လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးခေါင်းစဉ်ဖြင့် (၁၉) ကြိမ်မြောက် ဗုဒ္ဓဟူးနေ့စကားဝိုင်း ကျင်းပ

 

နေပြည်တော်   မတ်   ၁


စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန သည် နိုင်ငံ၏ စီးပွားရေးမဏ္ဍိုင်ဖြစ်သည့် လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးသာမက   အမျိုးသားလုံခြုံ ရေးအတွက်  အလွန်အရေးပါသော   စားနပ်ရိက္ခာ စိုက်ပျိုး မွေးမြူထုတ်လုပ်မှုကို တာဝန်ယူဆောင်ရွက် နေခြင်းဖြစ်သည်ကို  သတိချပ်ပြီး ပညာရပ်အလိုက် အရည်အသွေးပြည့်ဝသော   လူသားအရင်းအမြစ်များ တိုးပွားလာရေး  ကြိုးပမ်းကြရန်လိုကြောင်း၊  ယနေ့ မွန်းလွဲပိုင်းက      စိုက်ပျိုးရေး၊    မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန   ပြည်ထောင်စုဝန်ကြီးရုံး စုဝေးဆောင်ခန်းမ၌   “လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး” ခေါင်းစဉ်ဖြင့် ကျင်းပသည့် (၁၉) ကြိမ်မြောက်  ဗုဒ္ဓဟူးနေ့   စကားဝိုင်းဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်က ပြောကြား သည်။

 


ဆက်လက်၍   ပြည်ထောင်စုဝန်ကြီးက   မိမိတို့ အနေဖြင့် လယ်ယာကဏ္ဍကို တာဝန်ယူထားကြသူ များဖြစ်သည့်အားလျော်စွာ   နယ်ပယ်ပေါင်းစုံနှင့် ထိတွေ့ဆောင်ရွက်ရသည်ဖြစ်၍ အသိပညာ၊ အတတ် ပညာ၊ နည်းပညာများ တတ်မြောက်ကျွမ်းကျင်သော လူသားအရင်းအမြစ်များအဖြစ်သာမကပဲ စိတ်ဓာတ်၊ အရည်အချင်း၊ အရည်အသွေး၊ အတွေ့အကြုံ၊ ခံယူ ချက်၊   ကျင့်ဝတ်၊   ဗီဇကောင်းများ    မြင့်မားရန်လို ကြောင်း၊ တစ်ချိန်တည်းတွင် တောင်သူလယ်သမား များအပါအဝင်    စိုက်ပျိုးထုတ်လုပ်မှု   ကွင်းဆက် တစ်လျှောက်၌ ခေတ်မီနည်းပညာအသုံးချနိုင်မှုနှင့် အတွေးအခေါ်များ ပြောင်းလဲတိုးတက်ဖွံ့ဖြိုးလာရေး ကြိုးပမ်းသွားရန်လိုကြောင်း၊  သို့မှသာ  လယ်ယာ ကဏ္ဍတစ်ခုလုံး ဟန်ချက်ညီ ဖွံ့ဖြိုးတိုးတက်လာမည် ဖြစ်ကြောင်း ဆွေးနွေးပြောကြားသည်။

 


ထို့နောက်     “လူ့စွမ်းအားအရင်းအမြစ်   ဖွံ့ဖြိုး တိုးတက်ရေး” ခေါင်းစဉ်ဖြင့် စကားဝိုင်းဆွေးနွေးပွဲကို ရေဆင်း စိုက်ပျိုးရေးတက္ကသိုလ် ပါမောက္ခ ဒေါက်တာ မင်းဇာနည်အောင်က အစီအစဉ်မှူးအဖြစ် တာဝန်ယူ ဆောင်ရွက်ပြီး  စီမံကိန်းဦးစီးဌာန၊ ငါးလုပ်ငန်းဦးစီး ဌာန၊ မွေးမြူရေးသုတေသနဦးစီးဌာန၊  မွေးမြူရေး ဆိုင်ရာဆေးတက္ကသိုလ်တို့မှ ပညာရှင်များက ဝန်ကြီး ဌာန၏    လူ့စွမ်းအားအရင်းအမြစ်    ဖွံ့ဖြိုးတိုးတက် စေရေး  ဆောင်ရွက်နေမှု၊ လူ့စွမ်းအားအရင်းအမြစ် များ  အလွယ်တကူ    မပြုန်းတီးစေရေးနှင့်   အရည် အသွေး ပိုမိုပြည့်ဝလာစေရေးအတွက် သက်ဆိုင်ရာ ဌာနအသီးသီးနှင့် ချိတ်ဆက်စီမံဆောင်ရွက်ပေးနေမှု၊  တက္ကသိုလ်များတွင် လိုအပ်နေသည့် HR plan အရ လူ့စွမ်းအားအရင်းအမြစ်များ   မွေးထုတ်ပေးမှုနှင့် Formal-informal   ပညာရေး၏   အခန်းကဏ္ဍ၊ တက္ကသိုလ်များမှ မွေးထုတ်ပေးလိုက်သည့် Gradu-ate များအား   ပြင်ပလုပ်ငန်းများ၏   လိုအပ်ချက် များနှင့်အညီ ချိတ်ဆက်မှု၊ ပညာရေးဝန်ထမ်းများ၏ အရည်အသွေးမြှင့်တင်ရေးဆိုင်ရာ    စီမံထားရှိမှု၊ နိုင်ငံ၏ အခြေအနေအရ Generalist နှင့် Specialist များ၏ လိုအပ်နေမှု၊ တက္ကသိုလ်များ၏ နိုင်ငံတကာနှင့် ချိတ်ဆက်ဆောင်ရွက်နေမှု၊ တက္ကသိုလ်၏ အဆင့် အတန်းနှင့် ပညာရပ်ဆိုင်ရာ စာစောင်နှင့် စာတမ်း များ ထွက်ရှိမှု၊ လုပ်ငန်းခွင်ဆိုင်ရာ တွေ့ကြုံနေရသည့် ပြဿနာများကို ဖြေရှင်းရာတွင် သုတေသနလုပ်ငန်း များ၏ အရေးပါမှု၊ Academic နှင့် Apply research များ၏ အနေအထားနှင့် ဆောင်ရွက်နေမှု၊ ငါးမျိုးသယံ ဇာတများ ပြုန်းတီးမှုမရှိစေရေးအတွက် အစီအမံများ နှင့် Human resource အခြေအနေ၊ လူ့စွမ်းအား အရင်းအမြစ်များကို ထိရောက်စွာအသုံးချမှုအတွက် စီမံခန့်ခွဲဆောင်ရွက်မှုများ၊     တိုးချဲ့ပညာပေးရေး ဆိုင်ရာ   အရည်အချင်းများ   တိုးတက်လာစေရေး အတွက် တိုးချဲ့ပညာပေးဝန်ထမ်းများအား လေ့ကျင့် ပေးနေမှုနှင့် တိုးချဲ့ပညာပေးဝန်ထမ်းများ လုံလောက် မှုမရှိခြင်းအတွက်  ဖြည့်ဆည်းနိုင်ရေး စီမံဆောင်ရွက် မှုများနှင့် ပတ်သက်၍ ဆွေးနွေးကြရာ ပြည်ထောင်စု ဝန်ကြီး၊  ဒုတိယဝန်ကြီး   ဒေါက်တာတင်ထွဋ်နှင့် အခမ်းအနား တက်ရောက်လာကြသူများ၊ တိုင်းဒေသ ကြီး၊  ပြည်နယ်များမှ  အွန်လိုင်းစနစ်ဖြင့်   ပါဝင် တက်ရောက်ကြသည့် ဌာနဆိုင်ရာများ၊ ပြင်ပ ပညာ ရှင်များက မေးမြန်းဆွေးနွေးခြင်း၊  အကြံပြုသုံးသပ် ခြင်းများ ဆောင်ရွက်ကြကြောင်း သိရသည်။ 


သတင်းစဉ်