
နေပြည်တော် ဖေဖော်ဝါရီ ၂၈
မြန်မာနိုင်ငံတော်ဗဟိုဘဏ် ရုံးအမှတ် (၅၅) နေပြည် တော်တွင် ယနေ့နံနက်ပိုင်း၌ ကျင်းပသည့် ငွေကြေး ခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးလုပ်ငန်းအဖွဲ့၏ တစ်ပတ်လျှင် နှစ်ကြိမ်ပြုလုပ်သည့် ပုံမှန်အစည်းအဝေးတွင် လုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေက အမှာစကားပြောကြား သည်။
အစည်းအဝေးတွင် လုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေ က ဖေဖော်ဝါရီ ၂၀ ရက်မှ ၂၄ ရက်အထိ ပြင်သစ်နိုင်ငံ ပဲရစ်မြို့၌ ကျင်းပပြုလုပ်ခဲ့သည့် ငွေကြေးဆိုင်ရာ အရေးယူဆောင်ရွက်ရေးအဖွဲ့ (Financial Action Task Force - FATF) ၏ မျက်နှာစုံညီအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများသို့ တက်ရောက်ခဲ့မှု အခြေအနေများနှင့် မြန်မာနိုင်ငံ၏ သတ္တမအကြိမ်တိုးတက်မှုအစီရင်ခံစာနှင့်စပ်လျဉ်း၍ ရှင်းလင်း ဆွေးနွေးခဲ့သည့် အချက်များအား ပြန်လည်ဆွေးနွေး ပြောကြားသည်။
ဆက်လက်၍ ၂၀၂၃ ခုနှစ် မတ်လဒုတိယပတ်တွင် အပြီးအကောင်အထည်ဖော် ဆောင်ရွက်ရမည့် အချက်များနှင့်စပ်လျဉ်း၍ လုပ်ငန်းအဖွဲ့ ဒုတိယ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့်အဖွဲ့ဝင်များက သက်ဆိုင်ရာ ဌာနအလိုက် အကောင်အထည်ဖော်ဆောင်ရွက်ပြီးစီးသည့်အချက်များကိုလည်းကောင်း၊ ဆက်လက်ဆောင်ရွက်ရမည့်အချက်များကို လည်းကောင်း၊ မိမိတို့ဆောင်ရွက်ထားရှိမှု အခြေအနေများကိုလည်း ကောင်း ဆွေးနွေးတင်ပြကြရာ လုပ်ငန်းအဖွဲ့ ဒုတိယ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက လိုအပ်သည်များကို ပြန်လည်ရှင်းလင်းဆွေးနွေးသည်။
အစည်းအဝေးသို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥက္ကဋ္ဌ၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင် အဖွဲ့ဝင် ဦးကျော်ဝင်းသိန်း၊ ပြည်ထောင်စုတရားစီရင် ရေးကြီးကြပ်မှုရုံး၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ ငွေရေးကြေးရေးကြီးကြပ်စစ်ဆေးရေးဦးစီးဌာန၊ အကောက်ခွန်ဦးစီး ဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ ဥပဒေရေးရာ ဝန်ကြီးဌာန၊ မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ် ရေးလုပ်ငန်း၊ သစ်တောဦးစီးဌာန၊ ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ မြန်မာ နိုင်ငံရဲတပ်ဖွဲ့ဌာနချုပ် (နိုင်ငံဖြတ်ကျော်မှုခင်းဌာန ကြီး)၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ် (မှုခင်းနှင့်ဥပဒေ ရေးရာဌာနကြီး)၊ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့နှင့် ငွေကြေးဆိုင်ရာစုံစမ်းထောက်လှမ်းရေးအဖွဲ့တို့မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
သတင်းစဉ်