နိုင်ငံ့အကျိုးပြုလုပ်ငန်းများ၌ ICT သုတေသနရလဒ်များ အသုံးချနိုင်ရေး ကြိုးပမ်းဆောင်ရွက်

 

နေပြည်တော် ဖေဖော်ဝါရီ   ၂၅


သိပ္ပံနှင့်   နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး       ဒေါက်တာ အောင်ဇေယျသည်  ဖေဖော်ဝါရီ ၂၂ ရက် မွန်းလွဲပိုင်းက  ရန်ကုန် ကွန်ပျူတာတက္ကသိုလ်ကို ကြည့်ရှု စစ်ဆေးရာ      ပါမောက္ခချုပ် ဒေါက်တာ  မီမီခင်က  တက္ကသိုလ် ဆိုင်ရာ   အချက်အလက်များကို  ရှင်းလင်းတင်ပြပြီး         ဒုတိယ ပါမောက္ခချုပ်များနှင့် မဟာဌာန မှူးများက    ဖြည့်စွက်တင်ပြကြသည်။ 

 


ရှင်းလင်းတင်ပြချက်များနှင့်စပ်လျဉ်း၍     ဒုတိယဝန်ကြီးက Center of Excellence ကွန်ပျူ တာတက္ကသိုလ်ဖြစ်သဖြင့်   နိုင်ငံ တကာအဆင့်မီသင်ကြား၊ သင်ယူ စနစ်များနှင့် အခြေခံအဆောက် အဦ  Facility  များ  ပြည့်စုံပြီး သုတေသနအခြေပြု   Ranking မြင့်သော  တက္ကသိုလ်ဖြစ်စေရေး အလေးထား      ဆောင်ရွက်ရန်၊ တက္ကသိုလ်ဥပဓိရုပ်    ကောင်းမွန် ကာ    ရေရှည်တည်တံ့စေရေး ပုံမှန်ပြုပြင်ထိန်းသိမ်း ဆောင်ရွက် သွားရန်၊     ကျောင်းသားများ အဆင်ပြေချောမွေ့စွာ   လေ့လာ ဆည်းပူးနိုင်ရေး   စီမံဖြည့်ဆည်း ပေးရန်၊ ပြည်သူများ လူမှုစီးပွား ဘဝ ဖွံ့ဖြိုးတိုးတက်စေရေး ပံ့ပိုး ပေးနိုင်ရန် မဟာဗျူဟာစီမံကိန်း အတိုင်း အရည်အချင်းပြည့်ဝသော ICT  ဆိုင်ရာ  လူ့စွမ်းအားအရင်း အမြစ်များ      စဉ်ဆက်မပြတ် မွေးထုတ်သွားရန်၊   သုတေသန ရလဒ်များကို     နိုင်ငံ့အကျိုးပြု လုပ်ငန်းများတွင် အသုံးချနိုင်ရေး အတွက် University-Industry Collaboration  ကို  မြှင့်တင် ဆောင်ရွက်ရန်   မှာကြားပြီး ဆရာ များနှင့်      ကျောင်းသားများ၏ တင်ပြချက်များအပေါ်    ညှိနှိုင်း ဖြည့်ဆည်းပေးခဲ့သည်။

 


ထို့နောက်  ဒုတိယဝန်ကြီး သည် စာကြည့်တိုက်အသုံးပြုမှု၊ ဘာသာစကား    လုပ်ဆောင်ရေး သုတေသနဌာန၊  ဆိုက်ဘာလုံခြုံ ရေးသုတေသနဌာန၊   Learning Management System ဆောင် ရွက်ထားမှု၊ Digital Library နှင့် Library Information System ခန်း   ပြင်ဆင်ထားရှိမှု၊    Book Shop တွင် မူပိုင်ခွင့်ဖြင့်  ပုံနှိပ်ပြီး         မှီငြမ်းစာအုပ်များကို ကျောင်းသား များ ဈေးသက်သာစွာ    အလွယ် တကူ   ဝယ်ယူနိုင်အောင်    စီစဉ် ထားရှိမှု၊  ကွန်ပျူတာနည်းပညာ လက်တွေ့ခန်း၌       ငါးကန်မှ စွန့်ပစ်ပစ္စည်းများကို    အသုံးပြု ပြီး     မြေမဲ့စိုက်ပျိုးရေးလုပ်ငန်း သုတေသနပစ္စည်းနှင့်   Internet of Thingsကို အသုံးပြု၍ ပြန်လည် ပြည့်ဖြိုးမြဲစွမ်းအင်သုံး    Smart City  ပုံစံငယ်တည်ဆောက်ထားမှု ၊   အားကစားခန်းမ ပြင်ဆင်ထားရှိမှုနှင့်    သုတေသန စင်တာနှင့်   ကျောင်းသားဆောင် တည်ဆောက်ရေးလုပ်ငန်းတို့ကို       ကြည့်ရှုစစ်ဆေးသည်။ 

 


ညနေပိုင်းတွင်      ဒုတိယ ဝန်ကြီးသည်   ရန်ကုန်ကွန်ပျူတာ တက္ကသိုလ်    ကွပ်ကဲမှုအောက်ရှိ အင်းလေးဆောင်၊  သဇင်ဆောင်၊ စဉ့်ကူဆောင်နှင့်    ဇီဝကဆောင် များသို့   သွားရောက်စစ်ဆေးပြီး ကျောင်းသားများ     အဆောင် စည်းကမ်းများနှင့်အညီ    စနစ် တကျ   နေထိုင်စေရန်၊   ပြုပြင် ထိန်းသိမ်းရေးလုပ်ငန်းများ သတ် မှတ်ချိန်အတွင်း   အရည်အသွေး ပြည့်မီစွာ ပြီးစီးအောင်ဆောင်ရွက် ရန် မှာကြားခဲ့ကြောင်း သိရသည်။


 သတင်းစဉ်