ပဲခူးတိုင်းဒေသကြီးသို့ ဖေဖော်ဝါရီလအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အမေရိကန် ဒေါ်လာသန်း ၄၀ နှင့် နိုင်ငံသားရင်းနှီးမြှုပ်နှံမှု ငွေကျပ် ၁၇၂၅ သန်း လာရောက်ရင်းနှီးမြှုပ်နှံ

 

ပဲခူး   ဖေဖော်ဝါရီ   ၂၈


ပဲခူးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံ မှုကော်မတီ၏ (၂/၂၀၂၃)  အစည်း အဝေးကို တိုင်းဒေသကြီး    အစိုးရ အဖွဲ့ရုံး    တော်ဝင်ဟံသာခန်းမ၌  ဖေဖော်ဝါရီ  ၂၈ ရက်က နံနက်က ကျင်းပသည်။

 


ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်   ဦးမျိုးဆွေဝင်းက  ပဲခူးတိုင်းဒေသကြီးသည်  စိုက်ပျိုး၊ မွေးမြူရေးကို       အဓိကထား လုပ်ကိုင်သည့်   တိုင်းဒေသကြီး တစ်ခုဖြစ်သဖြင့်     စက်ရုံများ  လာရောက်       ရင်းနှီးမြှုပ်နှံရန်  ဖိတ်ခေါ်      ဆောင်ရွက်စေလို ကြောင်း၊     တည်ငြိမ်အေးချမ်း သည့်  ပဲခူးဒေသအား စီးပွားရေး  ရင်းနှီးမြှုပ်နှံမှုဇုန်        တစ်ခု အနေဖြင့်   ပြည်တွင်း/ ပြည်ပ  စက်မှုလက်မှုလုပ်ငန်းများ တိုးချဲ့ လုပ်ကိုင်လာမှု ပိုမိုများပြားလာ သဖြင့် လိုအပ်သော လျှပ်စစ်ဓာတ် အားကို ထပ်မံဖြည့်ဆည်းပေးနိုင် ရန် အရေးကြီးကြောင်း၊   စက်မှု လုပ်ငန်းများ    ခွင့်ပြုပေးရာတွင် နောင်အနာဂတ် အစိုးရစီမံကိန်း များနှင့်   လွတ်ကင်းမှုရှိစေရေး  သတိချပ်ရန်   လိုအပ်ကြောင်း၊    ကိုဗစ်-၁၉   ရောဂါ    ကူးစက်မှု ကြောင့် ရပ်နားခဲ့ရသည့် စက်ရုံ/အလုပ်ရုံများ၊   တည်ဆောက်ဆဲ  စက်ရုံအလုပ်ရုံများ  ပြန်လည် စတင်ဆောင်ရွက်နိုင်ရေး  လိုအပ် ချက်များကို       ဥပဒေနှင့်အညီ ကူညီဆောင်ရွက်        ပေးသွားရ မည်ဖြစ်ကြောင်း၊     စက်မှုဇုန် နယ်မြေများအလိုက်    ကော်မတီ များ   ဖွဲ့စည်းသွားရန်နှင့်   စက်မှု လုပ်ငန်းများတွင်  အသုံးပြုမည့် ခွင့်ပြုဓာတုပစ္စည်းများကို  လူ၊ တိရစ္ဆာန်နှင့် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုမရှိစေရေး  စနစ်တကျ သိုလှောင်သုံးစွဲရန်  တာဝန်ရှိသူ အဆင့်ဆင့်က       ကြီးကြပ်ရန် လိုကြောင်း ပြောကြားသည်။

 


ထို့နောက်   ပဲခူးတိုင်းဒေသ ကြီး ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီ များ        ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူး  ဦးကိုကိုလတ် က  မြန်မာနိုင်ငံသားပိုင်  Shwe Gyin Shwe Pin Co., Ltd ၏  မှိုင်းခံရော်ဘာပြားထုတ်  စက်ရုံ သစ်  ရင်းနှီးမြှုပ်နှံမှု၊   နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဖြစ်သည့် Hansae Bago Co., Ltd ၏ အဝတ်အထည် အမျိုးမျိုးထုတ်လုပ်သည့် စက်ရုံ သစ်   ရင်းနှီးမြှုပ်နှံမှု၊   စက်ရုံမြေ တိုးချဲ့ခြင်း၊   ကုန်ကြမ်းပစ္စည်း ပြောင်းလဲ     တင်သွင်းခြင်း၊  လုပ်သားဦးရေ      တိုးချဲ့ခန့်ထား ခြင်းနှင့် တည်ဆောက်ရေးကာလ  တိုးမြှင့်ခြင်း စသည့်စက်မှုလုပ်ငန်း များကို      ရှင်းလင်းတင်ပြရာ  တက်ရောက်လာသည့်  ကော်မတီ ဝင်များက     ပြန်လည်အကြံပြု  ဆွေးနွေးခဲ့မှုအပေါ်  တိုင်းဒေသကြီး  ဝန်ကြီးချုပ်က    ဥပဒေနှင့်အညီ  ဆုံးဖြတ်ဆောင်ရွက်ပေးသည်။

 


အဆိုပါ         လုပ်ငန်းများ၏  တင်ပြချက်များအရ   ပဲခူးတိုင်း ဒေသကြီးတွင်   ၂၀၂၃   ခုနှစ် ဖေဖော်ဝါရီလအတွင်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုအမေရိကန်ဒေါ်လာ သန်း  ၄၀နှင့်  နိုင်ငံသားရင်းနှီး မြှုပ်နှံမှု   ငွေကျပ် ၁၇၂၅  သန်း ထပ်မံလာရောက်  ရင်းနှီးမြှုပ်နှံ ခဲ့သည့်အတွက်   ၂၀၂၁   ခုနှစ်  ဖေဖော်ဝါရီ ၁ ရက်မှ  ၂၀၂၃   ခုနှစ် ဖေဖော်ဝါရီလအထိ နိုင်ငံခြားသားရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ  ၁၇၃ ဒသမ ၇၈၃ သန်းနှင့်  မြန်မာ နိုင်ငံသား  ရင်းနှီးမြှုပ်နှံမှု  မြန်မာ ကျပ်ငွေ ၇၅၂၃၅ ဒသမ ၇၇၅ သန်း  ဝင်ရောက်ခဲ့ပြီး အလုပ်အကိုင်အခွင့် အလမ်း  ၈၄၅၈ဦး ဖန်တီးပေးနိုင်ခဲ့ ကြောင်း သိရသည်။ 


တင်စိုး(ပဲခူး)