ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန် ရခိုင်ပြည်နယ် စစ်တွေ၊ ကျောက်ဖြူနှင့် အမ်းမြို့များရှိ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဝန်ထမ်းများနှင့် တွေ့ဆုံ

 

နေပြည်တော်   မတ်   ၁


ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးဝင်းရှိန်သည် ရခိုင်ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးစံရွှေ မောင်နှင့်အတူ ဖေဖော်ဝါရီ ၂၆ ရက်တွင်  ရခိုင်ပြည်နယ်   စစ်တွေမြို့ရှိ စီမံကိန်းရေးဆွဲရေးဦးစီးဌာန၊   ဗဟိုစာရင်းအင်းအဖွဲ့၊  မြန်မာ့စီးပွားရေး ဘဏ်၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ မြန်မာ့အာမခံလုပ်ငန်း၊ ရသုံး မှန်းခြေငွေစာရင်းဦးစီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ အကောက် ခွန်ဦးစီးဌာန၊ ငွေရေးကြေးရေးကြီးကြပ်စစ်ဆေးရေးဦးစီးဌာနနှင့် ပင်စင် ဦးစီးဌာနတို့မှ ဝန်ထမ်းများကို တွေ့ဆုံသည်။

 


ထို့ပြင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်သည် ရခိုင်ပြည်နယ်  ဝန်ကြီးချုပ်   ဦးထိန်လင်းနှင့်အတူ ဖေဖော်ဝါရီ ၂၈ ရက် တွင် ကျောက်ဖြူမြို့ရှိ မြန်မာ့စီးပွားရေးဘဏ် (ခရိုင်ဘဏ်ခွဲ)၊ မြန်မာ့ လယ်ယာဖွံ့ဖြိုးရေးဘဏ် (ခရိုင်ဘဏ်ခွဲ)နှင့် အကောက်ခွန်ဦးစီးဌာနရုံး များသို့လည်းကောင်း၊ ယနေ့တွင် အမ်းမြို့ရှိ မြန်မာ့စီးပွားရေးဘဏ် (မြို့နယ်ဘဏ်ခွဲ)၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် (မြို့နယ်ဘဏ်ခွဲ)၊ ပြည်တွင်းအခွန်များဦးစီးဌာနနှင့်     စီမံကိန်းရုံးများသို့လည်းကောင်း သွားရောက်စစ်ဆေးပြီး ဝန်ထမ်းများနှင့် တွေ့ဆုံသည်။

 


ယင်းသို့တွေ့ဆုံစဉ် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးက ဝန်ထမ်းများအနေဖြင့်   နှစ်အလိုက်   စီမံကိန်းများကို  လျာထားချက် အလိုက်   အောင်မြင်စွာအကောင်အထည်ဖော်ရေး၊   အရည်အသွေး ပြည့်မီသောချေးငွေများကို ထုတ်ချေးနိုင်ရေးနှင့် Non-Preforming Loans (NPL) ကျဆင်းရေးအတွက် စီမံချက်များရေးဆွဲပြီး ထိရောက်စွာ ဆောင်ရွက်နိုင်ရေး၊ သတ်မှတ်ဘဏ္ဍာနှစ်အတွင်း အခွန်လျာထားချက် ပြည့်မီအောင်  ကောက်ခံနိုင်ရေးနှင့်   ပြည်သူများအား   အခွန်ဆိုင်ရာ ဗဟုသုတများ နားလည်မှုရှိစေရေးအတွက် အသိပညာပေးဆောင်ရွက် ရေး၊ MSME လုပ်ငန်းများအား ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဝန်ထမ်း များအနေဖြင့်    MSME   လုပ်ငန်းရှင်များကို   ဝိုင်းဝန်းပံ့ပိုးဆောင်ရွက် ပေးနိုင်ရေးနှင့် ဝန်ထမ်းများအနေဖြင့် စည်းလုံးညီညွတ်စွာဖြင့် မိမိတို့၏ လုပ်ငန်းတာဝန်များကို ကြိုးပမ်းဆောင်ရွက်ရေးတို့အား မှာကြားခဲ့ပြီး ဝန်ထမ်းများ၏ တင်ပြချက်များအား ဖြေရှင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။              
                   

သတင်းစဉ်