိဒ်ရိုးရာယဉ်ကျေးမှုကွင်း၌ ကျင်းပ သည်။
အခမ်းအနားသို့ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ဒေါ်ဒွဲဘူ၊ တိုင်းရင်းသားလူမျိုး များရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့်ဇနီး ဒေါ်နန် ဆိုင်း၊ မြောက်ပိုင်းတိုင်းစစ်ဌာန ချုပ်တိုင်းမှူး ဗိုလ်ချုပ်ကိုကိုမောင်၊ ပြည်နယ်တရားလွှတ်တော် တရား သူကြီးချုပ် ဦးတူးဂျာ၊တပ်မတော် အရာရှိကြီးများ၊ ပြည်နယ်ဝန်ကြီး များတက်ရောက်ကြရာ လာချိဒ် စာပေနှင့် ယဉ်ကျေးမှု ဗဟို ကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူ များ၊ လာချိဒ်တိုင်းရင်းသားများက (ရှီးခွမ်မှီ) ကြိုဆိုသီချင်းဖြင့် စည်ကားသိုက်မြိုက်စွာ ကြိုဆို နှုတ်ဆက်ကြသည်။
ထို့နောက် အခမ်းအနားကို သိက္ခာတော်ရဆရာ မဒိန်ဇုန်း ကျန်းက ဆုတောင်းဆက်ကပ်ပေး ပြီး လာချိဒ်စာပေနှင့်ယဉ်ကျေးမှု ဗဟိုကော်မတီဥက္ကဋ္ဌ ဦးလဘောင် ဇုန်းဘောမ်က ကြိုဆိုနှုတ်ခွန်း ဆက်စကား ပြောကြားသည်။ ယင်းနောက် မနောကွင်းအတွင်း ပင်မ မနောတိုင် အလှူရှင် ဇောင်မှူးမန်ရှန်ဒိန့် ယိန်း၏ ဇနီး ဆရာမ ဂလောင်ဇရှီခေါဝင်းက မနောကွင်း တည်ဆောက်ရခြင်း နှင့် ပွဲတော်ကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်း တင်ပြသည်။
ဆက်လက်၍ ပြည်ထောင်စု ဝန်ကြီး Jeng Phang နော်တောင် က မိမိတို့ ဘာသာစကား၊ စာပေ၊ ယဉ်ကျေးမှုအမွေအနှစ် ရိုးရာ ယဉ်ကျေးမှု ဓလေ့ထုံးတမ်းအစဉ် အလာများကို ယခုထက်မက ပိုမို တိုးမြှင့်ဆောင်ရွက်နိုင်ပြီး ပြည်ထောင်စုကြီးနှင့် ကချင် ပြည်နယ်၏ တည်ငြိမ်အေးချမ်း သာယာ ဖွံ့ဖြိုးရေးကို အစဉ်ထာဝရ ရှေးရှု ဆောင်ရွက်ကြရန် တိုက်တွန်းလိုပါကြောင်း ဂုဏ်ပြု စကား ပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီး ချုပ် ဦးခက်ထိန်နန်က တိုင်းရင်း သားအချင်းချင်း မိမိတို့၏ စာပေ၊ ဘာသာစကား၊ ယဉ်ကျေးမှုနှင့် မိမိတို့ဒေသ၊ မိမိတို့၏ ပြည်ထောင်စု၊ မိမိတို့ တိုင်းပြည် ဖွံ့ဖြိုးတိုးတက်အောင် ကျရာ အခန်းကဏ္ဍမှ လက်တွဲ၍ ပူးပေါင်း ဆောင်ရွက်သွားကြရမည် ဖြစ် ကြောင်း တိုက်တွန်းပြောကြား သည်။
ယင်းနောက် ပြည်နယ်ဝန်ကြီး ချုပ်က လာချိဒ်စာပေနှင့်ယဉ်ကျေး မှုဗဟိုကော်မတီဥက္ကဋ္ဌထံ ချီးမြှင့် ထောက်ပံ့ငွေကျပ် သိန်း ၂၀၀ ကို လည်းကောင်း၊ ပြည်နယ်တရား လွတ်တော် တရားသူကြီးချုပ်က ငွေကျပ် ၅ သိန်းကိုလည်းကောင်း ချီးမြှင့်ပေးအပ်ကြသည်။
ဆက်လက်၍ ရိုးရာအိမ်တော် ရှေ့၌ အမှတ်တရစုပေါင်းဓာတ်ပုံရိုက်ကြပြီး မနောကွင်းဖွင့်လှစ်ရန် သိက္ခာတော်ရ ဆရာ မဒိန်းဇုန်း ကျန်းက ဆုတောင်းဆက်ကပ် ကောင်းချီးပေးကာ မနောကွင်းကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ဒေါ်ဒွဲဘူ၊ ပြည်ထောင်စု ဝန်ကြီး Jeng Phang နော်တောင်၊ ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူး၊ ဦးဇခုန်တိန့်ယိန်း၊ ဗဟိုကော်မတီ ဥက္ကဋ္ဌ၊ ပင်မ မနောတိုင်အလှူရှင် ဒူဝါမန်ရှန်ဒိန့်ယိန်း၏ ဇနီးဒေါ်ဇရှီ ခေါဝင်းတို့က ဖဲကြိုးဖြတ်ဖွင့်လှစ် ပေးကြပြီး(အပေါ်ပုံ) လာချိဒ် လူငယ်မောင်မယ်များက မနော အဖွင့်သီချင်းဖြင့် ကပြသီဆို ဖျော်ဖြေမှုကို ကြည့်ရှုအားပေးကြ သည်။
ထို့နောက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ဒေါ်ဒွဲဘူ၊ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက ကောင်းချီး မင်္ဂလာခံယူသော ကျုံးဇွမ်မနော အက (အဖွင့်မနောအက) ကို ဦးဆောင်သူများနှင့်အတူ ရိုးရာနှင့် အညီ မနောကွင်းအတွင်း လာချိဒ် တိုင်းရင်းသားများ၊ ပြည်နယ် အတွင်းရှိ ဌာနေတိုင်းရင်းသား အားလုံးနှင့် အတူတကွ တပျော် တပါး ပါဝင်ဆင်နွှဲကြသည်။
လာချိဒ်တိုင်းရင်းသားမျိုးနွယ် များသည် ရှေးယခင်ကတည်း ကပင် မိသားစုကျန်းမာရေး ကောင်းမွန်စေရန်၊ စားဝတ်နေရေး၊ လူမှုရေး၊ စီးပွားရေးလုပ်ငန်းများကောင်းမွန်စေရန် ရည်ရွယ်၍ မနောပွဲတော်ကို ကျင်းပလာကြ သည့် အစဉ်အလာကောင်းများ ရှိကြပြီး အောင်မြင်မှုများ ရရှိလာ သောအခါတွင် လည်းကောင်း၊ မိတ်ဆွေ၊ ဆွေမျိုး၊ အိမ်သူ အိမ်သားများနှင့် မျိုးနွယ်စုများ ပြန်လည်ဆုံတွေ့သောအခါများနှင့် နေ့ထူးနေ့မြတ် အထိမ်းအမှတ်နေ့ များတွင် လည်းကောင်း၊ မင်္ဂလာရက်ကောင်းရက်မြတ်ရွေးချယ်ပြီး မိသားစုအလိုက် မိမိတို့၏ ဒေသ နှင့် အိမ်ဝင်းအတွင်း မနောတိုင် များကို စနစ်တကျ ဆောက်လုပ် ကာ ရိုးရာအစဉ်အလာအရ မနော အကကို ခေါင်းဆောင်သူ၏ နောက်မှ အတူတကွမနောအက ကခြင်းရိုးရာဓလေ့ကို လာချိဒ် ရိုးရာယဉ်ကျေးမှု အမွေအနှစ် အဖြစ် ထိန်းသိမ်းစောင့်ရှောက် လာခဲ့ကြသည်။
ယင်းနောက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်၊ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့ဝင် များသည် ရိုးရာမနောကွင်းနှင့် လာချိဒ် တိုင်းရင်းသားတို့၏ သမိုင်းမှတ်တမ်းများနှင့် ရိုးရာ အသုံးအဆောင် ပြခန်းအတွင်း ပြသထားသည့် လာချိဒ်တိုင်းရင်း သားတို့ ဆင်းသက်လာမှု၊ ဘဝ နေထိုင်မှုဓလေ့ထုံးစံ၊ လာချိဒ် စာပေ၊ ရိုးရာအဝတ်အထည် ရက်လုပ်မှုနှင့် ဝတ်စားဆင်ယင် မှုများ၊ အသုံးအဆောင်ပစ္စည်းများ၊ လာချိဒ်တိုင်းရင်းသားဦးဆောင်သူ ဘိုးဘွားများ၏ မှတ်တမ်းများ ကို လှည့်လည်ကြည့်ရှုကြ သည်။
လာချိဒ် တစ်မျိုးသားလုံး၏ ရိုးရာမနောပွဲတော်ကို မတ် ၂ ရက် မှ စတင်ကျင်းပပြီး ညပိုင်းတွင် လာချိဒ်တိုင်းရင်းသား အဆိုတော် များ၏ တေးသီချင်းသီဆိုမှုများ၊ လနတ်သမီး အလှပြိုင်ပွဲများ၊ ဈေးဆိုင်ခန်းများနှင့် စည်ကား သိုက်မြိုက်စွာ ကျင်းပလျက်ရှိပြီး အပိတ် မနောအကကို မတ် ၄ ရက် တွင် ကျင်းပသွားမည်ဖြစ် ကြောင်း လာချိဒ်စာပေနှင့် ယဉ်ကျေးမှု ဗဟိုကော်မတီမှ သိရသည်။
သတင်းစဉ်