
မော်စကို ဖေဖော်ဝါရီ ၂၃
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ နှစ်နိုင်ငံ အကြား သံတမန်ဆက်ဆံရေးတည်ထောင်မှု(၇၅)နှစ်မြောက် စိန်ရတု အထိမ်းအမှတ်အဖြစ် ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံး၊ ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန၊ မော်စကိုအစိုးရနှင့် Grandpa Durov’s Corner Animal Theatre တို့ပူးပေါင်း၍ ဖေဖော်ဝါရီ ၂၂ ရက် ဒေသ စံတော်ချိန် မွန်းလွဲ ၂ နာရီတွင် မြန်မာ့ဆင်လိမ္မာဖျော်ဖြေပွဲနှင့် အဆိုပါ ဆင်ငယ်လေးများအား ရုရှားနိုင်ငံသို့ ပို့ဆောင်ခဲ့ပုံ၊ ထိန်းသိမ်း၊ စောင့်ရှောက်၊ လေ့ကျင့်ပေးပုံများ စသည့်မှတ်တမ်းဓာတ်ပုံပြပွဲ အခမ်း အနားကို ရုရှားဖက်ဒရေးရှင်းနိုင်ငံ မော်စကိုမြို့ရှိ Grandpa Durov’s Corner Animal Theatre တွင် ကျင်းပခဲ့သည်။
ရှေးဦးစွာ မော်စကိုအစိုးရအဖွဲ့ ဝန်ကြီးနှင့် မော်စကိုနိုင်ငံခြား စီးပွားရေးနှင့် နိုင်ငံတကာဆက်ဆံ ရေးဌာန အကြီးအကဲဖြစ်သူ Mr. Sergey Cheremin ၊ ရုရှား ဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးလွင်ဦး၊ ရုရှား နိုင်ငံခြားရေးဝန်ကြီးဌာန၊ တတိယ အာရှဌာနမှ ညွှန်ကြားရေးမှူးချုပ် Mr. Nikolay Nozdrev နှင့် Grandpa Durov’s Corner Theatre မှ အနုပညာဆိုင်ရာ ဒါရိုက်တာဖြစ်သူ Mrs. Natalia Durova တို့က နှုတ်ခွန်းဆက် စကားများ ပြောကြားကြသည်။
ယင်းနောက် ဖျော်ဖြေရေး အစီအစဉ်များ ကျင်းပရာတွင် မြန်မာ-ရုရှား သံတမန်ဆက်ဆံ ရေး တည်ထောင်မှု နှစ်(၇၀)ပြည့် မြောက်သည့် အထိမ်းအမှတ် အဖြစ် ၁၉-၁၂-၂၀၁၈ ရက်နေ့တွင် မြန်မာနိုင်ငံမှ ပေးအပ်ခဲ့သည့် ဆုခိုင်လှ၊ ရွှေရွှေထွန်းနှင့် ငြိမ်းငြိမ်း မိုးဟု အမည်ရသည့် (၁၀) နှစ်ခန့် အရွယ် မြန်မာ့ဆင်လိမ္မာလေး များနှင့် အခြားတိရစ္ဆာန်ငယ်လေး များက တက်ရောက်လာကြသော ဧည့်သည်တော်များအား အက၊ အလှ၊ သဘာဝတို့ဖြင့် ကပြ ဖျော်ဖြေခဲ့ကြသည်။
ထို့နောက် ဧည့်သည်တော် များအား စားသောက်ဖွယ်ရာများ ဖြင့်တည်ခင်းဧည့်ခံပြီး တက်ရောက် လာကြသော ဧည့်သည်တော်များ က မှတ်တမ်းဓာတ်ပုံများ ရိုက်ကူး ကာ ညနေ ၄ နာရီတွင် အခမ်း အနားအောင်မြင်စွာ ပြီးဆုံးခဲ့သည်။
အခမ်းအနားသို့ ရုရှား ဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးလွင်ဦး ဦးဆောင် သည့် မြန်မာသံရုံးဝန်ထမ်း မိသားစုများ၊ ရုရှားဖက်ဒရေးရှင်း နိုင်ငံဆိုင်ရာ မြန်မာစစ်သံ (ကြည်း၊ ရေ၊ လေ) စစ်သံမှူး ဗိုလ်မှူးချုပ် မိုးကျော်နှင့် စစ်သံရုံး ဝန်ထမ်း မိသားစုများ၊ ရုရှားကာကွယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး Colonel General Alexander Vasilyevich Fomin၊ မော်စကို အစိုးရအဖွဲ့ဝန်ကြီးနှင့် မော်စကို နိုင်ငံခြားစီးပွားရေးနှင့် နိုင်ငံ တကာဆက်ဆံရေးဌာန အကြီး အကဲဖြစ်သူ Mr. Sergey Chere-min၊ ရုရှားကာကွယ်ရေးဝန်ကြီး ဌာန၊ ပြည်သူ့ရေးရာကောင်စီ ဥက္ကဋ္ဌဖြစ်သူ Mr. Pavel Nikola-evich Gusev ၊ တတိယအာရှဌာနမှ ညွှန်ကြားရေးမှူးချုပ် Mr. Nikolay Nozdrev ၊ ကာလုဂါဒေသ အစိုးရ အဖွဲ့ ဒုတိယအကြီးအကဲ Mr. Vladimir V. Potyomkin၊ Grand-pa Durov’s Corner Animal Theatre မှ တာဝန်ရှိသူများ၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ အာဆီယံနိုင်ငံ သံအမတ်ကြီးများ၊ စစ်သံမှူးများနှင့် သံရုံးဝန်ထမ်း များ၊ ရုရှားနိုင်ငံ မော်စကိုမြို့ တွင် ပညာသင်ကြားလျက်ရှိသည့် မြန်မာကျောင်းသား ကျောင်းသူ များ ပါဝင်တက်ရောက်ခဲ့ကြ ကြောင်း သိရှိရသည်။
သတင်းစဉ်