
နေပြည်တော် ဖေဖော်ဝါရီ ၂၅
ရန်ကုန်တိုင်းဒေသကြီး မှော်ဘီ မြို့နယ် ညောင်နှစ်ပင်ကျေးရွာ နှင့် ပတ်ဝန်းကျင်ကျေးရွာများ ရှိ သံဃာတော်များနှင့် ဒေသခံ ပြည်သူများအား ယနေ့တွင် ရန်ကုန်တိုင်းစစ်ဌာနချုပ် နယ်မြေခံ ဆေးကုသရေးအဖွဲ့က အဆိုပါ ကျေးရွာရှိ ညောင်နှစ်ပင်ကျောင်း တိုက်၌ ကျန်းမာရေးစောင့်ရှောက် မှုလုပ်ငန်းများ ဆောင်ရွက်ပေး သည်။
တိုင်းစစ်ဌာနချုပ် နယ်မြေခံ ဆေးကုသရေးအဖွဲ့က သံဃာ တော်များနှင့် ဒေသခံပြည်သူ ၁၂၅ ဦးတို့ကို ခွဲစိတ်ကုသမှုဆိုင်ရာ ရောဂါ၊ အရိုး/အကြောဆိုင်ရာ ရောဂါ၊ ကလေးရောဂါ၊ မျက်စိ ရောဂါ၊ သွားနှင့် ခံတွင်းရောဂါ၊ အထွေထွေရောဂါတို့နှင့်ပတ်သက် ၍ လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးသည်။
အလားတူ စစ်ကိုင်းတိုင်း ဒေသကြီး မုံရွာမြို့နယ် ဇီးတော ကျေးရွာရှိ ဓမ္မာရုံ၌ သံဃာတော် များနှင့် ဒေသခံပြည်သူ ၆၅ ဦး တို့ကို အနောက်မြောက်တိုင်း စစ်ဌာနချုပ် နယ်မြေခံဆေးကုသ ရေးအဖွဲ့က သွေးတိုးရောဂါ၊အဆစ် အမျက်ရောင်ရောဂါ၊ ဆီးချိုရောဂါ၊ မျက်စိရောဂါ၊ သွားနှင့် ခံတွင်း ရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ဆေးဝါး ကုသမှုများ ဆောင်ရွက်ပေးသည်။
ယင်းသို့ ဆောင်ရွက်ပေးနေမှု များကို သက်ဆိုင်ရာ တိုင်းစစ်ဌာန ချုပ်များမှ တာဝန်ရှိသူများက သွားရောက် ကြည့်ရှုအားပေးခဲ့ ကြောင်း သိရသည်။
သတင်းစဉ်