
ရန်ကုန် မတ် ၃
ရန်ကုန်နှင့်မြို့ကြီးအချို့တို့ရှိ မြေယာများ၊ ကွန်ဒို၊ တိုက်ခန်း၊ လုံးချင်းများ၊ ပြည်ပမှအိမ်ရာ Projects များ အစရှိသည်တို့ကို တစ်နေရာတည်း တွင် တစ်စုတစ်စည်းတည်း ချိန်ဆကြည့်ရှုဝယ်ယူနိုင်ရန်နှင့် ဘဏ်များ နှင့် ချိတ်ဆက်၍ အရစ်ကျဝယ်ယူနိုင်မည့် နည်းလမ်းများကို စုံလင်စွာ သိရှိနိုင်ရန် ရည်ရွယ်၍ ရန်ကုန်မြို့ အင်းလျားလိတ်ဟိုတယ်ဝင်းအတွင်း ရှိ ရန်ကုန်ကွန်ဗင်းရှင်းစင်တာ၌ မြန်မာ့အိမ်ခြံမြေပြပွဲ-၂၀၂၃ ကို မတ် ၃ ရက်မှ ၅ ရက်အထိ နေ့စဉ်နံနက် ၁၀ နာရီမှ ညနေ ၅ နာရီအထိ ပြသလျက်ရှိပြီး ပြပွဲတွင် အိမ်ခြံမြေ developer ကြီးများ၊ အကျိုးဆောင် ကုမ္ပဏီများ၊ အိမ်ရာအရောင်းပြခန်းများ၊ ဘဏ်များအပါအဝင် ပြခန်း ပေါင်း၄၀ကျော်ဖြင့် ပြသထားရာ ပြပွဲလာပရိသတ်များ စိတ်ဝင်စားစွာ ကြည့်ရှုလေ့လာကြသည်။
ထို့ပြင် အိမ်ခြံမြေအကြောင်း သိကောင်းစရာများကို ကျွမ်းကျင်ပညာရှင်များက ဟောပြောပို့ချကြ သည်။
မျိုးမင်းသူရ