စိုက်ပျိုးမွေးမြူရေးကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုများ၊ လိုအပ်သည့်စက်ကိရိယာ အပါအဝင် သွင်းအားစုများ၊ စိုက်ပျိုးနည်းပညာများ ပြည့်စုံလာပါက ထုတ်လုပ်မှုစွမ်းအားတိုးလာပြီး နိုင်ငံ့စီးပွားရေး ပိုမိုဖွံ့ဖြိုးတိုးတက်လာမည်

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ
နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ
တောင်သူလယ်သမားနေ့အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာ 
(၂၀၂၃ ခုနှစ်၊ မတ်လ ၂ ရက်)


ချစ်ခင်လေးစားအပ်ပါသော တောင်သူလယ်သမားကြီးများခင်ဗျား


ယနေ့အချိန်အခါသမယသည်  နိုင်ငံတစ်ဝန်းလုံးရှိ တောင်သူ လယ်သမားများအား အထူးအလေးထားရှိ၍ ဂုဏ်ပြုသည့် သမိုင်းဝင် နေ့ထူးနေ့မြတ် ဖြစ်ပါသည်။ ဤကဲ့သို့ ရက်မြတ်မင်္ဂလာအချိန်အခါ သမယတွင်    ပြည်သူများအတွက်     စားရေရိက္ခာဖူလုံစေရေးနှင့် နိုင်ငံတော်၏ စီးပွားရေးနှင့်  ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် အဓိက စွမ်းအားရှင်များဖြစ်ကြသည့် တောင်သူလယ်သမားကြီးများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကြည်သာရွှင်လန်း ကျန်းမာချမ်းသာကြပြီး မင်္ဂလာ အပေါင်းနှင့် ပြည့်စုံကြလျက် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ပိုမို ဖွံ့ဖြိုးအောင်မြင်ပြီး  လူမှုစီးပွားဘဝများ  မြင့်မားတိုးတက်ကြပါစေ ကြောင်း ဆုမွန်ကောင်းတောင်းရင်း နှုတ်ခွန်းဆက်သအပ်ပါသည်။

 


ယနေ့ကာလတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အနေဖြင့် တိုင်းပြည်    သာယာဝပြောရေးနှင့်   စားရေရိက္ခာဖူလုံရေးအတွက် ပြည်သူလူထုဗဟိုပြု ဖွံ့ဖြိုးရေးလုပ်ငန်းများကို လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ပြီး ဦးတည်ချက် (၁၂)ရပ် ချမှတ်ဆောင်ရွက် ခဲ့ရာ၊ စီးပွားရေးဦးတည်ချက် (၄)ရပ် အနက် “စိုက်ပျိုးရေးနှင့်မွေးမြူ ရေးကို  အခြေခံသည့်  ကုန်ထုတ်လုပ်မှု   ခေတ်မီနည်းစနစ်များဖြင့် ပိုမိုဖွံ့ဖြိုးတိုးတက်အောင်  ဆောင်ရွက်ပြီး  အခြားစီးပွားရေးကဏ္ဍ များကိုလည်း ဘက်စုံဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်ရေး” နှင့် “သွင်းကုန်အစားထိုးရန်နှင့်    ပို့ကုန်မြှင့်တင်နိုင်ရေး    ဒေသထွက် ကုန်ကြမ်းများကို အခြေခံသည့် အသေးစား၊ အငယ်စား၊ အလတ်စားစီးပွားရေးလုပ်ငန်း (MSME) များကို   ရေရှည်အာမခံချက်ရှိအောင် အားပေးကူညီပြီး နိုင်ငံတော်၏ ထုတ်ကုန်များစွာ ထုတ်လုပ်နိုင်သည့် အလုပ်အကိုင်အခွင့်အလမ်းများ ဆောင်ရွက်ဖော်ဆောင်ရေး” ဆိုသည့် ဦးတည်ချက်များနှင့်အညီ နိုင်ငံ၏ လယ်ယာစိုက်ပျိုးရေးနှင့် မွေးမြူ ရေးကဏ္ဍတို့ ဖွံ့ဖြိုးတိုးတက်ရေးကို ပဓာနကျသည့် တာဝန်တစ်ရပ် အဖြစ် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။

 


နိုင်ငံတော်၏    အခြေခံစီးပွားရေးကဏ္ဍကြီးဖြစ်သော   စိုက်ပျိုး မွေးမြူရေးကဏ္ဍမှ   စားရေရိက္ခာဖူလုံရေးနှင့်    အာဟာရပြည့်ဝစွာ စားသုံးနိုင်ရေး၊  အစားအစာဘေးကင်းလုံခြုံရေးတို့ကို  အဓိကထား၍ ဖော်ဆောင်ပေးရာတွင်  တောင်သူလယ်သမားကြီးများနှင့်  ၎င်းတို့ မိသားစုများ၏စွမ်းအားသည် အဓိကအခန်းကဏ္ဍမှ ပါဝင်လျက်ရှိပေရာ နိုင်ငံတော်အနေဖြင့်လည်း ယင်းကဲ့သို့ စွမ်းအားရှင်များ၏ လူမှုစီးပွား ဘဝ တိုးတက်မြင့်မားရေးကိုပါ တစ်ပါတည်း ဒွန်တွဲဆောင်ရွက်ပေးလျက်ရှိပါသည်။
ကမ္ဘာပေါ်တွင် ရာသီဥတုပြောင်းလဲမှု၊ နိုင်ငံရေးမတည်ငြိမ်မှုများကြောင့် နိုင်ငံအများစု၏ စားရေရိက္ခာဖူလုံမှုအပေါ် စိန်ခေါ်မှုများစွာ ပေါ်ပေါက်လျက်ရှိပြီး    နိုင်ငံတိုင်းကလည်း   ပြည်တွင်းစားရေရိက္ခာ ဖူလုံရေးအတွက် မူဝါဒမျိုးစုံ ချမှတ်ကျင့်သုံးလျက်ရှိပါသည်။ မြန်မာ နိုင်ငံအနေဖြင့်လည်း အရည်အသွေးနှင့် အထွက်နှုန်းပိုမိုကောင်းမွန် သည့် ဆန်စပါးတိုးချဲ့ စိုက်ပျိုးထုတ်လုပ်ရေးနှင့် ပြည်ပသို့ ပိုမိုတင်ပို့ နိုင်ရေးအတွက်  ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။  ပြည်ပပို့ကုန် တိုးမြှင့်တင်ပို့နိုင်ရေးအတွက်   ရေးဆွဲအကောင်အထည်ဖော်လျက် ရှိသော အမျိုးသားပို့ကုန် မဟာဗျူဟာရည်မှန်းချက်၏ ဦးစားပေးပို့ကုန် အမယ်များတွင် ဆန်နှင့် ဆန်ထွက်ပစ္စည်းကဏ္ဍသည် ဦးစားပေးကဏ္ဍ တစ်ရပ်ဖြစ်ပါသည်။  ဆန်စပါးတင်ပို့မှုမြှင့်တင်ရေး    မဟာဗျူဟာ မျှော်မှန်းချက်မှာ    ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့်    ဝင်ငွေ တိုးတက်လာစေရေးအတွက်   အရည်အသွေးမြင့်မားပြီး   သဘာဝ ပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေဖြစ်မည့် ရေရှည်ဖွံ့ဖြိုးတိုးတက် သော ဆန်စပါး စိုက်ပျိုးထုတ်လုပ်ရေးနှင့် တင်ပို့ရေးပင်ဖြစ်ပါသည်။

 


ထို့ပြင် ဒေသတွင်း စားရေရိက္ခာဖူလုံရေးသာမက ပြည်ပပို့ကုန် တိုးမြှင့်တင်ပို့ရန်နှင့်     နိုင်ငံစီးပွားရေး    ဖွံ့ဖြိုးတိုးတက်လာစေရန် လယ်ယာမြေများကို   အခြားနည်းဖြင့်   သုံးစွဲခြင်းများ  မရှိစေရေးနှင့်  စိုက်ဧက    တိုးချဲ့ရေးဆောင်ရွက်ရမည်ဖြစ်သကဲ့သို့    သီးနှံများ၏ တစ်ဧကအထွက်နှုန်းတိုးတက်ရေးကို အလေးပေး ဆောင်ရွက်ကြရမည် ဖြစ်ပါသည်။ သီးနှံတစ်ဧကအထွက်နှုန်း တိုးတက်ရေးဆောင်ရွက်ရာ တွင်     အဓိကအချက်များဖြစ်သည့်      မျိုးကောင်းမျိုးသန့်ရရှိရေး၊ သွင်းအားစုများ စျေးနှုန်းသက်သာစွာ ဝယ်ယူရရှိရေးအတွက် အစိုးရ၊ ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းရှင်များ၊ အသင်းအဖွဲ့များနှင့် တောင်သူ လယ်သမားများအားလုံး ပူးပေါင်းဆောင်ရွက်သွားကြရမည် ဖြစ်ပါ သည်။    ရာသီဥတုပြောင်းလဲလာမှုကြောင့်    ရေအရင်းအမြစ်များ လျော့ပါးလာသဖြင့် နိုင်ငံတော်အစိုးရအနေဖြင့် တောင်သူလယ်သမား ကြီးများ စိုက်ပျိုးရေရရှိရေး နည်းမျိုးစုံဖြင့် ဆောင်ရွက်ပေးလျက်ရှိရာ ရေကို   ထိရောက်စွာအသုံးပြုရေးနှင့်     အလေအလွင့်မရှိစေရေး သတိထားဆောင်ရွက်ကြရန် လိုအပ်ပါသည်။
ထို့ကြောင့် စားရေရိက္ခာဖူလုံရေးနှင့် ပြည်ပသို့ ပိုမိုတင်ပို့နိုင်ရေး အတွက် သီးနှံစိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားစေ၍ မြန်မာနိုင်ငံ ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း (၂၀၁၈-၂၀၃၀ ခုနှစ်)ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိ ပါသည်။ မြန်မာနိုင်ငံ၏ စီးပွားရေးမူဝါဒတွင်လည်း စားရေရိက္ခာဖူလုံ ရေးနှင့် ပို့ကုန်ကဏ္ဍမြှင့်တင်ရေးအတွက် သီးနှံအလိုက် နှစ်စဉ်စီမံကိန်း များ ချမှတ်ဆောင်ရွက်လျက်ရှိရာ ၂၀၂၁-၂၀၂၂ ခုနှစ်တွင် တိုင်းဒေသ ကြီး/ ပြည်နယ်များ၌ စပါး (၁၇,၂၉၄,၄၅၇) ဧက၊ ပဲမျိုးစုံ (၉,၇၆၉,၈၁၉) ဧက၊    ဆီထွက်သီးနှံ  (၇,၅၄၃,၂၁၇) ဧက၊    အစေ့ထုတ်ပြောင်း (၁,၅၀၁,၅၁၄) ဧက၊ ဝါသီးနှံ (၃၉၃,၇၈၁) ဧက စိုက်ပျိုးနိုင်ခဲ့ပြီး ၂၀၂၂-၂၀၂၃ ခုနှစ်တွင် စပါး (၁၅,၂၂၃,၃၃၂) ဧက၊ ပဲမျိုးစုံ (၉,၅၈၂,၀၁၅) ဧက၊ ဆီထွက်သီးနှံ (၇,၈၃၄,၃၇၆) ဧက၊ အစေ့ထုတ်ပြောင်း (၁,၄၇၄,၉၅၁) ဧကနှင့် ဝါသီးနှံ (၄၅၈,၃၈၈) ဧက စိုက်ပျိုးဆောင်ရွက်ထားရှိပြီးဖြစ် ပါသည်။

 


စပါးအထွက်နှုန်းတိုးတက်ရေးအတွက် ၂၀၂၂-၂၀၂၃ ခုနှစ်၌ သိပ္ပံ နည်းကျ စိုက်နည်းစနစ်ဖြင့် တစ်ကွင်းတစ်စပ်တည်း မိုးစပါးဧက(၁၀၀) စံပြကွက်များ စိုက်ပျိုးခြင်းစီမံကိန်းကို ဆောင်ရွက်လျက်ရှိပြီး တိုင်း ဒေသကြီး/ပြည်နယ် (၁၂)ခုဖြစ်သည့်  နေပြည်တော်ကောင်စီနယ်မြေ၊ ကချင်၊ ကရင်၊ မွန်၊ ရခိုင်၊ ရှမ်းပြည်နယ်တို့နှင့် စစ်ကိုင်း၊ ပဲခူး၊ မကွေး၊ မန္တလေး၊ ရန်ကုန်၊ ဧရာဝတီတိုင်းဒေသကြီးတို့ရှိ မြို့နယ် (၁၅)မြို့နယ် တွင် (၁၅၀၀)ဧက လျာထားဆောင်ရွက်ခဲ့ရာ (၁၆၀၀) ဧက စိုက်ပျိုးနိုင် ခဲ့ပြီး တစ်ဧကလျှင် ပျမ်းမျှ (၁၁၅.၇၆) တင်းထွက်ရှိအောင် ဆောင်ရွက် နိုင်ခဲ့ပါသည်။ စပါးအထွက်နှုန်းများကို တစ်ဧကချင်းအလိုက် အထွက် နှုန်းတိုးအောင်   ဆောင်ရွက်နိုင်မည်ဆိုပါက   ပြည်တွင်း ဆန်ဖူလုံမှု လုံလောက်သည့်အပြင်     ပြည်ပသို့     တင်ပို့ရောင်းချနိုင်မည်ဖြစ်၍ တောင်သူလယ်သမားများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေမည် ဖြစ်ပြီး နိုင်ငံတော်အတွက်လည်း အကျိုးဖြစ်ထွန်းမည်ဖြစ်ပါသည်။

 


ပြည်တွင်းဆီစားသုံးမှုဖူလုံစေရန်   ဆီထွက်သီးနှံကဏ္ဍ  ဖွံ့ဖြိုး တိုးတက်ရေးအတွက် တိုင်းဒေသကြီး/ ပြည်နယ်အလိုက် နေရာဒေသ မရွေး စိုက်ပျိုးနိုင်သည့် နေကြာသီးနှံစိုက်ဧက (၁.၅) သန်းအထိ တိုးချဲ့ စိုက်ပျိုးရေးကို   အကောင်အထည်ဖော်  ဆောင်ရွက်လျက်ရှိပါသည်။ နေကြာစိုက်တောင်သူများအတွက်      စိုက်ပျိုးစရိတ်ကုန်ကျမှုကို အထောက်အပံ့ဖြစ်စေရေးအတွက်    နိုင်ငံတော်က   ခွင့်ပြုငွေကျပ် ၁၀၀.၂၄၈ ဘီလီယံဖြင့် နေကြာစိုက်ပျိုးရာသီများတွင် နေကြာမျိုးစေ့နှင့် သွင်းအားစုများ အချိန်မီပံ့ပိုးထုတ်ပေးနိုင်ရန် စီစဉ်ဆောင်ရွက်သွားမည် ဖြစ်ပါသည်။ လက်ရှိအချိန်တွင် အချို့သည် ဆီကို လိုအပ်သည်ထက် ပိုမိုစားသုံးနေကြသဖြင့် ကျန်းမာရေးအရ ထိခိုက်ဆုံးရှုံးမှုများနှင့်အတူ ပြည်ပမှ   မှာယူတင်သွင်းရမှုများ   မြင့်တက်လျက်ရှိပါသည်။   ဆီကို လိုသလောက်သာ      သုံးစွဲခြင်းဖြင့်      ကျန်းမာရေးကောင်းမွန်မှုကို အထောက်အကူပြုနိုင်မည်ဖြစ်သည့်အပြင် ပြည်တွင်းဆီဖြင့် စားသုံးမှု လုံလောက်စေရန်    ကြိုးပမ်းခြင်းဖြင့်လည်း    နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချစေနိုင်မည်ဖြစ်သဖြင့် ဆီထွက်သီးနှံစိုက်ပျိုးမှုမြှင့်တင်ရေးကို ကြိုးစားဆောင်ရွက်ကြရန် တိုက်တွန်းလိုပါသည်။ 

 


အလားတူ ချည်တင်သွင်းမှု လျှော့ချနိုင်ရေးအတွက် ပြည်တွင်း လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ပြီး ပြည်ပတင်ပို့နိုင်ရေးကို ရည်မှန်း၍ ချည်မျှင်ရှည်ဝါ တိုးမြှင့်ထုတ်လုပ်ရန် ဝါသီးနှံကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ချည်မျှင်ရှည်ဝါသီးနှံ တစ်ဧကအထွက်နှုန်း တိုးတက်ရေး၊ (၄)နှစ်ကာလအတွင်း ဧက(၇)သိန်းပြည့်မီအောင် စိုက်ပျိုးဆောင်ရွက် ရမည်ဖြစ်ပါသည်။ ဝါတစ်ဧက အထွက်နှုန်းပိဿာ (၇၀၀)နှင့်အထက် လျာထားချက် ပြည့်မီစေရန်နှင့် အရည်အသွေးကောင်းဝါနှင့် ဝါဂွမ်း များရရှိရေး (၂၀၂၂-၂၀၂၃ မှ ၂၀၂၅-၂၀၂၆) ခုနှစ်အထိ ကာလသတ်မှတ်၍ ချည်မျှင်ရှည်ဝါ တိုးတက်ထုတ်လုပ်ရေးစီမံကိန်းကို ဆောင်ရွက်လျက် ရှိပါသည်။

 


ချစ်ခင်လေးစားအပ်ပါသော တောင်သူလယ်သမားကြီးများခင်ဗျား


“နိုင်ငံ၏ စီးပွားရေးအခြေအနေကောင်းများ ဖန်တီးနိုင်မှသာလျှင် နိုင်ငံဖွံ့ဖြိုးတိုးတက်အောင်   ဆောင်ရွက်နိုင်မည်’’  ဖြစ်သည့်အတွက် လယ်ယာစိုက်ပျိုးရေးကဏ္ဍတွင် တောင်သူလယ်သမားများ၏ စိုက်ပျိုး ထုတ်လုပ်မှုဖွံ့ဖြိုးတိုးတက်ပြီး တစ်ဦးချင်းဝင်ငွေတိုးတက်စေရန်နှင့် ပြည်သူလူထု၏ လူမှုစီးပွားဘဝနှင့် နိုင်ငံတော်၏ စီးပွားရေးအခြေအနေ ကို ပြန်လည်မြှင့်တင်နိုင်ရန် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက် မည့် ပဲတီစိမ်းနှင့် နွေစပါးစီမံကိန်းကို ရေးဆွဲဆောင်ရွက်လျက်ရှိရာ ၂၀၂၂-၂၀၂၃ ခုနှစ်၌ နွေစပါး သီးနှံဧက(၈၅၀,၀၀၀)နှင့် ပဲတီစိမ်းသီးနှံ ဧက (၅၀၀,၀၀၀) စိုက်ပျိုးထုတ်လုပ်ခြင်းတွင် ကျပ်ဘီလီယံ(၂၃၀)အား နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ  သုံးစွဲဆောင်ရွက်သွားလျက် ရှိပါသည်။ 

 


အစားအစာနှင့်  အာဟာရလုံခြုံမှုရှိစေရန်နှင့် သီးနှံအထွက်နှုန်း တိုးတက်စေရန်အတွက် မူရင်းသီးနှံသာမက သီးထပ်၊ သီးညှပ်စိုက်ပျိုး ထုတ်လုပ်ခြင်း၊ ဘေးအန္တရာယ်ကင်းရှင်း၍ စံချိန်စံညွှန်းနှင့် ညီညွတ် သော သီးနှံထုတ်လုပ်ကုန်များ စိုက်ပျိုးထွက်ရှိရေးအတွက် စိုက်ပျိုးရေး ဆိုင်ရာ အလေ့အကျင့်ကောင်းများ (Good Agriculture Practices–GAP) နှင့် အော်ဂဲနစ်စိုက်ပျိုးရေးကိုလည်း ပညာပေးဆောင်ရွက်လျက် ရှိပါသည်။   တောင်သူများ  သီးနှံစိုက်ပျိုးထုတ်လုပ်   ကုန်ကျစရိတ် သက်သာစေရန် ဓာတ်မြေဩဇာ စနစ်တကျထိရောက်စွာ အသုံးပြု တတ်စေရေး၊ သဘာဝမြေဩဇာ၊ သစ်စိမ်းနှင့် ဇီဝမြေဩဇာ သုံးစွဲတတ် လာစေရေး၊    မြေဆီလွှာပြုပြင်ထိန်းသိမ်းရေးအတွက်  ပညာပေး ဆောင်ရွက်လျက်ရှိပါသည်။ 

 


တောင်သူများ   ဝင်ငွေတိုးတက်ရေးအတွက်   သီးနှံအထွက်နှုန်း တိုးတက်လာစေရေး ပညာပေးဆောင်ရွက်ပေးခြင်းအပြင် ဇီဝမျိုးများ ထိန်းသိမ်းထားနိုင်ပြီး  ရေရှည်တည်တံ့သော ပတ်ဝန်းကျင်အဖြစ် ထိန်းသိမ်းထားနိုင်ရေးအတွက် မှန်ကန်သော ထွန်ယက်စိုက်ပျိုးခြင်း၊ မျိုးစေ့အရည်အသွေးမြှင့်တင်ခြင်း၊ သီးနှံပိုးမွှားရောဂါ ကာကွယ်​ရေး၊ မြေဆီဩဇာတိုးတက်ရေးနှင့် စိုက်ပျိုးရေကို စနစ်တကျစီမံခန့်ခွဲခြင်း နည်းပညာများကို တောင်သူများသို့ ပညာပေးဖြန့်ဝေလျက်ရှိပါသည်။

 

တောင်သူလယ်သမားများ  စိုက်ပျိုးရေးဆိုင်ရာ  ရင်းနှီးမြှုပ်နှံမှုများ ရရှိရေးအတွက်လည်း မျိုးစေ့ထုတ်အသင်းအဖွဲ့များ (Seed Grower Association-SGA)၊  မျိုးစေ့ထုတ်သမဝါယမအသင်းများ  (Seed Grower Cooperation-SGC)၊ မျိုးစေ့ထုတ်လယ်သမားအသင်းများ (Farmer Group Association)၊ ပုဂ္ဂလိကကဏ္ဍ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် ချိတ်ဆက်ပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းများကိုလည်း စီမံဆောင်ရွက်ပေးလျက်ရှိပါသည်။

 


ချစ်ခင်လေးစားအပ်ပါသော တောင်သူလယ်သမားကြီးများခင်ဗျား


ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်မှုအနေဖြင့် ၂၀၂၂- ၂၀၂၃ ခုနှစ်တွင်  ကျေးရွာ  (၂၉,၂၉၄)  ရွာတွင်   ကျေးလက် ရေရရှိရေးလုပ်ငန်း (၁၂၀၄)ခု၊  ဆီထွက်သီးနှံ (၄,၄၃၁) ဧကအတွက် ဆိုလာရေတင်စနစ် (၁၁၁) ခု၊ မြို့ (၁၄)မြို့တွင် ရေပေးဝေခြင်း၊ကျေးရွာ (၁၅,၀၆၃)ရွာတွင်  ကျေးလက်မီးလင်းရေးအတွက်  (Solar Home System-SHS) (၄၃,၇၀၇) ခုနှင့်  Mini-grid (၈)ခု၊   ဆီထွက်သီးနှံ (၅၂၀၃)ဧကအတွက်  ကုန်ထုတ်လမ်း၊ တံတားများနှင့် ဧက (၁.၈၆)သန်းအတွက်     ပုံမှန်ကျေးလက်ကုန်ထုတ်လမ်း၊     တံတားများ တည်ဆောက်ခြင်း၊    ကျေးလက်အိမ်ရာ  (၇၂)  လုံး    တည်ဆောက် ခြင်း၊        အသက်မွေးဝမ်းကျောင်း      အထောက်အကူပြုသင်တန်း (၆၇၆)ကြိမ် ဆောင်ရွက်ခဲ့ခြင်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးစီမံကိန်း များအနေဖြင့် မြစိမ်းရောင်ကျေးရွာစီမံကိန်း၊ ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်း စီမံကိန်း၊ ခေတ်မီစံပြကျေးရွာ ထူထောင်ရေးစီမံကိန်း၊ လူထုဗဟိုပြု စီမံကိန်းနှင့်   ကျေးလက်စီးပွားမြင့်မားရေး   ရန်ပုံငွေထူထောင်ခြင်း လုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။ 

 


အသားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်ထောက်ပံ့ငွေ ဖြင့်   သွင်းအားစုများ   ပံ့ပိုးခြင်းလုပ်ငန်းများဖြစ်သော  မြစိမ်းရောင် (အသားကဏ္ဍ) ကျေးရွာများ   ထူထောင်ခြင်း၊   မျိုးကောင်းမျိုးသန့် တိရစ္ဆာန်ဖြန့်ဖြူးခြင်း၊ မျိုးမြှင့်၊ မျိုးပွား၊ မျိုးထိန်းသိမ်းပေးခြင်းလုပ်ငန်း များတွင်   မေထုန်မဲ့သားစပ်လုပ်ငန်း   ဆောင်ရွက်ပေးခြင်း၊  မျိုးထိန်း၊ မျိုးပွားသုတေသနခြံများ    တည်ထောင်ပြီး    တောင်သူများအား မျိုးဖြန့်ဖြူးပေးခြင်း၊ တောင်သူလယ်သမားများအား ကောင်းမွန်သော တိရစ္ဆာန်မွေးမြူရေးကျင့်စဉ် (Good Animal Husbandry Practices-GAHP)နှင့်အညီ မွေးမြူထုတ်လုပ်ခြင်းလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် အတွက် မွေးမြူရေးနည်းပညာပံ့ပိုးပေးခြင်းနှင့် အသိပညာပေးခြင်း လုပ်ငန်းများ ဆောင်ရွက်ခြင်း၊ တိရစ္ဆာန်ရောဂါ ကာကွယ်ဆေးများထိုးနှံ ပေးခြင်း၊ ရောဂါဖြစ်ပွားမှုများအား ထိန်းချုပ်ခြင်းနှင့် ကုသခြင်း၊ရောဂါ စူးစမ်းလေ့လာခြင်း၊  သဘာဝဘေးဒဏ်သင့်ဒေသများသို့   တိရစ္ဆာန် အစာနှင့် ဆေးများထောက်ပံ့ပေးခြင်းတို့ ဆောင်ရွက်လျက်ရှိပါသည်။ 
ကုန်သွယ်မှုအတွက် ရည်ရွယ်၍ ပြောင်းချဉ်ဖတ် (Corn Silage) ကို ပို့ကုန်အမယ်အသစ်အနေဖြင့် တင်ပို့နိုင်ရန် တိရစ္ဆာန်အစာ ချဉ်ဖတ် ထုတ်လုပ်ခြင်းလုပ်ငန်း  လုပ်ကိုင်ဆောင်ရွက်သူများ လိုက်နာရမည့် ညွှန်ကြားချက်ကို ထုတ်ပြန်ထားရှိပြီးဖြစ်ပြီး နယ်စပ်ဒေသမှတစ်ဆင့် ပြည်ပဈေးကွက်  လိုအပ်ချက်များအရ   သုတေသနဆောင်ရွက်၍ တင်ပို့လျက်ရှိပါသည်။ 

 


ပြည်ပသို့ တိရစ္ဆာန်ထွက်ပစ္စည်းများတင်ပို့မှုအနေဖြင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွင်း (ဧပြီလမှ ဒီဇင်ဘာလအထိ) စုစုပေါင်းတန်ဖိုး အားဖြင့်  အမေရိကန်ဒေါ်လာ (၄၂.၉၈၂) သန်း  ဝင်ငွေရရှိခဲ့ပါသည်။ အသား/ နို့/ ဥထုတ်လုပ်မှုအနေဖြင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွင်း (ဧပြီလမှ ဒီဇင်ဘာလအထိ) အသားပိဿာ (၅၅၅.၉၇၅)သန်း၊ နို့ပိဿာ (၉၇၇.၈၃၄) သန်း၊   ဥလုံးရေ (၂၈၄၉.၅၃၁) သန်း   ထုတ်လုပ်နိုင်ခဲ့ ပါသည်။

 


ငါးကဏ္ဍအနေဖြင့် ဖမ်းဆီး၊ မွေးမြူ၊ ပြုပြင်ထုတ်လုပ်သူများနှင့် ထုတ်လုပ်မှုကွင်းဆက်တစ်လျှောက်   ငါးလုပ်ငန်းနှင့်ပတ်သက်သည့် ပါဝင်ဆက်သွယ်သူအားလုံး စုစုပေါင်း (၂)သန်းကျော်ရှိပြီး ပြီးခဲ့သည့် နှစ် ငါး/ ပုစွန်ဖမ်းဆီး၊ မွေးမြူခြင်းမှ မက်ထရစ်တန်ထောင်ပေါင်း (၆၀၇၄.၈၂)တန် ထုတ်လုပ်ခဲ့ပြီး (၁၀ %)ခန့်ကိုသာ ပြည်ပတင်ပို့ခဲ့ပြီး အများစုမှာ  ပြည်တွင်း ငါးရိက္ခာလိုအပ်ချက်ကို ဖြည့်တင်းဆောင်ရွက် ပေးလျက်ရှိပါသည်။  ၂၀၂၂-၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလအထိ ငါးပုစွန် မွေးမြူခြင်း၊ ဖမ်းဆီးခြင်းတို့မှ မက်ထရစ်တန်ထောင်ပေါင်း (၄၅၂၈.၅၁) တန်ထုတ်လုပ်ခဲ့ပြီး ၎င်းအနက်မှ ရေထွက်ကုန်ပစ္စည်း (၃၀၀) မျိုးခန့်၊ မက်ထရစ်တန်ချိန် (၄၀၇,၄၆၉.၈၀၄) တန်ကို ပြည်ပသို့ တင်ပို့ခဲ့ပြီး အမေရိကန်ဒေါ်လာ (၆၃၁.၂၄၂) သန်းရရှိခဲ့ပါသည်။ ၂၀၂၂-၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလအထိ မွေးမြူရေးငါးပုစွန် (၉၇၆.၀၆၆) တန် ထုတ်လုပ်ခဲ့ပြီး ၎င်းအနက်မှ ရေထွက်ကုန်ပစ္စည်း (၃၀)မျိုးခန့်၊ မက်ထရစ် တန်ချိန် (၄၇,၈၁၂.၈၄၅) တန်ကို  ပြည်ပသို့တင်ပို့ခဲ့ပြီး  အမေရိကန်ဒေါ်လာ (၆၀.၂၈၅) သန်း ရရှိခဲ့ပါသည်။ ရေထွက်ကုန်ပစ္စည်းများအား နိုင်ငံ ပေါင်း (၄၀)ကျော်သို့ တင်ပို့လျက်ရှိရာ ရေထွက်ကုန်ပစ္စည်းများ အစား အစာ ဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် နိုင်ငံတကာမှ သတ်မှတ် ထားသည့်     စံချိန်စံညွှန်းများနှင့်အညီ    တင်ပို့နိုင်ရေးကို    စစ်ဆေး ဆောင်ရွက်လျက်ရှိပါသည်။ ရေထွက်ကုန်များကို ကဏ္ဍစုံမှ ထုတ်လုပ် နိုင်ခြင်းသည် နိုင်ငံစီးပွားဖွံ့ဖြိုးတိုးတက်မှုအတွက် များစွာအထောက် အကူဖြစ်စေလျက်ရှိရာ     ငါးလုပ်ငန်းနှင့်ပတ်သက်သည့်     ပါဝင် ဆက်သွယ်သူများအားလုံး၏ လုံ့လဝီရိယဖြင့် ကြိုးပမ်းမှုများအပေါ် အသိအမှတ်ပြုပါကြောင်း ဖော်ပြအပ်ပါသည်။

 


ချစ်ခင်လေးစားအပ်ပါသော တောင်သူလယ်သမားကြီးများခင်ဗျား


နိုင်ငံစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကကျသူ တောင်သူ လယ်သမားများအနေဖြင့်     တန်ဖိုးမြှင့်ထုတ်ကုန်     ကွင်းဆက် တစ်လျှောက်    ပါဝင်ပတ်သက်နေကြသူများ၊    အဖွဲ့အစည်းများနှင့် တက်ကြွစွာ ပူးပေါင်းပါဝင်ဆောင်ရွက်ရန်  လိုအပ်ပါသည်။ စိုက်ပျိုး မွေးမြူရေးကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုများ၊ လိုအပ်သည့် စက်ကိရိယာ အပါအဝင် သွင်းအားစုများ၊ စိုက်ပျိုးနည်းပညာများ ပြည့်စုံလာပါက ထုတ်လုပ်မှုစွမ်းအားတိုးလာပြီး နိုင်ငံ့စီးပွားရေး ပိုမိုဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ပါသည်။

 


စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများမှ ထွက်ရှိသည့် ကုန်ကြမ်း များမှ တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်နိုင်ရေး စဉ်းစားဆောင်ရွက် ကြရန် လိုအပ်ပါသည်။ ထို့အပြင် စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် ဒေသတစ်ခု  ထုတ်ကုန်တစ်မျိုး (One Region One Product) နှင့် စိုက်ပျိုးမွေးမြူရေး ထုတ်ကုန်များနှင့် ဆက်စပ်နေသော အသေးစား၊ အငယ်စား၊ အလတ်စား  စီးပွားရေးလုပ်ငန်းများ  (MSME)ကိုလည်း အောင်မြင်အောင် မြှင့်တင်ဆောင်ရွက်ကြရန် တိုက်တွန်းမှာကြားလို ပါသည်။

 

စိုက်ပျိုးမွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာခြင်းဖြင့် ပါဝင် ဆောင်ရွက်လျက်ရှိသော   တောင်သူများ၊   လယ်ယာလုပ်သားများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ သီးနှံတန်ဖိုးကွင်းဆက်တစ်လျှောက် ပါဝင် ပတ်သက်ကြသူများအားလုံး အကျိုးကျေးဇူးကို မျှတစွာ ခံစားကြရမည် ဖြစ်သကဲ့သို့    နိုင်ငံစီးပွားရေးကိုလည်း    အထောက်အကူပြုမည် ဖြစ်ပါသည်။ 

 


မိမိတို့နိုင်ငံသည်    သဘာဝမြေသယံဇာတ၊    ရေသယံဇာတ ပေါကြွယ်ဝလျက်ရှိပြီး စိုက်ပျိုးမွေးမြူရေးအတွက် ပြောင်းလဲဖြစ်ပေါ် လာသော ရာသီဥတုအခြေအနေအပေါ် မူတည်၍ လိုက်လျောညီထွေ သော နည်းပညာများနှင့် ပေါင်းစပ်စိုက်ပျိုးမှုများပြုလုပ်ကာ၊ တောင်သူ လယ်သမားတို့၏ ပေါင်းစည်း အင်အားဖြင့်၊ လယ်ယာကဏ္ဍအပါအဝင် နိုင်ငံတော်၏အမျိုးသားရေး အကျိုးစီးပွားဘက်စုံဖွံ့ဖြိုးတိုးတက်ရေးကို အရှိန်အဟုန်မြှင့်တင်၍ ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ် ပါသည်။ အခက်အခဲအကျပ်အတည်းများနှင့် ပြည်တွင်း၊ ပြည်ပကုန်သွယ်မှု ကန့်သတ်ချက်များရှိနေသည့်ကြားမှ ယခုကဲ့သို့ လယ်ယာထွက်ကုန်၊ တိရစ္ဆာန်ထွက်ပစ္စည်းများ၊  အရှိန်အဟုန်မပျက် ထုတ်လုပ်တင်ပို့နိုင် သည်အထိ  စွမ်းအားပြည့်ဆောင်ရွက်ပေးခဲ့ကြသော   စားရေရိက္ခာ ထုတ်လုပ်ပေးကြသူ    ကျေးဇူးရှင်  တောင်သူလယ်သမားကြီးများကို အစဉ်ဂုဏ်ပြုအပ်ပါကြောင်းနှင့် ပြည်ထောင်စုတစ်ဝန်းလုံးရှိ တောင်သူ လယ်သမားများအပါအဝင် နိုင်ငံသားအားလုံး၏ ရေရှည်အကျိုးစီးပွား အတွက် မိမိတို့ ရင်ဆိုင်ကြုံတွေ့ကြရမည့် စိန်ခေါ်မှုများ၊ အတားအဆီး များနှင့် အခက်အခဲမှန်သမျှတို့ကို ကျော်လွှားပြီး ရည်မှန်းချက်ပန်းတိုင် အရောက် အတူလက်တွဲ ချီတက်ကြပါစို့ဟု အလေးအနက် တိုက်တွန်း လျက် သဝဏ်လွှာပေးပို့အပ်ပါသည်။ 


    ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ
    သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်
    နိုင်ငံတော်ဝန်ကြီးချုပ်
    ဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ