ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး စဝ်စံထွန်းဆေးရုံ၌ မျက်စိခွဲစိတ်ကုသမှု ခံယူနေသော ပြည်သူများအား သွားရောက်ကြည့်ရှု၍ ထောက်ပံ့ပစ္စည်းများပေးအပ်

 

တောင်ကြီး    မတ်   ၂


ရှမ်းပြည်နယ်       ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊    ပြည်နယ် ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးနှင့်    တာဝန်ရှိသူများသည် ယမန်နေ့က တောင်ကြီးမြို့ စဝ်စံ ထွန်းဆေးရုံ၌ မျက်စိခွဲစိတ်ကုသ ပြီး ပြည်သူများနှင့်   ခွဲစိတ်ကုသ မှုခံယူမည့်       ပြည်သူများအား သွားရောက်ကြည့်ရူ      အားပေး စကားပြောကြားကာ   မျက်မှန် နှင့်     စားစရာများ     ထောက်ပံ ပေးအပ်သည်။

 


ဆက်လက်၍     ပြည်နယ် ဝန်ကြီးချုပ်နှင့်     တာဝန်ရှိသူ များသည်     စဝ်စံထွန်းဆေးရုံ၌ မွေးကင်းစ      ဆေးကုသမှုခံယူနေ သော  ကလေးလူနာဆောင်အား  သွားရောက်ကြည့်ရှုပြီး စားစရာ များ      ထောက်ပံ့ပေးအပ်ကာ  ဆေးကုသမှုခံယူနေသော    ပြည်သူ များကိုလည်း      စားစရာများ    ထောက်ပံ့ပေးအပ်သည်။

 


ထို့နောက်   ဓာတ်ရောင်ခြည် ဌာနသို့   သွားရောက်ကာ   ဓာတ် ရောင်ခြည်ဖြင့်   ဆေးကုသမှုခံယူ မည့်  ပြည်သူများကို  အားပေး စကားပြောကြားပြီး   စားစရာ များ     ထောက်ပံ့ပေးအပ်ကာ ဓာတ်ရောင်ခြည်ခန်းမဆောင်နှင့်   MRl Room  အခန်းတို့ကို  ကြည့်ရှု စစ်ဆေးသည်။

 


အဆိုပါဆေးရုံ၌ ရှမ်းပြည်နယ်   (တောင်ပိုင်း)ရှိ ခရိုင်များမှ ဒေသခံ ပြည်သူများ   မျက်စိလာရောက် ခွဲစိတ်ကုသမှုခံယူသူ    ၄၃ ဦး ရှိကြောင်း သိရသည်။


မောင်မောင်သန်း(တောင်ကြီး)