မော်လမြိုင် ဖေဖော်ဝါရီ ၂၂
၂၀၂၃ ခုနှစ် (၄၉) နှစ်မြောက် မွန်ပြည်နယ်နေ့ အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေး အတွက် လုပ်ငန်းညှိနှိုင်းအစည်း အဝေးကို ဖေဖော်ဝါရီ ၂၁ ရက် မွန်းလွဲပိုင်းက ပြည်နယ်အစိုးရ အဖွဲ့ရုံး အောင်ဆန်းခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း က ၂၀၂၃ ခုနှစ် မတ် ၁၉ ရက်တွင် ကျရောက်မည့် (၄၉) နှစ်မြောက် မွန်ပြည်နယ်နေ့ အထိမ်းအမှတ် အခမ်းအနားကို စည်ကား သိုက်မြိုက်စွာနှင့် အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေး ကော်မတီ အသီးသီးကိုလည်း ဖွဲ့စည်း တာဝန်ပေးအပ်ထားပြီး ဖြစ် ကြောင်း၊ အထိမ်းအမှတ် အခမ်း အနားအပြင် မွန်တိုင်းရင်းသား လူမျိုးတို့၏ ရိုးရာအကအလှများ၊ တိုင်းရင်းသားများ၏ ရိုးရာအက အလှများ ဂုဏ်ပြုဖျော်ဖြေရေး အစီအစဉ်များကိုပါ ထည့်သွင်း ဆောင်ရွက်သွားမည် ဖြစ်သည့် အတွက် ကဏ္ဍအလိုက် ကြိုတင် စီစဉ်ဆောင်ရွက်ထားရှိမည် ဖြစ် ကြောင်း၊ ဌာနဆိုင်ရာ ပြခန်းများ နှင့် အသေးစား၊ အငယ်စားနှင့် အလတ်စား ထုတ်ကုန် အရောင်း ပြခန်း ထည့်သွင်း ပြသသွားမည် ဖြစ်သည့်အတွက် ပြည်နယ် အတွင်းရှိ မြို့နယ်အသီးသီးမှ ထုတ်ကုန်များအပြင် ဒေသတစ်ခု၊ ထုတ်ကုန်တစ်ခု အစီအစဉ်ဖြင့် ပါဝင်ပြသနိုင်ရေး ဆောင်ရွက် ပေးရန်နှင့် အခမ်းအနားကို အောင်မြင်စွာ ကျင်းပနိုင်ရေး အတွက် ဝိုင်းဝန်းအကြံပြုဆွေးနွေး ပေးကြရန် ပြောကြားသည်။
ထို့နောက် အခမ်းအနား ကျင်းပရေး လုပ်ငန်းကော်မတီဝင် များက (၄၉) နှစ်မြောက် မွန် ပြည်နယ်နေ့ အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေး ဆောင်ရွက်ထားရှိမှု အခြေအနေ များနှင့်ပတ်သက်၍ ရှင်းလင်း တင်ပြခဲ့ကြသည်။
ဆက်လက်ပြီး တာဝန်ရှိသူ များက သက်ဆိုင်ရာကဏ္ဍအလိုက် ရှင်းလင်းတင်ပြခဲ့ကြပြီး ပြည်နယ် ဝန်ကြီးများက ဝိုင်းဝန်းအကြံပြု ဆွေးနွေးတင်ပြခဲ့ကြရာ ပြည်နယ် ဝန်ကြီးချုပ်က ဆွေးနွေးတင်ပြမှု များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် ပေးခဲ့ကာ နိဂုံးချုပ်အမှာ စကားပြောကြားကြောင်း သိရ သည်။ ခင်စန်းမြင့်(ပြန်/ဆက်)



