သံတွဲ ဖေဖော်ဝါရီ ၂၁
ရခိုင်ပြည်နယ် သံတွဲမြို့နှင့် ငပလီမြို့သူမြို့သားများ စုပေါင်း ကျင်းပသည့် တိပိဋကဓရ၊ တိပိ ဋကကောဝိဒ၊ ဓမ္မဘဏ္ဍာဂါရိက၊ သုတဗုဒ္ဓသာသနာ့ အာဇာနည် (၈) ပါးသည် ယမန်နေ့ နံနက်က ငပလီမြို့ သံတွဲလေဆိပ်မှ Memento Resort သို့ မော်တော် ယာဉ်များဖြင့် ပူဇော်ပွဲကို လှည့်လည်အပူဇော်ခံကြသည်။
ထို့နောက် ညပိုင်းတွင် သံတွဲ မြို့ နန်းချောင်းကျေးရွာ သံတွဲ- ငပလီလမ်းပေါ်ရှိ ဦးမြင့်လှိုင်၏ ပန်းခြံအတွင်း၌ ပူဇော်ပွဲ အခမ်း အနားကို ကျင်းပရာ တိပိဋက ဓရ ရေစကြိုဆရာတော် ဘဒ္ဒန္တ ဝါယမိန္ဒာဘိဝံသထံမှ ငါးပါးသီလ ခံယူ ဆောက်တည်ကြပြီး တိပိ ဋကဓရ၊ တိပိဋကကောဝိဒ၊ ဓမ္မ ဘဏ္ဍာဂါရိက၊ သုတဗုဒ္ဓသာသနာ့ အာဇာနည် (၈) ပါးတို့ ဟောကြား ချီးမြှင့်အပ်သော မေတ္တသုတ် ပရိတ်တရားတော်များကို နာယူ ကြသည်။ ထို့နောက် ဆရာတော် ကြီးများအား သံတွဲမြို့ ယဉ်ကျေး မှု တေးဂီတအဖွဲ့က တေးထပ်၊ ရတုများကိုသီဆို၍ ပူဇော်ကြ သည်။ ယင်းနောက် ပူဇော်ပွဲ ကျင်းပရေးကော်မတီ နာယက ဦးအောင်သန်းတင်က ပူဇော်ပွဲ ကျင်းပရခြင်း၏ ရည်ရွယ်ချက် များနှင့် ဝမ်းမြောက်စကားကို လျှောက်ထားတော်မူသည်။ ဆက် လက်၍ ပူဇော်ပွဲ ကျင်းပရေး ကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူ များ၊ အလှူရှင်များက တိပိဋက ဓရ၊ တိပိဋကကောဝိဒ၊ ဓမ္မ ဘဏ္ဍာဂါရိက၊ သုတဗုဒ္ဓသာသနာ့ အာဇာနည် (၈) ပါးတို့အား ဂုဏ်ပြုလက်မှတ်နှင့် လှူဖွယ် ဝတ္ထုများကို ဆက်ကပ်လှူဒါန်း ကြပြီး ဆရာတော်များ၏ ဟော ကြားအပ်သော ဩဝါဒ ကထာ တရားတော်များကို နာယူကြကာ တိပိဋကဓရ၊ ရခိုင်ဆရာတော် ဘဒ္ဒန္တဣန္ဒပါလ က ပူဇော်လှူဒါန်း မှူအစုစုတို့အား ရေစက်သွန်းချ အမျှပေးဝေကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)



