
မအီ ဖေဖော်ဝါရီ ၂၅
ရခိုင်ပြည်နယ် တောင်ကုတ် မြို့နယ် မအီမြို့ရှိ ဗုဒ္ဓစက်တော်ရာ ရတနာမာရ်အောင် တောရဓမ္မ ရိပ်သာနှင့် မြို့ပတ်ဝန်းကျင်ရှိ မာရ်ငါးပါး စေတီတော်များ၌ ဘုရားဖူးခရီးသည်များမှာ ယခင် နှစ်များထက် စည်ကားများပြား လာသည်။
ဘုရားဖူးခရီးသွားဧည့်သည် များနှင့် ပတ်သက်၍ မအီမြို့ ဒေသခံ အမှတ် (၂) ရပ်ကွက်မှ ကိုကျော်စွာထွန်းက “ယခုနှစ် ပွင့်လင်းရာသီ နိုဝင်ဘာလဆန်း ပိုင်းမှစတင်၍ ဘုရားဖူးဧည့်သည် များမှာ သိသိသာသာ ရောက်ရှိလာ ကြပါတယ်။ လာတုန်းကတော့ မအီမြို့နှင့် တောင်ပေါ်ခရီး ၁၇ မိုင် မှာရှိတဲ့ မအီချောင်းဖျားရှိ ဗုဒ္ဓ စက်တော်ရာနှစ်ဆူကို လာရောက် ဖူးမြော်ကြတာ ဖြစ်ပါတယ်။ စက်တော်ရာကအပြန်မှာ မအီမြို့ ပတ်ဝန်းကျင်ရှိ ရတနာမာရ်အောင် ဆံတော်ရှင်စေတီ၊ သက္ကျမာရ် အောင် စွယ်တော်မြတ်စေတီ၊ ဇိနမာရ်အောင် စွယ်တော်မြတ် စေတီ၊ မင်္ဂလာမာရ်အောင်စွယ်တော်မြတ်စေတီနဲ့ လောကမာရ်အောင်စွယ်တော်မြတ်စေတီတော် စတဲ့ မာရ်ငါးပါးစေတီတော်များကို ဖူးမြော်ကြပါတယ်။ ညနေစောင်း ချိန်မှာ မအီမြို့ အမှတ်(၃)ရပ်ကွက် ရတနာမာရ်အောင် တောရဓမ္မ ရိပ်သာ ကုန်းတော်ပေါ်ရှိ အဓိဋ္ဌာန် အောင် ဆုတောင်းပြည့် လျောင်း တော်မူဘုရားကြီးနဲ့ အံတော် သိမ်ပုထိုးတော်၊ ရွှေကြာသိမ် စေတီ၊ လေးမျက်နှာဘုရား၊ နှစ်ကျိပ်ရှစ်ဆူဘုရား၊ လောက မဇ္ဇျူပုထိုးတော်၊ ကမာကူရ ကြေးသွန်း ရုပ်ပွားတော်နှင့် မွေးနေ့ဘုရား ကြေးသွန်းရုပ်ပွား တော်တို့ကို ဝင်ရောက်ဖူးမြော်ကြ ပါတယ်။ ဓမ္မရိပ်သာမှာ ဘုရားဖူး ခရီးသွားများ ရာသီမရွေး ညအိပ် ညနေ(အခမဲ့) တည်းခိုနေထိုင်နိုင် ရန်အတွက် အခန်းတိုင်း လေအေး စက်ပါ သုံးထပ်အဆောက်အအုံ ကို ဆောက်လုပ်ထားရှိပြီး ဖြစ်ပါ တယ်”ဟု ပြောကြားသည်။
မာရ်ငါးပါးစေတီတော်များနှင့် ရတနာမာရ်အောင် တောရဓမ္မ ရိပ်သာရှိ ဘုရားစေတီပုထိုးများကို ရတနာမာရ်အောင် တောရဓမ္မ ရိပ်သာများ၏ အဓိပတိနာယက ချုပ်၊ ပြည်တွင်း ပြည်ပ နယ်လှည့် သာသနာပြု၊ အဂ္ဂမဟာကမ္မဌာနာ စရိယ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိက ဓဇ မြောက်ဦးဆရာတော် ဝနဝါသီ အရှင်ဝါယာမိန္ဒနှင့် ခုနစ်ရက်သား သမီးများ၏ ကောင်းမှုအလှူတို့ ဖြင့် မြောက်ဦးဆရာတော်ဘုရား ကြီး ကိုယ်တော်တိုင် ကြီးမှူး ဆောင်ရွက်ပြီး မအီမြို့ဒေသ၌ သာသနာပြု တည်ထားကိုးကွယ် ခဲ့ခြင်းဖြစ်ကြောင်း၊ မြောက်ဦး ဆရာတော်ကြီး သာသနာပြု တည်ထားကိုးကွယ်သည့် ဘုရား စေတီ ပုထိုးတော်များကြောင့် လည်း ခြေတော်ရာဘုရားဖူးများ စည်ကားများပြားလာခြင်းလည်း ဖြစ်နိုင်ကြောင်း ကိုကျော်စွာထွန်း က ထပ်မံပြောကြားကြောင်း သိရ သည်။
မောင်မောင်ဌေး(ပြန်/ဆက်)