
နေပြည်တော် ဖေဖော်ဝါရီ ၂၅
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ လမ်းညွှန်မှုဖြင့် ရှမ်းပြည်နယ်(မြောက်ပိုင်း) သိန်းနီ မြို့ရှိ စော်ဘွားကြီး ခွန်ဆန်တုန်ဟုန်း၏ ဟော် နန်းတော် (သိန်းနီဟော်နန်း) အား ပြန်လည် တည်ဆောက်လျက်ရှိရာ ဖေဖော်ဝါရီ ၂၄ ရက် နံနက်ပိုင်းတွင် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် နိုင်နိုင်ဦးနှင့် အဖွဲ့ဝင်များက လားရှိုးမြို့နှင့် သိန်းနီမြို့ရှိ ဌာနဆိုင်ရာတာဝန်ရှိ သူများ၊ ဟော်နန်းပြန်လည်တည်ဆောက်မှု ပူးပေါင်း ဆောင်ရွက်ရေး ကော်မတီအဖွဲ့ဝင်များနှင့်အတူ သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ဦးစွာ ဟော်နန်းပြည်လည် တည်ဆောက်မှု ပူးပေါင်းဆောင်ရွက်ရေး ကော်မတီဥက္ကဋ္ဌ ဦးစိုင်းမျိုး ညွန့်နှင့် တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။ ထို့နောက် လားရှိုးမြို့နှင့် သိန်းနီမြို့တို့ရှိ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် သိန်းနီမြို့ မြို့မိ/မြို့ဖများက အကြံပြုဆွေးနွေးတင်ပြကြရာ တိုင်းမှူးက လိုအပ်သည်များ မှာကြားသည်။
ယင်းနောက် တိုင်းမှူးနှင့် အဖွဲ့ဝင်များသည် သိန်းနီဟော်နန်း ပြန်လည်တည်ဆောက်နေမှုများအား လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်