
နေပြည်တော် ဖေဖော်ဝါရီ ၂၄
Naypyitaw State Academy တွင် ကျောင်းသား ကျောင်းသူများ ကို အခွန်ဆိုင်ရာ အသိပညာ တိုးပွားစေရန်နှင့် နိုင်ငံသားတို့ ထမ်းဆောင်ရမည့် အခွန်တာဝန် များကို နားလည်သိရှိစေရန် ရည်ရွယ်၍ အခွန်အကြောင်း သိကောင်းစရာ အသိပညာပေး ဟောပြောပွဲကို “အခွန်အမျိုး အစားများနှင့် နိုင်ငံသားတို့၏ တာဝန်” ခေါင်းစဉ်ဖြင့် ယနေ့ မွန်းလွဲ ၂နာရီခွဲတွင် Naypyitaw State Academy ဘက်စုံခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် Naypyitaw State Academy ၊ ဒုတိယ ပါမောက္ခချုပ်(စီမံ) ဒေါက်တာ နုနုလွင်က ဟောပြောပွဲကျင်းပ ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး စီမံကိန်း နှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်တွင်း အခွန်များဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါ်ခင်ယမုန်အောင်က အခွန် ကောက်ခံရခြင်း၏ ရည်ရွယ်ချက်၊ အခွန်အမျိုးအစားများ၊ နိုင်ငံသား တို့၏ တာဝန်ဝတ္တရားများ၊ ပြည်တွင်း အခွန်ဦးစီးဌာန၏ ရှေ့လုပ်ငန်းစဉ်တို့ကို အသိပညာ ပေး ဆွေးနွေးဟောပြောသည်။ ထို့နောက် Naypyitaw State Academy ဒုတိယပါမောက္ခချုပ် (သင်တန်း) ဒေါက်တာစိုးစိုးအောင် က လာရောက်ဟောပြော၊ အသိ ပညာဖြန့်ဝေပေးသူများကို အမှတ် တရ ဂုဏ်ပြုလက်ဆောင်ပေးအပ် သည်။
အခမ်းအနားသို့ Naypyitaw State Academy မှ ဒုတိယ ပါမောက္ခချုပ်များ၊ ပါမောက္ခ/ တွဲဖက်ပါမောက္ခ (ဌာနမှူးများ)၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဌာန၊ ပြည်တွင်းအခွန်များ ဦးစီးဌာန မှ တာဝန်ရှိသူများ၊ ဆရာ ဆရာမ၊ ဝန်ထမ်းများနှင့် ကျောင်းသား ကျောင်းသူများ တက်ရောက်ကြ သည်။
သတင်းစဉ်