
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက်ချီးမြှင့်
နေပြည်တော် ဖေဖော်ဝါရီ ၂၈
(၂၀၂၂-၂၀၂၃) ပညာသင်နှစ် တက္ကသိုလ်၊ ဒီဂရီကောလိပ်ပေါင်းစုံ ဘောလုံး (အမျိုးသား) ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်း အနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစား ပြိုင်ကွင်း၌ကျင်းပရာ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယ ဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက် ကြည့်ရှုအားပေးပြီး ဆုများပေးအပ်ချီးမြှင့်သည်။
အခမ်းအနားသို့ နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီဝင်များ၊ ပြည်ထောင်စု ဝန်ကြီးများ၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ၊ တပ်မတော်အရာရှိကြီးများ၊ ဒုတိယ ဝန်ကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ်များမှဆရာ ဆရာမ များနှင့် ကျောင်းသား ကျောင်းသူ အားကစားမောင်မယ်များ တက် ရောက်ကြည့်ရှုအားပေးကြသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့် တက်ရောက် လာကြသူများသည် (၂၀၂၂-၂၀၂၃) ပညာသင်နှစ်တက္ကသိုလ်၊ ဒီဂရီ ကောလိပ်ပေါင်းစုံ ဘောလုံး (အမျိုးသား)ပြိုင်ပွဲ ဗိုလ်လုပွဲစဉ် အဖြစ် ရန်ကုန်ဇုန်အသင်းနှင့် ပုသိမ်ဇုန်အသင်းတို့ ယှဉ်ပြိုင်မှု များကို ကြည့်ရှုအားပေးကြသည်။
အကြိတ်အနယ်ယှဉ်ပြိုင်
အဆိုပါ ပွဲစဉ်တွင် ဗိုလ်လုပွဲသို့ တက်ရောက်လာကြသည့် အသင်း များဖြစ်သည်နှင့်အညီ တစ်ဖက် နှင့်တစ်ဖက် အပြန်အလှန် အကြိတ်အနယ် အနိုင်မခံ အရှုံး မပေး စိတ်ဓာတ်ဖြင့် ယှဉ်ပြိုင် ကြပြီး ပွဲကစားချိန် ၇ မိနစ်တွင် ရန်ကုန်ဇုန်အသင်းက အဖွင့်ဂိုး ဦးဆောင်သွင်းယူနိုင်ခဲ့သော်လည်း ပုသိမ်ဇုန်အသင်းက ပွဲကစားချိန် ၃၃ မိနစ်တွင် ချေပဂိုး ပြန်လည် သွင်းယူခဲ့သည်။
ယင်းနောက် ဒုတိယပိုင်းကို ဆက်လက် ယှဉ်ပြိုင်ကစားခဲ့ရာ ပွဲကစားချိန် ၆၁ မိနစ်တွင် ရန်ကုန်ဇုန်အသင်းက ဒုတိယ ဦးဆောင်ဂိုး သွင်းယူနိုင်ခဲ့သော် လည်း ပွဲကစားချိန် ၇၁ မိနစ်တွင် ပုသိမ်ဇုန်အသင်းက ချေပဂိုး ထပ်မံသွင်းယူနိုင်ခဲ့သဖြင့် ဒုတိယ ပိုင်း ပွဲပြီးဆုံးချိန်အထိ တစ်ဖက် နှစ်ဂိုးစီရရှိခဲ့ကြသည်။
ထို့နောက် အချိန်ပိုယှဉ်ပြိုင် ကစားကြရာ ပုသိမ်ဇုန်အသင်းက အချိန်ပို ၇ မိနစ် ၃၄ စက္ကန့်တွင် တတိယဂိုးကို သွင်းယူနိုင်ခဲ့သော် လည်း ရန်ကုန်ဇုန်အသင်းက ပွဲကစားချိန် ၁၃ မိနစ် ၅၀ စက္ကန့် တွင် ပယ်နယ်တီမှတစ်ဆင့် ခြေပဂိုး သွင်းယူခဲ့သဖြင့် တစ်ဖက် သုံးဂိုးစီ ရရှိကြသည်။
ဆက်လက်၍ ပယ်နယ်တီ ငါးလုံး အဆုံးအဖြတ်ရယူရာ ရန်ကုန်ဇုန်အသင်းက လေးဂိုးနှင့် ပုသိမ်ဇုန်အသင်းက သုံးဂိုးသွင်းယူ နိုင်ခဲ့သဖြင့် ရန်ကုန်ဇုန်အသင်းက စုစုပေါင်း ခုနစ်ဂိုး - ခြောက်ဂိုးဖြင့် အနိုင်ရ ဗိုလ်စွဲခဲ့သည်။
ယင်းနောက် ဆုချီးမြှင့်ပွဲကို ဆက်လက် ကျင်းပပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ညွန့်ဖေက အကောင်းဆုံးဂိုးသမား ဆုရရှိသည့် ပုသိမ်ဇုန်အသင်းမှ ဂိုးသမား ဟိန်းထက်ကိုကို၊ ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်က အကောင်းဆုံး နောက်တန်း အားကစားသမားဆု ရရှိသည့် မော်လမြိုင်ဇုန် အသင်းမှ ဆန်းပြည့်စုံစိုး၊ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဝင် ဦးရန် ကျော်က အကောင်းဆုံး အလယ် တန်း အားကစားသမားဆု ရရှိ သည့် ရန်ကုန်ဇုန်အသင်းမှ အောင်နိုင်စိုး၊ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဝင် ခွန်စံလွင် က အကောင်းဆုံး ရှေ့တန်း အားကစားသမားဆု ရရှိသည့် မကွေးဇုန်အသင်းမှ ရဲရင့်မောင်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာကျော်ထွန်းက ဂိုးသွင်းအများဆုံး အားကစား သမားဆုရရှိသည့် ရန်ကုန်ဇုန် အသင်းမှ လှိုင်ဘွား၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီဝင် ဦးမောင်ကို က ပွဲစဉ်တစ်လျှောက် အကောင်းဆုံး အားကစားသမား ဆုရရှိသည့် ရန်ကုန်ဇုန်အသင်းမှ နေစိုးလင်းတို့ကို တစ်ဦးချင်း အကောင်းဆုံး ဆုတံဆိပ်နှင့် ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့် ကြသည်။
ထို့နောက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဝင် မန်းငြိမ်း မောင် က တတိယဆုရရှိသော မော်လမြိုင်ဇုန်အသင်း၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီဝင် ပိုးရယ်အောင်သိန်းက ဒုတိယဆု ရရှိသော ပုသိမ်ဇုန်အသင်း၊
နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီဝင် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က ပထမဆုရရှိသည့် ရန်ကုန်ဇုန်အသင်းတို့ကို တစ်ဦး ချင်း ဆုတံဆိပ်နှင့် ဂုဏ်ပြုဆုငွေ များ ပေးအပ်ချီးမြှင့်ကြသည်။
တံခွန်စိုက်ဆုဖလားချီးမြှင့်
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ပထမ ဆုရရှိသည့် ရန်ကုန်ဇုန်အသင်းကို ငွေသားဆုနှင့် တံခွန်စိုက် ဆုဖလားကို ပေးအပ်ချီးမြှင့်သည်။
ရင်းရင်းနှီးနှီးနှုတ်ဆက်
ဆုချီးမြှင့်ပွဲအပြီးတွင် နိုင်ငံ တော် စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် နှင့် အခမ်းအနားတက်ရောက်လာ ကြသူများသည် အားကစားသမား များကို ရင်းရင်းနှီးနှီး နှုတ်ဆက် ကြသည်။
အောက်ဇုန်လေးခု၊
အထက်ဇုန်လေးခု သတ်မှတ်
ယခုကျင်းပခဲ့သည့် ဘောလုံး ပြိုင်ပွဲသည် အဆင့်မြင့်ပညာဦးစီး ဌာနရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ် နှင့် ကောလိပ်များကို အောက် မြန်မာပြည်ဇုန်လေးခုနှင့် အထက် မြန်မာပြည် ဇုန်လေးခု သတ်မှတ် ၍ လူရွေးပွဲများကို သက်ဆိုင်ရာ ဇုန်အလိုက် ကျင်းပခဲ့ခြင်းဖြစ် ကြောင်း သိရသည်။
သတင်းစဉ်