စားသုံးသူကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် စားသုံးသူတိုင်ကြားမှုနှင့် အရေးယူမှုဆိုင်ရာလုပ်ငန်းစဉ်များ ထုတ်ပြန်ထားရှိပြီဖြစ်

 

နေပြည်တော်  မတ်   ၁


မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင် အစည်းအဝေး (၁/ ၂၀၂၃)ကို ယနေ့ မွန်းလွဲ ၂ နာရီက စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ - ၁ ၌ ကျင်းပသည်။   

 


ဦးစွာ မြန်မာနိုင်ငံ စားသုံးသူ ကာကွယ်ရေးကော်မရှင်  ဥက္ကဋ္ဌ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန    ပြည်ထောင်စု ဝန်ကြီး      ဦးအောင်နိုင်ဦးက စားသုံးသူကာကွယ်ရေးလုပ်ငန်း များ ဆောင်ရွက်ရာတွင်  စားသုံး သူတိုင်ကြားမှုနှင့်    အရေးယူမှု ဆိုင်ရာလုပ်ငန်းစဉ်၊    ဈေးကွက် စောင့်ကြည့်စစ်ဆေးရေးလုပ်ငန်း စဉ်နှင့်   ဘေးအန္တရာယ်ရှိသော ကုန်စည် သို့မဟုတ် ဝန်ဆောင်မှု များကို      ဈေးကွက်အတွင်းမှ ပြန်လည်သိမ်းဆည်းစေခြင်းနှင့် တားမြစ်ခြင်းဆိုင်ရာ    လုပ်ငန်း စဉ်များကို    ထုတ်ပြန်ထားရှိပြီ ဖြစ်ကြောင်း။ 

 


သို့သော် စားသုံးသူများတွင် စားသုံးသူကာကွယ်ရေးဥပဒေနှင့် ဥပဒေပါ စားသုံးသူအခွင့်အရေး များကို ကောင်းစွာသိရှိသူ အလွန် နည်းပါးနေသေးသည်ကို တွေ့ရှိရ ပါကြောင်း၊ အထူးသဖြင့် စားသုံး သူများသည် မိမိ၏နစ်နာဆုံးရှုံးမှု အတွက်     ရှင်းလင်းတင်ပြခွင့်၊ တိုင်ကြားခွင့်နှင့်  ကုစားခွင့်များ ကို ဥပဒေက စားသုံးသူအခွင့်အရေး များအဖြစ် ပေးအပ်ထားမှုအပေါ် သိရှိသူ အလွန်နည်းပါးပါကြောင်း၊ စားသုံးသူတွင် ဥပဒေအရပေးအပ် သော အခွင့်အရေးများရှိသကဲ့သို့ တစ်ဖက်တွင်လည်း   ဥပဒေအရ လိုက်နာရမည့် တာဝန်များလည်း ရှိပါကြောင်း၊   ယင်းနှင့်စပ်လျဉ်း ၍ အသိပညာပေးလုပ်ငန်းများကို မဖြစ်မနေ  ဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း၊ ပြည်ထောင်စု နယ်မြေ၊    တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင်  ဖွဲ့စည်းထား သော စားသုံးသူရေးရာကော်မတီ များကိုလည်း       ဥပဒေအရ လုပ်ပိုင်ခွင့်များ   အပ်နှင်းထား ပြီဖြစ်ရာ ကော်မတီများအနေဖြင့် စားသုံးသူအသိပညာပေးလုပ်ငန်း အပါအဝင် မိမိ၏ လုပ်ပိုင်ခွင့်အရ ထိထိရောက်ရောက်  ဆောင်ရွက် စေလိုကြောင်း၊ လိုအပ်သည်များ ကိုလည်း ကော်မရှင်နှင့်ဆက်သွယ် ၍  ဆောင်ရွက်စေလိုပါကြောင်း၊ စားသုံးသူအသိပညာပေးဆောင် ရွက်ရာတွင်လည်း လူလတ်ပိုင်းနှင့် လူငယ်ပိုင်းများကို အဓိကထား၍ ဆောင်ရွက်ရန် လိုအပ်လာသည် ကို    တွေ့ရှိရကြောင်း    ဆွေးနွေး ပြောကြားသည်။

 


ဆက်လက်၍     ကော်မရှင် ဥက္ကဋ္ဌ    ပြည်ထောင်စုဝန်ကြီးက ၂၀၂၃ ခုနှစ် မတ် ၁၅ ရက်တွင် ကျရောက်မည့်   ကမ္ဘာ့စားသုံးသူ အခွင့်အရေးနေ့ကို   “စားသုံးသူ ကဏ္ဍမြှင့်တင်ဖို့ သန့်ရှင်းစွမ်းအင် ကူးပြောင်းစို့” ဟူသည့် ဆောင်ပုဒ် နှင့်အညီ    တိုင်းဒေသကြီးနှင့် ပြည်နယ်များ၌ စားသုံးသူပြည်သူ များ စိတ်ပါဝင်စားနိုင်သော အစီ အစဉ်များကို ဆန်းသစ်တီထွင်၍ ကျယ်ပြန့်စွာဆောင်ရွက်သွားနိုင် ရေးနှင့်  စပ်လျဉ်း၍   ဆွေးနွေး ပြောကြားသည်။

 


ထို့နောက် ယခင်   အစည်း အဝေး   ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှု၊ အဆုံးအဖြတ် ပေးရမည့် လုပ်ငန်းဆောင်ရွက် ချက်များနှင့်         စပ်လျဉ်း၍ ကော်မရှင်အတွင်းရေးမှူး စားသုံး သူရေးရာဦးစီးဌာန ညွှန်ကြားရေး မှူးချုပ်   ဦးမြင့််ချိုက   ရှင်းလင်း တင်ပြပြီး   တင်ပြချက်များအပေါ် ကော်မရှင်ဥက္ကဋ္ဌ၊ ကော်မရှင်အဖွဲ့ ဝင်များနှင့် တက်ရောက်လာကြ သူများက ပြန်လည်ဆွေးနွေးကာ အစည်းအဝေးကို ရုပ်သိမ်းခဲ့သည်။ 

 


အဆိုပါ   အစည်းအဝေးသို့ မြန်မာနိုင်ငံ စားသုံးသူကာကွယ် ရေးကော်မရှင်     အဖွဲ့ဝင်များ၊ ပြည်ထောင်စုနယ်မြေ၊ တိုင်းဒေသ ကြီးနှင့် ပြည်နယ်စားသုံးသူရေးရာ ကော်မတီဥက္ကဋ္ဌများနှင့် တာဝန် ရှိသူများ တက်ရောက်ကြကြောင်း သိရသည်။        

သတင်းစဉ်