ပြည်ထဲရေးဝန်ကြီးဌာန မိသားစုများက ဆွမ်းဆန်တော်နှင့် ဆန်ကြာဆံများ ဆက်ကပ်လှူဒါန်း

 

နေပြည်တော်  ဖေဖော်ဝါရီ   ၂၁


ပြည်ထဲရေးဝန်ကြီးဌာန တပ်ဖွဲ့ ဝင်/ ဝန်ထမ်း   အရာထမ်း၊   အမှု ထမ်း      မိသားစုများကမြို့နယ် အသီးသီးရှိ       ဘုန်းတော်ကြီး ကျောင်းများသို့  ဆွမ်းဆန်တော် နှင့် ဆန်ကြာဆံများ ဆက်ကပ် လှူဒါန်းလျက်ရှိသည်။

 


ထိုသို့     လှူဒါန်းလျက်ရှိရာ ယနေ့တွင် နေပြည်တော်ကောင်စီ နယ်မြေ လယ်ဝေးမြို့နယ်ရှိ မဟာ ဝိဟာရ ရန်ကင်းတောရကျောင်း တိုက်၊   စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့နယ်ရှိ      မြို့မရွှေကြာရုံ ကျောင်းတိုက်၊ ပဲခူးတိုင်းဒေသ ကြီး ပဲခူးမြို့နယ်ရှိ ပုဗ္ဗာရုံကျောင်း တိုက်၊ မွန်ပြည်နယ် မော်လမြိုင် မြို့နယ်ရှိ သာသနရက္ခိတကျောင်း တိုက်၊     ရန်ကုန်တိုင်းဒေသကြီး စမ်းချောင်းမြို့နယ်ရှိ     မဟာမြိုင် ဘုန်းဘုရားကျောင်းတိုက်၊ ဒဂုံမြို့ သစ် (မြောက်ပိုင်း) မြို့နယ်ရှိ ထေရ ဝါဒဓမ္မရောင်ခြည်         ပရိယတ္တိ စာသင်တိုက်၊   မင်္ဂလာဒုံမြို့နယ်ရှိ မဟာအတုလဝေယံဘုံသာ    တိပိ ဋက     ရွှေပါရမီကျောင်းတိုက်နှင့် ရွှေပြည်သာမြို့နယ်ရှိ  ပညာပါရမီ ကျောင်းတိုက်၊     ရှမ်းပြည်နယ် ကျိုင်းတုံမြို့နယ်ရှိ      ကျိုင်းလိတ် ကျောင်းတိုက်တို့သို့    ဆွမ်းဆန် တော်များကို     လည်းကောင်း၊ ကရင်ပြည်နယ် ဘားအံမြို့နယ်ရှိ ခွယ်ကဘောင်         ပညာ့ဥယျာဉ် ကျောင်းတိုက်၊ မန္တလေးတိုင်းဒေသ ကြီး     ပြည်ကြီးတံခွန်မြို့နယ်ရှိ  သုဇနာရာမ  ကမ္ဘာအေးကျောင်း တိုက်နှင့် မဟာအောင်မြေမြို့နယ် ရှိ   ပေပင်ပရိယတ္တိစာသင်တိုက်၊ ရန်ကုန်တိုင်းဒေသကြီး ကမာရွတ် မြို့နယ်ရှိ ပါဠိတက္ကသိုလ် (ခ) သီရိ မင်္ဂလာပျော်ဘွယ်ကျောင်းတိုက်၊ ရှမ်းပြည်နယ် တောင်ကြီးမြို့နယ်ရှိ ဖရဲငွေတောင်ကျောင်းတိုက်နှင့်  လားရှိုးမြို့နယ်ရှိ     ရတနာမဉ္ဇူ ကျောင်းတိုက်တို့သို့  ဆန်ကြာဆံ များကိုလည်းကောင်း ဆရာတော် သံဃာတော်များအတွက် တာဝန် ရှိသူများက သွားရောက်ဆက်ကပ် လှူဒါန်းကြကြောင်း သိရသည်။ 


သတင်းစဉ်