
နေပြည်တော် မတ် ၁
စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဌာန မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေး ဘဏ်က အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော စိုက်ပျိုး ရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုး ရေး နှစ်ဆင့်ချေးငွေစီမံကိန်း၊ စီမံကိန်း ဦးဆောင်ကော်မတီ၏ (၂၅) ကြိမ်မြောက် အစည်းအဝေး ကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ပြည်ထောင်စု ဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ဦးစွာ စီမံကိန်းဦးဆောင် ကော်မတီဥက္ကဋ္ဌ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးမောင်မောင်ဝင်းက စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး နှစ်ဆင့်ချေးငွေစီမံကိန်း ကို ၂၀၁၇ ခုနှစ် ဇူလိုင်လမှစတင်၍ အတိုးနှုန်းသက်သာသည့် ချေးငွေ အဖြစ် တောင်သူတစ်ဦးချင်းသို့ ငွေကျပ်သိန်း ၇၀၀ အထိ နှစ်တို သုံးနှစ်၊ နှစ်ရှည် ငါးနှစ် အရစ်ကျ ပြန်ဆပ်စနစ်ဖြင့် ထုတ်ချေးပေး လျက်ရှိကြောင်း၊ ၂၀၂၂ ခုနှစ် နိုဝင်ဘာလကုန်အထိ နေပြည်တော် ကောင်စီ၊ တိုင်းဒေသကြီး/ ပြည်နယ် ၁၄ ခုရှိ မြို့နယ် ၁၈၇ ခုမှ တောင်သူ ၅၆၀၉ ဦးသို့ ချေးငွေကျပ် ၂၃၂၀၄၅ ဒသမ ၈၁၈ သန်း ထုတ်ချေးထားပြီး ဖြစ် ကြောင်း၊ ဆက်လက်၍ ချေးငွေ ရယူလိုသည့် တောင်သူများက တင်ပြလာမှုများကို စိစစ်၍ စဉ်ဆက်မပြတ် ထုတ်ချေးပေး လျက်ရှိကြောင်း၊ ချေးငွေအစီစဉ် ကောင်းမွန်စွာ လည်ပတ်နိုင် ခြင်းဖြင့် တောင်သူများ၏ ဝင်ငွေ တိုးတက်လာစေပြီး လယ်ယာ ကဏ္ဍဖွံ့ဖြိုးရေးကို အထောက် အကူပြုမည်ဖြစ်ကြောင်း။
မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေး ဘဏ်ရုံးချုပ်နှင့် ဘဏ်ခွဲအဆင့်ဆင့် အနေဖြင့် တာဝန်ခံမှု၊ တာဝန် ယူမှုဖြင့် Evaluation & Monitoring ကို စဉ်ဆက်မပြတ်ပြုလုပ်ပြီး စီမံကိန်း အောင်မြင်ရေးအတွက် တိုင်းဒေသကြီး/ ပြည်နယ် အစိုးရ အဖွဲ့များ၊ ဆက်စပ်ဌာနများနှင့် အမြဲမပြတ် ညှိနှိုင်းဆောင်ရွက် သွားရန်လိုအပ်ကြောင်း၊ ချေးငွေ အစီအစဉ်တွင် လယ်ယာသုံး စက်ကိရိယာများ ပါဝင်ရောင်းချ သည့် ကုမ္ပဏီများအနေဖြင့် လည်း လိုက်နာရမည့် စည်းကမ်း သတ်မှတ်ချက်များနှင့်အညီ အတ္တ၊ ပရ မျှတစွာဖြင့် ပူးပေါင်းပါဝင် ဆောင်ရွက်သွားကြရန် လိုအပ် ကြောင်း ဆွေးနွေးမှာကြား သည်။
ဆက်လက်၍ မြန်မာ့ လယ်ယာဖွံ့ဖြိုးရေးဘဏ် ဦးဆောင် ညွှန်ကြားရေးမှူး ဦးမင်းသူနှင့် တာဝန်ရှိသူများက Two Step Loan ချေးငွေထုတ်ချေးထားမှုနှင့် ဆက်လက် ထုတ်ချေးမည့် အစီအစဉ်များကို တင်ပြဆွေးနွေး ကြရာ ဦးဆောင်ကော်မတီဝင် များက ဝိုင်းဝန်းသုံးသပ်ဆွေးနွေး အကြံပြုသည်။
အစည်းအဝေးသို့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်တို့မှ ဦးဆောင်ကော်မတီ အဖွဲ့ဝင်များ စုံညီစွာတက်ရောက်ကြကြောင်း သိရသည်။
သတင်းစဉ်