
နေပြည်တော် မတ် ၂
နယ်စပ်ရေးရာဝန်ကြီးဌာနသည် နေပြည်တော်ကောင်စီ နယ်မြေ အပါအဝင် တိုင်းဒေသကြီး/ပြည်နယ်များရှိ ဘုန်းတော်ကြီး ကျောင်း၊ သီလရှင်ကျောင်းများသို့ ဆွမ်းကွမ်း အခက်အခဲမရှိစေရေး အတွက် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ကုလားပဲနှင့် အခြားလှူဖွယ် ပစ္စည်းများအား ဆက်ကပ်လှူဒါန်း လျက်ရှိသည်။
ထိုသို့ ဆက်ကပ်လှူဒါန်း လျက်ရှိရာတွင် နယ်စပ်ရေးရာ ဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ ညွှန်ကြား ရေးမှူးချုပ် ဦးစိုင်းထွန်းညိုနှင့် တာဝန်ရှိသူများသည် ယနေ့နံနက် ပိုင်းက နေပြည်တော်ကောင်စီ နယ်မြေ ဇမ္ဗူသီရိမြို့နယ် အေးမြ ရွှေပြည်ကျောင်းတိုက်ရှိ ဆရာ တော်၊ သံဃာတော်များ၊ စာသင် သား သာမဏေများအတွက် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ကုလားပဲများကို ဆက်ကပ် လှူဒါန်းခဲ့ကြောင်း သိရသည်။
သတင်းစဉ်