ကန်ကြီးထောင့်မြို့နယ် ဝါးဒူးကျေးရွာ၌ (၆၁)နှစ်မြောက် တောင်သူလယ်သမားနေ့ ကျင်းပ

 

နေပြည်တော်   မတ်   ၂    

 

ဧရာဝတီတိုင်းဒေသကြီး  ပုသိမ် ခရိုင်    ကန်ကြီးထောင့်မြို့နယ် ဝါးဒူးကျေးရွာ၌       ယနေ့တွင် ပြုလုပ်သော   (၆၁)  နှစ်မြောက် တောင်သူလယ်သမားနေ့  အခမ်း အနားသို့        တိုင်းဒေသကြီး ဝန်ကြီးချုပ်     ဦးတင်မောင်ဝင်း၊ စိုက်ပျိုးရေး၊     မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယ ဝန်ကြီး   ဒေါက်တာ အောင်ကြီး၊ အနောက်တောင်တိုင်း   စစ်ဌာန ချုပ်    တိုင်းမှူး    ဗိုလ်မှူးချုပ် ကြည်ခိုင်နှင့်    တာဝန်ရှိသူများ၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာန ဆိုင်ရာဝန်ထမ်းများ၊   တောင်သူ လယ်သမားများနှင့်    ဖိတ်ကြား ထားသူများ တက်ရောက်ကြသည်။

 


ဦးစွာ  တိုင်းဒေသကြီးဝန်ကြီး ချုပ်၊  စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန  ဒုတိယ ဝန်ကြီး၊ တိုင်းမှူးနှင့်  တာဝန်ရှိသူ များက   တောင်သူလယ်သမားနေ့ အခမ်းအနား မုခ်ဦးဆိုင်းဘုတ်ကိုဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။

 


ထို့နောက်    နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ         ဥက္ကဋ္ဌ    နိုင်ငံတော်         ဝန်ကြီးချုပ်     ဗိုလ်ချုပ်မှူးကြီး    သတိုးမဟာ သရေစည်သူ    သတိုးသီရိသုဓမ္မ  မင်းအောင်လှိုင်  ထံမှ  ပေးပို့သော     သဝဏ်လွှာကို    တိုင်းဒေသကြီး      ဝန်ကြီးချုပ်က      ဖတ်ကြားပြီး     စိုက်ပျိုးရေး၊       မွေးမြူရေးနှင့်    ဆည်မြောင်းဝန်ကြီးဌာန   ဒုတိယ ဝန်ကြီးက   အဖွင့်အမှာစကား   ပြောကြားသည်။    

 


ယင်းနောက်     လယ်ယာကဏ္ဍ   ဖွံ့ဖြိုး        တိုးတက်ရေးအတွက် ဆောင်ရွက်ခဲ့သော       ထူးချွန် တောင်သူများနှင့်     ဝန်ထမ်းများ ကို    တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူးနှင့်     တာဝန်ရှိသူများက ဆုများ     ပေးအပ်ချီးမြှင့်ကြပြီး    တက်ရောက်   လာကြသူများနှင့် အတူ      စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။ ယင်းနောက်    ခင်းကျင်းပြသထားသော   ပြခန်း များနှင့်         စိုက်ခင်းများကို   တိုင်းဒေသကြီး  ဝန်ကြီးချုပ်နှင့်   အဖွဲ့ဝင်များက   လိုက်လံ ကြည့်ရှု အားပေးခဲ့ကြကြောင်း သတင်းရရှိ သည်။ 


    သတင်းစဉ်