၂၀၂၃ ခုနှစ်၊ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်ဆက်ကပ်ခံယူတော်မူမည့် ဆရာတော်ကြီးများအား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှတို့ နေ့ဆွမ်းဆက်ကပ်လှူဒါန်း

 

နေပြည်တော်   မတ်    ၃


၂၀၂၃ ခုနှစ်၊   သာသနာတော်ဆိုင်ရာ   ဘွဲ့တံဆိပ်တော် ဆက်ကပ်ခံယူတော်မူမည့် ဆရာတော်ကြီးများအား ယနေ့နံနက်ပိုင်း တွင် နေပြည်တော် ဥပ္ပါတသန္တိစေတီတော် မြတ်ကြီး    ပရိဝုဏ်အတွင်းရှိ     သာသနာ့ မဟာဗိမာန်တော်ကြီး၌     ပြည်ထောင်စု သမ္မတ   မြန်မာနိုင်ငံတော်   နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ  နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် ဇနီး    ဒေါ်ကြူကြူလှတို့က     နေ့ဆွမ်း ဆက်ကပ်လှူဒါန်းသည်။

 


အခမ်းအနားသို့    အထူးပင့်ဖိတ် ထားသည့်     နိုင်ငံတော်သံဃမဟာ နာယကအဖွဲ့   ဒုတိယဥက္ကဋ္ဌ၊    မြင်းခြံမြို့ ကိုးဆောင်တိုက် ပဓာနနာယက၊ အဂ္ဂမဟာ ပဏ္ဍိတ   ဘဒ္ဒန္တ   ဇောတိကပါလနှင့် နိုင်ငံတော်     သံဃမဟာနာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌ၊  ရှမ်းပြည်နယ် (မြောက်ပိုင်း) ကျောက်မဲမြို့  သီဟိုဠ်ပရိယတ္တိစာသင် တိုက်   ပဓာနနာယက၊      အဂ္ဂမဟာပဏ္ဍိတ ဒေါက်တာ  ဘဒ္ဒန္တစန္ဒနသာရတို့အမှူးပြုသည့်  ပြည်တွင်း၊ ပြည်ပဘွဲ့ခံ ဆရာတော် ၁၃၁   ပါးနှင့်     ဘွဲ့ခံသီလရှင်ဆရာကြီး သုံးပါးတို့ တက်ရောက်ချီးမြှင့်တော်မူကြပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်    ဇနီးတို့နှင့်အတူ     နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ  ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်     ဒုတိယ ဗိုလ်ချုပ်မှူးကြီး     စိုးဝင်းနှင့်ဇနီး ဒေါ်သန်းသန်းနွယ်၊    ကောင်စီ အတွင်းရေးမှူးနှင့်ဇနီး၊    တွဲဖက် အတွင်းရေးမှူးနှင့်ဇနီး၊ ကောင်စီ ဝင်များနှင့်ဇနီးများ၊ ပြည်ထောင်စု အဆင့် ပုဂ္ဂိုလ်များ၊ ပြည်ထောင်စု ဝန်ကြီးများနှင့်        ဇနီးများ၊ နေပြည်တော်ကောင်စီ     ဥက္ကဋ္ဌ၊ ကာကွယ်ရေး      ဦးစီးချုပ်ရုံးမှ   တပ်မတော်   အရာရှိကြီးများနှင့် ဇနီးများ၊      နေပြည်တော်တိုင်း စစ်ဌာနချုပ်  တိုင်းမှူးနှင့် တာဝန် ရှိသူများ   တက်ရောက်ကြည်ညို ကြသည်။

 


ကပ်လှူပူဇော်


အခမ်းအနား        မစတင်မီ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ  နိုင်ငံတော်ဝန်ကြီးချုပ်က   သာသနာ့မဟာဗိမာန်တော်ကြီးအတွင်းရှိ    ဗုဒ္ဓရုပ်ပွားတော်မြတ် အား      မြသပိတ်ဆွမ်းတော်၊    သစ်သီး၊  ပန်းမန်၊  သောက်တော် ရေချမ်းနှင့်   ဆီမီးကပ်လှူပူဇော် သည်။

 


ထို့နောက်  အခမ်းအနားကို “နမော တဿ”  သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့   ဖွင့်လှစ်၍ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ  နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီး  အမှူးပြုသော  ဧည့်ပရိသတ် များက   နိုင်ငံတော်    သံဃမဟာ နာယကအဖွဲ့     ဒုတိယဥက္ကဋ္ဌ    မြင်းခြံဆရာတော်ကြီးထံမှ   ငါးပါး သီလ  ခံယူဆောက်တည်ကြပြီး   သံဃာတော်   အရှင်သူမြတ်များ ရွတ်ပွား သရဇ္ဈာယ်တော်မူသော  မေတ္တသုတ်   ပရိတ်တရားတော် များကို      နာယူကြည်ညိုကြ သည်။

 


လှူဖွယ်ဝတ္ထုပစ္စည်းများ
ဆက်ကပ်လှူဒါန်း


ယင်းနောက်   နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ      ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်    ဇနီး တို့က     နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဒုတိယဥက္ကဋ္ဌ မြင်းခြံ ဆရာတော်ကြီးထံသို့   လည်း ကောင်း၊   ကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့်  ဇနီးတို့က   နိုင်ငံတော်    သံဃမဟာနာယက အဖွဲ့  ဒုတိယဥက္ကဋ္ဌ  ကျောက်မဲမြို့    သီဟိုဠ်ပရိယတ္တိ    စာသင်တိုက် ပဓာနနာယက   ဆရာတော်ကြီး ထံသို့ လည်းကောင်း၊   ကောင်စီ အဖွဲ့ဝင်များနှင့်  အခမ်းအနားသို့  တက်ရောက်လာသည့် အကြီးအကဲ များက   သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်    ဆက်ကပ်ခံယူ မည့်   ဆရာတော်ကြီးများထံသို့ လည်းကောင်း       လှူဖွယ်ဝတ္ထု ပစ္စည်းများကို  ဆက်ကပ်လှူဒါန်း ကြသည်။

 


ဆက်လက်၍   နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ       ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ ဇနီးနှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်၏ ဇနီးတို့က      ဘွဲ့တံဆိပ်တော် ဆက်ကပ်ခံယူမည့်    သီလရှင် ဆရာကြီးများအား     လှူဖွယ်ဝတ္ထု ပစ္စည်းများကို   ဆက်ကပ်လှူဒါန်း ကြသည်။

 


ထို့နောက်      ကျောက်မဲမြို့  သီဟိုဠ်ပရိယတ္တိ       စာသင်တိုက်  ပဓာနနာယက    ဆရာတော်ကြီး ထံမှ အနုမောဒနာတရားနာယူ၍ လှူဒါန်းမှု အစုစုအတွက် ရေစက် သွန်းလောင်း     အမျှပေးဝေကြ ပြီး     “ဗုဒ္ဓသာသနံ   စိရံတိဋ္ဌတု”  သုံးကြိမ်ရွတ်ဆို    ဆုတောင်း၍  အခမ်းအနားကို        ရုပ်သိမ်း သည်။

 


နေ့ဆွမ်း
ဆက်ကပ်လှူဒါန်း


အခမ်းအနားအပြီးတွင် နိုင်ငံ တော်စီမံအုပ်ချုပ်ရေး    ကောင်စီ ဥက္ကဋ္ဌ    နိုင်ငံတော်ဝန်ကြီးချုပ်   ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့်ဇနီး    ဒေါ်ကြူကြူလှတို့က  နိုင်ငံတော်   သံဃမဟာနာယက အဖွဲ့ ဒုတိယဥက္ကဋ္ဌ၊   မြင်းခြံမြို့   ကိုးဆောင်တိုက်  ပဓာနနာယက၊အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တဇောတိက ပါလနှင့်   နိုင်ငံတော်သံဃမဟာ နာယကအဖွဲ့    ဒုတိယဥက္ကဋ္ဌ၊ ရှမ်း ပြည်နယ်(မြောက်ပိုင်း) ကျောက်မဲ မြို့    သီဟိုဠ်ပရိယတ္တိစာသင်တိုက်ပဓာနနာယက၊  အဂ္ဂမဟာပဏ္ဍိတ ဒေါက်တာ    ဘဒ္ဒန္တ  စန္ဒနသာရတို့ အမှူးပြုသည့်     ၂၀၂၃    ခုနှစ် သာသနာတော်ဆိုင်ရာ  ဘွဲ့တံဆိပ် တော်ဆက်ကပ်ကော်ရော်   အပူ ဇော်ခံတော်မူကြမည့်   ပြည်တွင်း၊ ပြည်ပဘွဲ့ခံဆရာတော်ကြီးများနှင့်   သီလရှင်ဆရာကြီးများအား  နေ့ ဆွမ်း ဆက်ကပ်လှူဒါန်းခဲ့ကြောင်း  သတင်းရရှိသည်။      

သတင်းစဉ်