နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကျောက်ဖြူခရိုင်အတွင်းရှိ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိမြို့ဖများနှင့် တွေ့ဆုံဆွေးနွေး

 

ကျောက်ဖြူဒေသသည် သာယာလှပသည့် ပတ်ဝန်းကျင်နှင့် သဘာဝအလှရှုခင်းများကို 
ပိုင်ဆိုင်ထားပြီးဖြစ်သဖြင့် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးကိုလည်း အောင်မြင်စွာဆောင်ရွက်

 

နေပြည်တော်  ဖေဖော်ဝါရီ   ၂၈


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်  ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည်  ယနေ့နံနက်ပိုင်းတွင်   ရခိုင်ပြည်နယ် ကျောက်ဖြူခရိုင်အတွင်းရှိ ခရိုင်၊ မြို့နယ်အဆင့်  ဌာနဆိုင်ရာတာဝန်ရှိသူ များ၊ မြို့မိမြို့ဖများအား ကျောက်ဖြူမြို့ရှိ ရမ္မာဝတီခန်းမ၌ တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများ နှင့်  စီးပွားရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများကို  ဆွေးနွေးပြောကြားသည်။

 


အဆိုပါ တွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ  နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ ကောင်စီ တွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီဝင် ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ဒေါက်တာ မှုထန်၊  ပြည်ထောင်စုဝန်ကြီးများ၊  ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများ၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်  တိုင်းမှူး ဗိုလ်ချုပ်  ထင်လတ်ဦး၊ ကျောက်ဖြူ ခရိုင်အတွင်းရှိ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိ မြို့ဖများ၊ ကျောက်ဖြူ အထူးစီးပွားရေး ဇုန်မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။      

 


ကျောက်ဖြူအထူးစီးပွားရေးဇုန်ဆိုင်ရာများနှင့် ဒေသဆိုင်ရာအချက်အလက်များအား ရှင်းလင်းတင်ပြ


ဦးစွာ   စီးပွားရေးနှင့်  ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးနှင့် ကျောက်ဖြူအထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ဦးမြင့်သိန်းတို့က ကျောက်ဖြူအထူးစီးပွားရေး ဇုန် ဖြစ်ပေါ်လာပုံနှင့် နောက်ခံအခြေအနေများ၊ စီမံ ခန့်ခွဲမှုကော်မတီများ ဖွဲ့စည်းဆောင်ရွက်ခဲ့မှု၊ အစိုးရ အဆက်ဆက် ရေရှည်စီမံချက်များ ချမှတ်၍ စီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်ခဲ့မှု၊ လက်ရှိစီမံ ကိန်း ဆောင်ရွက်လျက်ရှိမှုနှင့် ဆက်လက်ဆောင်ရွက် နိုင်မည့် အခြေအနေများကို ရှင်းလင်းတင်ပြသည်။ 

 


ထို့နောက်    ကျောက်ဖြူခရိုင်   စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ   ဦးရဲလင်းမောင်က  ဒေသဆိုင်ရာ အချက်အလက်များ၊  စီးပွားရေး၊  လူမှုရေး၊ စိုက်ပျိုး မွေးမြူရေး၊ ကျန်းမာရေး အထွေထွေအချက်အလက် များကို ရှင်းလင်းတင်ပြပြီး တက်ရောက်လာကြသည့် မြို့မိ မြို့ဖများက ဒေသဖွံ့ဖြိုးတိုးတက်ရေး၊ ဒေသခံ များ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် လိုအပ်သည်များ ကူညီပံ့ပိုးဆောင်ရွက်ပေးစေလိုမှု၊ ကျောက်ဖြူမြို့ရှိ  သာသနာ့ဗိမာန်အဆောက်အဦသည် နှစ်ပေါင်းကြာရှည်ပြီဖြစ်ပြီး   ပျက်စီးယိုယွင်းလျက် ရှိသဖြင့် ပြင်ဆင်ဆောင်ရွက်ပေးရန်လိုအပ်လျက်ရှိမှုတို့ကို တင်ပြကြသည်။

 


နိုင်ငံတည်ဆောက်ရေးတွင် ဦးတည်ချက်များ၊ ရည်မှန်းချက်များထားရှိပြီး မပျောက်ပျက်အောင် ဦးတည်ဆောင်ရွက်ရမည်
ယင်းနောက်           နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ  နိုင်ငံတော်ဝန်ကြီးချုပ်က  ဆွေးနွေး ပြောကြားရာတွင် ကျောက်ဖြူခရိုင်အတွင်းရှိ  ဌာန ဆိုင်ရာတာဝန်ရှိသူများကို ပထမဆုံးအကြိမ်တွေ့ဆုံ ဆွေးနွေးခြင်းဖြစ်ကြောင်း၊ စစ်တွေမြို့၌လည်း ဌာန ဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိမြို့ဖများ၊ စီးပွားရေး လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးမှုများကို ဆောင် ရွက်ခဲ့ကြောင်း၊ ထိုသို့တွေ့ဆုံစဉ် ဒေသဖွံ့ဖြိုးတိုးတက် ရေးဆိုင်ရာများကို     တင်ပြဆွေးနွေးကြကြောင်း၊ လူတိုင်းသည် မိမိတို့ဒေသ၊ မိမိတို့ တိုင်းပြည်ကို ဖွံ့ဖြိုး တိုးတက်စေလိုသည်ဖြစ်သော်လည်း  မိမိဒေသနှင့် တိုင်းပြည်၏   ပကတိအခြေအနေနှင့်  ကိုက်ညီပြီး ဖြစ်နိုင်သည်နှင့်   ဖြစ်သင့်သည်များကို  တွက်ချက် ဆောင်ရွက်ကြရကြောင်း၊ နိုင်ငံတည်ဆောက်ရေးတွင် ဦးတည်ချက်များ၊       ရည်မှန်းချက်များထားရှိပြီး ဆောင်ရွက်ကြရကြောင်း၊ ရည်မှန်းချက်များ၊ ဦးတည် ချက်များ မပျောက်ပျက်စေရေး ဦးတည်ဆောင်ရွက် ကြရခြင်းဖြစ်ကြောင်း၊   မိမိတို့အနေဖြင့်   စစ်မှန် စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာ စေရေး၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို  အခြေခံ သည့် ပြည်ထောင်စုတည်ဆောက်ရေးတို့ကို နိုင်ငံရေး လုပ်ငန်းစဉ် ၂ ရပ် ချမှတ်ဆောင်ရွက်လျက်ရှိကြောင်း၊ အမျိုးသားရေးလုပ်ငန်းစဉ်   ၂  ရပ်အနေဖြင့်လည်း တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေး ကို  ဦးတည်ချက်ထား ဆောင်ရွက်လျက်ရှိကြောင်း၊ သာယာဝပြောရေးသည်  တည်ငြိမ်အေးချမ်းရေးနှင့် တိုက်ရိုက်ဆက်စပ်လျက်ရှိသည့်အတွက် ဒေသတစ်ခု ချင်းစီအလိုက် တည်ငြိမ်အေးချမ်းမှသာလျှင် ဒေသ များနှင့် တိုင်းပြည်သည်လည်း သာယာဝပြောလာ မည်ဖြစ်ကြောင်း။

 


ပညာတတ် လူသားအရင်းအမြစ်ကောင်းများ ပေါ်ထွက်လာရေး ပညာရေးအားပေးမြှင့်တင်


ထိုကဲ့သို့  ဆောင်ရွက်နိုင်ရေးအတွက်  အဓိက လိုအပ်ချက်သည် လူသားအရင်းအမြစ်ကောင်းများ များစွာ ပေါ်ထွက်လာရေးပင်ဖြစ်သည့်အတွက် ပညာ ရေးကို အားပေးမြှင့်တင်လျက်ရှိကြောင်း၊ အတန်း ပညာရှိမှသာ   အသိပညာ၊   အတတ်ပညာများ တိုးတက်ရရှိမည်ဖြစ်သည့်အတွက်    ကျောင်းနေ အရွယ်ကလေးအားလုံး ပညာသင်ကြားနိုင်ရေး ပညာ ရေးကို အားပေးဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ထို့ကြောင့်  ကျောက်ဖြူဒေသတွင် ပညာတတ်များ ပေါများစေရေး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရန် လိုကြောင်း၊ ဒေသတွင်း ပညာတတ်များပေါများမှသာ ဒေသတိုးတက်ရေးအတွက်     လိုအပ်သည့်     လူသား အရင်းအမြစ်ကောင်းများကို ရရှိမည်ဖြစ်ကြောင်း။

 


စိုက်ပျိုးမွေးမြူရေး


ကျောက်ဖြူဒေသတွင်       စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများကို  အောင်မြင်စွာဆောင်ရွက်နိုင်မည့် အခွင့်အလမ်းများ ရှိပြီးဖြစ်ကြောင်း၊ ကျောက်ဖြူခရိုင် အတွင်း စပါးအထွက်နှုန်းများ ယခုထက်ပိုမိုတိုးတက် အောင်ဆောင်ရွက်မည်ဆိုပါက ဒေသအတွက် များစွာ အကျိုးရှိမည်ဖြစ်ပြီး စပါးစိုက်တောင်သူများအတွက် ဝယ်လိုအားတက်လာစေမည်ဖြစ်ကြောင်း၊ တိုင်းပြည် အတွက်လည်း        ဝင်ငွေပိုမိုရရှိမည်ဖြစ်ကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းများ       ဖွံ့ဖြိုးတိုးတက်ခြင်းဖြင့် တောင်သူတစ်ဦးချင်း တစ်ယောက်ချင်းစီ၏ ဝင်ငွေ များ  တိုးပွားလာမှုမှအစပြု၍  ဒေသတွင် နေထိုင်သူ များအားလုံး၏ ဝင်ငွေများ ယခင်ကထက် တိုးတက် ကောင်းမွန်လာပြီး  ဒေသတွင်း  လည်ပတ်သုံးစွဲငွေ များပြားလာကာ လူမှုစီးပွားဘဝများလည်း တိုးတက် လာမည်ဖြစ်ကြောင်း၊   ထို့ကြောင့်   တစ်ဧကချင်း အထွက်နှုန်းများကို ပန်းတိုင်ရည်မှန်းချက်  ပြည့်မီ အောင်   ဆောင်ရွက်ကြရန်လိုကြောင်း၊   ဒေသ၏ လိုအပ်ချက်ကို ပြည့်မီအောင် ဦးစားပေးဆောင်ရွက် ပြီး ယင်းထက် ပိုမိုထုတ်လုပ်နိုင်မည်ဆိုပါက အခြား ဒေသများ၊ ပြည်ပနိုင်ငံများသို့ပါ တင်ပို့ရောင်းချနိုင် မည်ဖြစ်ကြောင်း။ 

 


စိုက်ပျိုးရေးလုပ်ငန်းများ အောင်မြင်ရန်အတွက် မျိုးကောင်းရန်၊ မြေဩဇာနှင့် အောင်ရေလုံလောက်စွာ ရရှိရန်၊ စိုက်နည်းစနစ်များ ကောင်းမွန်ရန်လိုကြောင်း၊ စိုက်ပျိုးရေးအတွက် လိုအပ်သည့် မြေဩဇာများရရှိ ရေးအတွက် မွေးမြူရေးလုပ်ငန်းများကို စနစ်တကျ ဆောင်ရွက်မည်ဆိုပါက ဇီဝမြေဩဇာများရရှိနိုင်မည် ဖြစ်ကြောင်း၊   မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်ရာ တွင် ဒေသနှင့်ကိုက်ညီသည့် ငါးနှင့်ပုစွန်မွေးမြူရေး လုပ်ငန်းများကို   အောင်မြင်အောင်   ဆောင်ရွက်နိုင် မည်ဆိုပါက   ကျောက်ဖြူဒေသ၏   စီးပွားရေးကို များစွာအထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း။

 


စိုက်ပျိုးရေးနှင့်   ပတ်သက်၍     ဒေသတွင်း ကောင်းမွန်စွာ ပေါက်ရောက်ဖြစ်ထွန်းသည့် အုန်းပင် ကို အကျိုးရှိစွာအသုံးချနိုင်ရမည်ဖြစ်ကြောင်း၊ အုန်း နှင့်   အုန်းထွက်ပစ္စည်းများမှ   အရည်အသွေးမြင့် ထုတ်ကုန်ပစ္စည်းအမျိုးအမည်များစွာကို ထုတ်လုပ် ရောင်းချနိုင်သည်ဖြစ်သဖြင့်  ကျောက်ဖြူဒေသတွင် အုန်းစိုက်ပျိုးရေးလုပ်ငန်းများကို      အောင်မြင်စွာ ဆောင်ရွက်နိုင်ကြောင်း၊ အုန်းစိုက်ပျိုးခြင်းဖြင့် ဒေသ အတွင်း အုန်းထွက်ပစ္စည်းများကို ထုတ်လုပ်နိုင်သဖြင့် အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုဖော်ဆောင်နိုင် မည်ဖြစ်ကာ ဒေသဝင်ငွေ ပိုမိုရရှိစေမည်ဖြစ်ကြောင်း။    

 


အလားတူ  သဘာဝဘေးဒဏ်ကို  ခံနိုင်ရေးနှင့် မိုးလေဝသမှန်ကန်စေရေးတို့အတွက်           အရိပ်ရ လေကာပင်များ၊     လမုပင်များကို     စိုက်ပျိုးရန် လိုသကဲ့သို့ ရှိပြီးဖြစ်သည့် သစ်ပင်သစ်တောများကို လည်း ထိန်းသိမ်းဆောင်ရွက်ရန်လိုကြောင်း၊ သစ်ပင် သစ်တောများအားလုံးသည်   သဘာဝဘေးဒဏ် ကာကွယ်ရေးကို    များစွာအထောက်အကူပြုနိုင်မည် ဖြစ်ကြောင်း။                            


ကျောက်ဖြူအထူးစီးပွားရေးဇုန်နှင့်ပတ်သက်၍ ကျောက်ဖြူရေနက်ဆိပ်ကမ်းကို  ပြည်ပကုန်သွယ်မှု လုပ်ငန်းများ   ပိုမိုတိုးတက်စေရန်အတွက်  ရည်ရွယ် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ ကျောက်ဖြူစက်မှုဇုန် နှင့်   ပတ်သက်၍လည်း  စီမံဆောင်ရွက်လျက်ရှိ ကြောင်း၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် စီမံ ကိန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ဒေသတစ်ခုချင်းစီအလိုက် ၎င်းဒေသနှင့် ကိုက်ညီနိုင် မည့်    စီးပွားရေးလုပ်ငန်းများကို  ရေတိုရေရှည် တွက်ချက်       ဘက်ပေါင်းစုံမှ       တွက်ချက်စဉ်းစား ဆောင်ရွက်ကြရခြင်းဖြစ်ကြောင်း၊     ကျောက်ဖြူ အထူးစီးပွားရေးဇုန်စီမံကိန်းကို ဆောင်ရွက်ရာတွင် လည်း နိုင်ငံတော်အတွက် အဘက်ဘက်မှ ကြည့်ရှု စဉ်းစားပြီး အောင်မြင်အောင် ဆောင်ရွက်ရမည်ဖြစ် ကြောင်း။

 


မိမိတို့အနေဖြင့် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက်  အသေးစား၊ အငယ်စားနှင့်  အလတ်စား စီးပွားရေး(MSME)လုပ်ငန်းများကို        အားပေး ဆောင်ရွက်လျက်ရှိကြောင်း၊  ပြည်တွင်းစီးပွားရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် ပြည်တွင်းမှထွက်ရှိ သည့် ကုန်ကြမ်းများကို အဓိကထားဆောင်ရွက်ရမည် ဖြစ်ပြီး  စိုက်ပျိုးရေးနှင့်  မွေးမြူရေးလုပ်ငန်းများမှ ထွက်ရှိသည့် ကုန်ကြမ်းများမှ တန်ဖိုးမြှင့်ထုတ်ကုန် များကို ထုတ်လုပ်နိုင်ရန်လိုအပ်ကြောင်း၊ ထို့ကြောင့် ကျောက်ဖြူဒေသတွင်    စိုက်ပျိုးရေးလုပ်ငန်းနှင့် မွေးမြူရေးလုပ်ငန်းများကို အောင်မြင်အောင်ဆောင် ရွက်ကြစေလိုပြီး ဒေသဖွံ့ဖြိုးရေးကို အထောက်အကူ ဖြစ်စေလိုကြောင်း၊  နိုင်ငံတော်အနေဖြင့်  MSME လုပ်ငန်းများအတွက် လိုအပ်သည့် ရင်းနှီးမတည်ငွေ များကို ထုတ်ပေးလျက်ရှိကြောင်း။ 

 


အိမ်သာလျှင် ဧည့်လာမည်


ထို့ပြင် ကျောက်ဖြူဒေသသည် သာယာလှပသည့် ပတ်ဝန်းကျင်နှင့် သဘာဝအလှရှုခင်းများကို ပိုင်ဆိုင် ထားပြီးဖြစ်သဖြင့် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက် ရေးကိုလည်း အောင်မြင်စွာ ဆောင်ရွက်၍ရနိုင်မည် ဖြစ်ကြောင်း၊ ဒေသတွင်းသို့ လာရောက်သူများပြား စေရေး ဒေသတည်ငြိမ်အေးချမ်းမှု၊ သန့်ရှင်းသပ်ရပ်မှု၊ ဒေသထွက်အစားအစာများနှင့်  သာယာလှပသည့် ပတ်ဝန်းကျင်ကောင်းကို   ဖန်တီးပေးနိုင်မှုတို့ဖြင့် ပြည်တွင်း၊ ပြည်ပ ဧည့်သည်များကို ဆွဲဆောင်နိုင်ရ မည်ဖြစ်ကြောင်း၊ အိမ်သာယာမှသာလျှင် ဧည့်လာ မည်ဖြစ်ကြောင်း၊ ထို့ကြောင့် ဒေသဖွံ့ဖြိုးတိုးတက်ရေး အတွက် ဒေသတွင် လာရောက်တာဝန်ထမ်းဆောင်ကြ သည့် ဌာနဆိုင်ရာဝန်ထမ်းများ၊ ဒေသခံများ အားလုံး က  အတူတကွ  ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရ မည်ဖြစ်ကြောင်း၊   ဒေသနှင့်   တိုင်းပြည်အကျိုးကို ကြည့်၍ မိမိတို့တစ်ဦးချင်းစီအလိုက် ဆောင်ရွက်ရ မည်များကို   တတ်စွမ်းသရွေ့  ကြိုးပမ်းအားထုတ်ဆောင်ရွက်ကြစေလိုပြီး မျိုးဆက်သစ်များ၊ နောင်လာ နောက်သားများအတွက်   အနာဂတ်ကောင်းကို ဖန်တီးပေးနိုင်ရမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြား သည်။

 


တွေ့ဆုံပွဲအပြီးတွင်  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များ သည်  တက်ရောက်လာကြသည့်  ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊  မြို့မိ မြို့ဖများအား ရင်းရင်းနှီးနှီး နှုတ်ဆက်သည်။
ဆက်လက်၍           နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်  အဖွဲ့ဝင် များသည် ကျောက်ဖြူပညာရေးဒီဂရီကောလိပ်သို့ရောက်ရှိကြရာ ကျောင်းအုပ် ဆရာမကြီး ဒေါ်မီမီဝင်း နှင့် ပညာရေးဝန်ထမ်းများက ကြိုဆိုနှုတ်ဆက်ကြ သည်။ 

 


ယင်းနောက် ကျောင်းအုပ်ဆရာမကြီးနှင့် တာဝန် ရှိသူများက ကောလိပ်အတွင်း အသစ်ဆောက်လုပ် လျက်ရှိသည့် သုံးထပ် ပင်မစာသင်ဆောင် ဆောက်လုပ် ပြီးစီးမှုအခြေအနေများနှင့် ကောလိပ်အတွက် လိုအပ် ချက်များကို  တင်ပြရာ  နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က လိုအပ်သည် များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

 


ထို့နောက်  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် အသစ်ဆောက်လုပ်ထားရှိသည့် သူနာပြုနှင့်သားဖွား သင်တန်းကျောင်း   အဆောက်အဦ  ဆောက်လုပ် ပြီးစီးမှု  အခြေအနေများကို  သွားရောက်ကြည့်ရှု စစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ       လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။                              

သတင်းစဉ်