ထိုင်းနိုင်ငံအတွင်း အကြောင်းအမျိုးမျိုးကြောင့် ဖမ်းဆီးခံရပြီး လွတ်ရက်စေ့ပြန်လည်လွတ်မြောက်လာသည့် မြန်မာနိုင်ငံသား ၁၃၈ ဦးအား လွှဲပြောင်းလက်ခံ

 

မြဝတီ    မတ်    ၂
ထိုင်းနိုင်ငံအတွင်း ရောက်ရှိပြီး အကြောင်း     အမျိုးမျိုးကြောင့်  ဖမ်းဆီးခံရကာ      ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ ICD မှ  လွတ်  ရက်စေ့  ပြန်လည်လွတ်မြောက် လာသည့်  မြန်မာနိုင်ငံသား ၁၃၈  ဦးတို့အား နှစ်နိုင်ငံ  တာဝန်ရှိသူ များက    လွှဲပြောင်းလက်ခံခြင်းကို ယနေ့ ထိုင်းစံတော်ချိန် နံနက် ၈ နာရီခွဲက မြန်မာ - ထိုင်း အမှတ် (၂)  ချစ်ကြည်ရေးတံတား၊ ထိုင်း နိုင်ငံဘက်ခြမ်းရှိ   BCF   ဇုန်တွင်  ပြုလုပ်ကြောင်း သိရသည်။
ထိုသို့      လွှဲပြောင်းရာတွင် ထိုင်းနိုင်ငံဘက်မှ     ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ မြန်မာသံရုံးမှ သံမှူးကြီး ဦးမော်ဗလ၊ ထိုင်းနိုင်ငံ တာ့ခ်ခရိုင် လဝကမှူး Mr . Bor-wornphop   Soontornlekha ၊ အလုပ်သမားသံအရာရှိ ဦးလှမျိုး သန်းနှင့်    တာဝန်ရှိသူများက    လွှဲပြောင်းပေးအပ်ခဲ့ပြီး မြန်မာနိုင်ငံ  ဘက်မှ မြဝတီခရိုင်  အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ   ဒုတိယ ခရိုင်အုပ်ချုပ်ရေးမှူး  ဦးတင်ရွှေ၊ လူဝင်မှုကြီးကြပ်ရေးနှင့်  ပြည်သူ့ အင်အားဝန်ကြီးဌာန၊  ဒုတိယဌာန   ခွဲမှူးရုံးမှ အမှတ်(၂) ချစ်ကြည်ရေး   တံတားတာဝန်ကျ  လက်ထောက် ညွှန်ကြားရေးမှူး  ဦးဝေမျိုးသက် နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ကြိုဆိုလက်ခံခဲ့ခြင်းဖြစ်သည်။
ထို့နောက် အဆိုပါမြန်မာနိုင်ငံ သားများအား   မြန်မာဘက်ခြမ်း BCF ဇုန်သို့  မော်တော်ယာဉ်များ ဖြင့်  ခေါ်ဆောင်ခဲ့ပြီး စာရင်းဇယား ကောက်ယူခြင်း၊     ကိုဗစ်-၁၉ ရောဂါပိုး  ရှိ၊  မရှိ   စစ်ဆေးခြင်း၊  ထောက်ပံ့ငွေများ  ထောက်ပံ့ပေး ခြင်း၊  အခြားလိုအပ်သည်များနှင့် နေရပ်ပြန်လည်    ပို့ဆောင်ရေး များအား     တာဝန်ရှိသူများက  ဆောင်ရွက်ပေးခဲ့ကြောင်း   သိရ သည်။
ထိုသို့    လွှဲပြောင်းလက်ခံခဲ့ သည့်  မြန်မာနိုင်ငံသားများအနေ ဖြင့်  တိုင်းဒေသကြီး၊  ပြည်နယ် အသီးသီးမှ   အမျိုးသား  ၁၂၄ ဦး၊ အမျိူးသမီး   ၁၄ ဦး     စုစုပေါင်း  ၁၃၈ ဦး ရှိကြောင်း သိရသည်။    
ထိန်လင်းအောင်(ပြန်/ဆက်)