နေပြည်တော်သည် နိုင်ငံတော်အစိုးရရုံးစိုက်ရာ မြို့တော်ဖြစ်သဖြင့် မြို့တော်အင်္ဂါရပ်နှင့်အညီ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ အရှိန်အဟုန်မပျက် ဆောင်ရွက်

 

နေပြည်တော်   ဖေဖော်ဝါရီ  ၂၈


ပြည်ထောင်စုနယ်မြေ  နေပြည်တော်ကို Clean City ၊ Green  City ၊   Smart  City   ဖြစ်စေရေးအတွက် နေပြည်တော်အတွင်းနှင့်           ဝန်ကြီးဌာနရုံးများ၊ ဝန်ထမ်းအိမ်ရာများ၊ အဆောင်များ  သန့်ရှင်းသပ်ရပ် သာယာလှပစေရေး          ညှိနှိုင်းအစည်းအဝေးကို ဖေဖော်ဝါရီ ၂၇ ရက်တွင် နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ(၁) ၌ ကျင်းပသည်။

 


ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင် က နေပြည်တော်သည် ပြည်ထောင်စုသမ္မတ မြန်မာ နိုင်ငံတော်၏ မြို့တော်ဖြစ်သည်နှင့်အညီ  ဘက်စုံဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများကို အဓိကဆောင်ရွက်ပြီး မြို့တော်ကို  Green City ၊ Clean City ၊ Smart City ဖြစ်စေရေး    ကဏ္ဍစုံဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း များ     ဆောင်ရွက်လျက်ရှိကြောင်း၊  သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးဌာနရုံးများ   အတွင်း/အပြင် သန့်ရှင်းသာယာလှပရေး၊ ဝန်ထမ်းအိမ်ရာ တိုက်ခန်း များ စနစ်တကျ သန့်ရှင်းသာယာလှပရေး၊ စိမ်းလန်း စိုပြည်ရေး၊    ဝန်ထမ်းအပျို/       လူပျိုဆောင်များ စည်းစနစ်တကျ နေထိုင်စေရေး၊ အိပ်ဆောင်ဝန်းကျင် နှင့် အိပ်ဆောင်များ သာယာလှပစေရေးတို့ကို အဓိက ထား   ဆွေးနွေးပေးစေလိုကြောင်း၊   နေပြည်တော် သည် နိုင်ငံတော်အစိုးရရုံးစိုက်ရာ  မြို့တော်ဖြစ်သဖြင့် မြို့တော်အင်္ဂါရပ်နှင့်အညီ     ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကိုလည်း အရှိန်အဟုန်မပျက် ကြိုးပမ်း ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ပြောကြားသည်။

 


ထို့နောက်    နေပြည်တော်စည်ပင်သာယာရေး ကော်မတီ ဒုတိယမြို့တော်ဝန်၊ ပြည်ထောင်စုဝန်ကြီး ဌာနများမှ  အမြဲတမ်းအတွင်းဝန်များနှင့်  ညွှန်ကြား ရေးမှူးချုပ်များက   မြို့တော်သန့်ရှင်းသာယာလှပ ရေး၊ ပြည်ထောင်စုဝန်ကြီးဌာနရုံးများ အတွင်း/အပြင် သန့်ရှင်းသာယာလှပရေး၊  ဝန်ထမ်းအိမ်ရာတိုက်ခန်း များ စနစ်တကျသန့်ရှင်းသာယာလှပရေး၊ စိမ်းလန်း စိုပြည်ရေး၊   ဝန်ထမ်းအပျို/   လူပျိုဆောင်များ   စည်း စနစ်တကျ     နေထိုင်စေရေး၊    အိပ်ဆောင်ဝန်းကျင်နှင့် အိပ်ဆောင်များ သာယာလှပစေရေးတို့နှင့်စပ်လျဉ်း၍ သက်ဆိုင်ရာကဏ္ဍများအလိုက် ဆောင်ရွက်နေမှုများ ကို ရှင်းလင်းတင်ပြကြသည်။

 


ယင်းနောက်   နေပြည်တော်ကောင်စီဥက္ကဋ္ဌက တင်ပြဆွေးနွေးချက်များနှင့် စပ်လျဉ်း၍ လိုအပ်သည် များကို  ဖြည့်စွက်ဆွေးနွေးခဲ့ကြောင်း   သတင်းရရှိ သည်။                                              

သတင်းစဉ်