
ပူတာအို ဖေဖော်ဝါရီ ၂၈
ကချင်ပြည်နယ် ပူတာအိုမြို့၌ ငလျင်ဘေး အန္တရာယ်များ ဖြစ်ပွားလာပါက ထိခိုက် ဆုံးရှုံးမှု နည်းပါးစေရန်နှင့် ကူညီကယ်ဆယ် ရေး လုပ်ငန်းများ အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်နိုင်စေရန်အတွက် ငလျင်ဘေး အန္တရာယ် သဏ္ဌာန်တူလေ့ကျင့်မှုများကို ဖေဖော်ဝါရီ ၂၇ ရက်က ပူတာအိုမြို့ နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း ကွင်းပြင်နှင့် သုံးထပ်ကျောင်းသား အိပ်ဆောင်၌ ကျင်းပသည်။
ငလျင်ဘေးလေ့ကျင့်ရာတွင် ကျောင်း သားများ အိပ်ဆောင်အတွင်း နေထိုင်သည့် ကျောင်းသူ ကျောင်းသားများ ငလျင်လှုပ် လာလျှင် တုံ့ပြန်ဆောင်ရွက်ရမည့်အချက်များ နှင့် ဘေးလွတ်ရာကို ရွှေ့ပြောင်းခြင်း၊ ငလျင် လှုပ်မှုကြောင့် ပြိုကျပျက်စီးသွားသည့် အဆောက်အအုံအတွင်း ပိတ်မိသူများကို ရှာဖွေကယ်ဆယ်ပြီး ထိခိုက်ဒဏ်ရာရရှိသည့် လူနာများအား ကျန်းမာရေးအဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့မှ ရှေးဦးသူနာပြုစုပေးခြင်း၊ စိတ်ပိုင်းဆိုင်ရာ နှစ်သိမ့်မှုပေးခြင်းနှင့် ကျန်းမာ ရေး စောင့်ရှောက်မှုစင်တာ/ဆေးရုံများသို့ ပို့ဆောင်ပေးခြင်း သရုပ်ပြလေ့ကျင့်နေမှု များကို ပြည်နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံ ခန့်ခွဲမှုဦးစီးဌာန ဦးစီးမှူး ဒေါ်လှကေသီမာ နှင့် တာဝန်ရှိသူများက ကြည့်ရှုသည်။
အဆိုပါ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု အခြေခံသင်တန်းကို ကချင် ပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့၏ ကြီးကြပ်မှုဖြင့် ပူတာအိုမြို့ ဒုတ္ထန်ရပ်ကွက်ရှိ အစိုးရစက်မှုလက်မှုသိပ္ပံ (ပူတာအို) ကျောင်းခန်းမ၌ ဖေဖော်ဝါရီ ၂၂ ရက်မှ ၂၈ ရက်အထိ ရက်သတ္တတစ်ပတ် ကြာဖွင့်လှစ်သည့် သင်တန်းသို့ ပူတာအိုခရိုင် အတွင်းရှိ ခရိုင်အဆင့် ဌာနဆိုင်ရာဝန်ထမ်း များ၊ လူမှုကူညီရေးအသင်းများမှ သင်တန်း သား သင်တန်းသူ စုစုပေါင်း ၃၀ တက်ရောက် ကြောင်း သိရသည်။
ဖုန်ကန်(ပူတာအို)