
ရန်ကုန် မတ် ၂
အဋ္ဌမအကြိမ် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့ ပဉ္စမအစည်းအဝေး တတိယနေ့ကို ယနေ့နံနက် ၈ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေ ဆဋ္ဌသင်္ဂါယနာ မဟာပါသာဏ လိုဏ်ဂူတော်ကြီး၌ ကျင်းပသည်။
အစည်းအဝေးသို့ နိုင်ငံတော် ဩဝါဒါစရိယ ဆရာတော်ကြီးများ၊ နိုင်ငံတော် သံဃမဟာနာယက ဆရာတော်ကြီးများ၊ နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင် ဆရာတော် ကြီးများ၊ သာသနာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ အပြည်ပြည် ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြု တက္ကသိုလ် ဒုတိယပါမောက္ခချုပ် (စီမံ)နှင့် အရာထမ်း၊ အမှုထမ်းများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် သာသနာရေးမှူးများ တက်ရောက် ကြည်ညိုကြသည်။
အစည်းအဝေး၏ သဘာပတိ ဆရာတော်အဖြစ် နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့ ဥက္ကဋ္ဌ အဘိဓဇမဟာရဋ္ဌဂုရု အဘိဓဇ အဂ္ဂမဟာ သဒ္ဓမ္မဇောတိက ဒေါက်တာ ဘဒ္ဒန္တကုမာရာဘိဝံသ ၏ ကိုယ်စား နိုင်ငံတော်ဗဟိုသံဃာ့ ဝန်ဆောင်အဖွဲ့ အကျိုးတော် ဆောင် ဆရာတော် အဂ္ဂမဟာ ပဏ္ဍိတ အဂ္ဂမဟာ သဒ္ဓမ္မဇောတိက ဓဇ ဒေါက်တာ ဘဒ္ဒန္တစန္ဒိမာ ဘိဝံသက ဆောင်ရွက်တော်မူပြီး အခမ်းအနားမှူး ဆရာတော် အဖြစ် တွဲဖက်အကျိုးတော်ဆောင် ဆရာတော် အဂ္ဂမဟာဂန္ထဝါစက ပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိက ဓဇ ဘဒ္ဒန္တပညာဓဇက ဆောင်ရွက် တော်မူသည်။
ဦးစွာ အခမ်းအနားမှူး ဆရာတော်က အစည်းအဝေး စတင်ကြောင်းနှင့် ကြွရောက်တော် မူလာကြသော နိုင်ငံတော် ဗဟို သံဃာ့ဝန်ဆောင် ဆရာတော်များ ၏ အရေအတွက်ကို ဖတ်ကြား လျှောက်ထားပြီး အစည်းအဝေး အထမြောက် အောင်မြင်ကြောင်း ကြေညာသည်။
ထို့နောက် နိုင်ငံတော်ဗဟို သံဃာ့ဝန်ဆောင်အဖွဲ့ ဥက္ကဋ္ဌ ဒေါက်တာ ဘဒ္ဒန္တကုမာရာဘိဝံသ ၏ ကိုယ်စား နိုင်ငံတော်ဗဟို သံဃာ့ဝန်ဆောင်အဖွဲ့ အကျိုး တော်ဆောင် ဆရာတော် ဒေါက်တာ ဘဒ္ဒန္တစန္ဒိမာဘိဝံသက နိုင်ငံတော် သီးခြားဝိနည်းဓိုရ်အဖွဲ့ နှင့် နိုင်ငံတော် သံဃဝိနိစ္ဆယ အဖွဲ့ဝင် နိုင်ငံတော်ဗဟိုသံဃာ့ ဝန်ဆောင်ဆရာတော်အပါး ၄၀ တို့ကို နိုင်ငံတော်ဝိနည်းဓိုရ် လက်မှတ်များ ဆက်ကပ်တော် မူသည်။
ဆက်လက်၍ အဋ္ဌမအကြိမ် နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင် အဖွဲ့ ပဉ္စမအစည်းအဝေးတွင် ချမှတ်ခဲ့သည့် အစားထိုး ရွေးချယ် မှုများ၊ ဆုံးဖြတ်ချက်များ၊ အတည် ပြုချက်များ၊ မှတ်တမ်းတင်ချက် များကို သာသနာ့သမိုင်းဝင် မှတ်တမ်းစာအုပ်၌ ဩဝါဒါစရိယ ဆရာတော်ကြီး ၁၅ ပါး၊ အကျိုး တော်ဆောင် ဆရာတော်၊ ရွှေကျင် ဂိုဏ်း၊ ဂဏဝိမုတ်ကူးတို့ဂိုဏ်း၊ စတုဘုမ္မိကမဟာသတိပဋ္ဌာန်ငှက် တွင်းဂိုဏ်း၊ ဓမ္မယုတ္တိနိ ကာယမ ဟာရင်ဂိုဏ်း၊ ဓမ္မဝိနယာနုလောမ မူလဒွါရနိကာယဂိုဏ်း၊ ဓမ္မာနုဓမ္မ မဟာဒွါရ နိကာယဂိုဏ်း၊ ဝေဠုဝန် နိကာယဂိုဏ်း၊ အနောက်ချောင်း ဒွါရဂိုဏ်းနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ကိုယ်စားလှယ် တစ်ပါးစီတို့က လက်မှတ်ရေးထိုး ခြင်းတို့ ဆောင်ရွက်တော်မူကြ သည်။
ထို့နောက် နိုင်ငံတော်ဗဟို သံဃာ့ဝန်ဆောင်အဖွဲ့ ဥက္ကဋ္ဌ ဒေါက်တာ ဘဒ္ဒန္တကုမာရာဘိဝံသ ၏ နိဂုံးချုပ် ဥယျောဇနကထာကို ဆရာတော်ကြီး၏ ကိုယ်စား သဘာပတိ ဆရာတော်က ဖတ်ကြားတော်မူရာ ကြွရောက် တော်မူလာကြသော ဆရာတော် ကြီးများက နာယူတော်မူကြသည်။
ယင်းနောက် အစည်းအဝေး သို့ ကြွရောက်တော်မူလာကြသည့် ဆရာတော်အားလုံးက “ဇယန္တော ဗောဓိယာမူလေ” အစချီ နှစ်ဂါထာ ကို သုံးကြိမ် ရွတ်ဆိုတော်မူကြပြီး “သာဓု” သုံးကြိမ် ခေါ်ဆိုကာ အဋ္ဌမအကြိမ် နိုင်ငံတော်ဗဟို သံဃာ့ဝန်ဆောင်အဖွဲ့ ပဉ္စမ အစည်းအဝေးကို အောင်မြင်စွာ ရုပ်သိမ်းလိုက်သည်။
ယနေ့ အစည်းအဝေးသို့ ကြွရောက်တော် မူလာကြသော ဆရာတော်ကြီးများကို တစ်နေ့ တာ ဆွမ်းအလှူရှင်အဖြစ် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ(ငြိမ်း) ဇနီး ဒေါ်ကြိုင်ကြိုင် မိသားစု၊ ဒုတိယဗိုလ်ချုပ်မှူးကြီး မောင်အေး (ငြိမ်း) ဇနီး ဒေါ်မြမြစန်း မိသားစု၊ အဂ္ဂမဟာသရေစည်သူ၊ အဂ္ဂမဟာ သီရိသုဓမ္မ ဦးသိန်းစိန် နိုင်ငံတော် သမ္မတ(ငြိမ်း) ဇနီး ဒေါ်ခင်ခင်ဝင်း မိသားစု၊ မဟာသရေစည်သူ (ဗိုလ်ချုပ်ကြီး စိုးဝင်း)(ငြိမ်း) ဇနီး ဒေါ်သန်းသန်းနွဲ့ မိသားစု၊ မဟာသရေစည်သူ ဒုတိယ ဗိုလ်ချုပ်ကြီး တင်အေး(ငြိမ်း) ဇနီး (ဒေါ်ကြည်ကြည်အုန်း) မိသားစု၊ ဇေယျကျော်ထင် ဗိုလ်ချုပ် တင်ငွေ (ငြိမ်း) ဇနီး ဒေါ်နန်းခင်လှဝင်း မိသားစု၊ မဟာသရေစည်သူ ဒုတိယဗိုလ်ချုပ်ကြီး ခင်မောင် သန်း (ငြိမ်း) ဇနီး ဒေါ်မာလာတင့် မိသားစု၊ မဟာသရေစည်သူ ဒုတိယဗိုလ်ချုပ်ကြီး အောင်ထွေး (ငြိမ်း) ဇနီး ဒေါ်ခင်နှင်းဝေ မိသားစု၊ မဟာသရေစည်သူ (ဒုတိယဗိုလ်ချုပ်ကြီး မောင်ဘို) ဇနီး ဒေါ်ခင်လေးမြင့် မိသားစု၊ မဟာသရေစည်သူ (ဒုတိယ ဗိုလ်ချုပ်ကြီး ကျော်ဝင်း) ဇနီး (ဒေါ်ခင်စန်းရီ) မိသားစုနှင့် မဟာသရေစည်သူ ဒုတိယ ဗိုလ်ချုပ်ကြီး ရဲမြင့်(ငြိမ်း) ဇနီး ဒေါက်တာ ဒေါ်တင်လင်းမြင့် မိသားစုတို့က ဆွမ်းဆက်ကပ် လှူဒါန်းခဲ့ကြသည်။
သတင်းစဉ်