နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး ဟားခါးမြို့ရှိ မြို့မိ မြို့ဖများနှင့် တပ်နယ်မိသားစုဝင်များ၊ ကလေးမြို့ရှိ ကလေး၊ ကျီကုန်းတပ်နယ် မိသားစုဝင်များ၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် သီးခြားစီတွေ့ဆုံ၊ ကလေးမြို့နယ်ပြည်သူ့ဆေးရုံ၌ တက်ရောက်ကုသမှုခံယူနေကြသော ဒေသခံပြည်သူများအား သွားရောက်ကြည့်ရှုအားပေး
နေပြည်တော် ဖေဖော်ဝါရီ ၂၂
ချင်းပြည်နယ် ဟားခါးမြို့၌ ရောက်ရှိနေသော နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီး ချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါက်တာမှုထန်၊ ပြည်ထောင်စုဝန်ကြီးများ၊ ချင်းပြည်နယ်ဝန်ကြီးချုပ်၊ အနောက် မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများသည် ဖေဖော်ဝါရီ ၂၁ ရက် နံနက် ပိုင်းတွင် ဟားခါးမြို့နယ်ရှိ ဘာသာရေးခေါင်းဆောင်များ၊ မြို့မိမြို့ဖများအား တွေ့ဆုံအမှာစကားပြောကြား၍ တင်ပြချက်များအပေါ် လိုအပ်သည်များ ဖြည့်စွက်မှာကြားပြီး လက်ဆောင်ပစ္စည်းများ ပေးအပ်သည်။
ဆက်ကပ်လှူဒါန်း
ထို့နောက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ် ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦးနှင့် အဖွဲ့သည် ဟားခါးမြို့ ဇေတဝန် ဘုန်းတော်ကြီးကျောင်း၌ ချင်း တောင်တန်း သာသနာပြုဆရာ တော် ဒေါက်တာဘဒ္ဒန္တတေ ဇောသာရ အမှူးပြုသော သံဃာ တော်များအား ဖူးမြော်ကြည်ညို ကာ သင်္ကန်းပရိက္ခရာ၊ နဝကမ္မ အလှူငွေ၊ ဆေးဝါးများနှင့်လှူဖွယ် ပစ္စည်းများ ဆက်ကပ်လှူဒါန်း သည်။
ထောက်ပံ့ပစ္စည်းများပေးအပ်
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ် ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ အနောက်မြောက်တိုင်း စစ်ဌာန ချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများ သည် ဟားခါးမြို့ နယ်မြေခံ တပ်နယ်ခန်းမ၌ အရာရှိ၊ စစ်သည် မိသားစုဝင်များအား တွေ့ဆုံအမှာ စကားပြောကြားပြီး တပ်နယ် မိသားစုများအား ဂုဏ်ပြုချီးမြှင့် ငွေများ၊ ထောက်ပံ့ပစ္စည်းနှင့် စားသောက်ဖွယ်ရာများ ပေးအပ် ကာ တက်ရောက်လာသော အရာရှိ၊ စစ်သည်၊ မိသားစုဝင် များအား ရင်းရင်းနှီးနှီး လိုက်လံ နှုတ်ဆက်သည်။
မွန်းလွဲပိုင်းတွင် နိုင်ငံတော် စီမံ အုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ် ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး နှင့် အဖွဲ့သည် ကလေးမြို့ သို့ ရောက်ရှိကြပြီး ကလေးမြို့ နယ်မြေခံ တပ်နယ် အောင်ဆန်း ခန်းမ၌ ကလေးနှင့် ကျီကုန်း တပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များအား တွေ့ဆုံအမှာ စကားပြောကြားပြီး တပ်နယ် မိသားစုများအား ထောက်ပံ့ ပစ္စည်းများနှင့် စားသောက်ဖွယ်ရာ များ ပေးအပ်ကာ တက်ရောက် လာသော အရာရှိ၊ စစ်သည်၊ မိသားစုဝင်များအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်သည်။
တွေ့ဆုံအမှာစကားပြောကြား
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ် ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး နှင့်အဖွဲ့၊ တိုင်းဒေသကြီးဝန်ကြီး ချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိ သူများသည် ကလေးမြို့ မြို့နယ် စုပေါင်းရုံးခန်းမ၌ ခရိုင်၊ မြို့နယ် အဆင့် ဌာနဆိုင်ရာများ၊ ကျန်းမာ ရေး ဝန်ထမ်းများ၊ ပညာရေး ဝန်ထမ်းများနှင့် တွေ့ဆုံအမှာ စကားပြောကြားပြီး တက်ရောက် လာကြသူများအား ထောက်ပံ့ ပစ္စည်းများနှင့် စားသောက်ဖွယ် ရာများ ပေးအပ်သည်။
ထောက်ပံ့ပေးအပ်
ထို့နောက် ကလေးမြို့နယ် ပြည်သူ့ဆေးရုံကြီး၌ တက်ရောက် ကုသမှု ခံယူနေကြသော ဒေသခံ ပြည်သူများအား သွားရောက် ကြည့်ရှုအားပေးစကား ပြောကြား ပြီး ဆေးရုံတက်လူနာများအတွက် အာဟာရဖြည့် စားသောက်ဖွယ်ရာ များ ထောက်ပံ့ပေးအပ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်



