နေပြည်တော် ဖေဖော်ဝါရီ ၂၁
အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးမင်းသိန်းဇံနှင့် စစ်ကိုင်းတိုင်းဒေသကြီး တိုင်း/ခရိုင်/မြို့နယ် အားကစားနှင့် ကာယပညာဦးစီး ဌာနရုံးတို့မှ ဝန်ထမ်းများ၊ အားကစားနှင့် ကာယပညာ သိပ္ပံ(မုံရွာ)မှ ဝန်ထမ်းများ၊ သင်တန်းသား သင်တန်း သူများ တွေ့ဆုံပွဲကို ဖေဖော်ဝါရီ ၁၉ ရက် မွန်းလွဲပိုင်း က စစ်ကိုင်းတိုင်းဒေသကြီး အားကစားနှင့် ကာယ ပညာသိပ္ပံ (မုံရွာ)၌ ကျင်းပသည်။
ဖြည့်ဆည်းဆောင်ရွက်
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက ဝန်ထမ်းများအနေဖြင့် ရုံးလုပ်ငန်းတာဝန်များကို ပိုမိုကျွမ်းကျင်ပြီး မှန်မှန်ကန်ကန်နှင့် မြန်ဆန်စွာ ဆောင်ရွက်နိုင်စေရန် အမြဲတမ်းလေ့လာဆည်းပူး မှတ်သားနေကြရန်နှင့် ဝန်ကြီးဌာန၏ ဂုဏ်သိက္ခာ မြင့်မားစေရန်အတွက် မိမိတို့အား ပေးအပ်ထားသည့် လုပ်ငန်းတာဝန်များကို စွမ်းစွမ်းတမံ ကြိုးစားဆောင် ရွက်ကြရန်လိုကြောင်း၊ အသိပညာဗဟုသုတများ တိုးပွားစေရန်နှင့် ပညာဝမ်းစာများ ပြည့်ဝစေရန် စာအုပ်၊ စာပေများများ လေ့လာဖတ်ရှုမှတ်သားရန် လိုကြောင်း၊ ကျန်းမာရေးနှင့် လုံခြုံရေးအထူးဂရုစိုက် ကြရန်လိုကြောင်း၊ ဝန်ထမ်းများ အခက်အခဲနှင့် လိုအပ်ချက်များရှိပါက တာဝန်ရှိသူများထံ တင်ပြ၍ ခွင့်ပြုချက်ရယူပြီးမှ လုပ်ကိုင်ဆောင်ရွက်သွားကြရန် နှင့် အားကစားကွင်း /အားကစားရုံများ ရေရှည် တည်တံ့ပြီး အမြဲတမ်းစိမ်းလန်းစိုပြည်စေရန်၊ သန့်ရှင်းသပ်ရပ်မှုရှိစေရန်နှင့် ပြည်သူများ ပျော်ရွှင်စွာ လာရောက်လေ့ကျင့် ကစားနိုင်စေရန်အတွက် အားကစားကွင်း/အားကစားရုံများကို ထိန်းသိမ်း ဆောင်ရွက်သွားကြရန်လိုကြောင်း၊ သင်တန်းသား သင်တန်းသူများကို ကိုက်ညီသင့်လျော်မည့် အားကစား နည်းအမျိုးအစားအလိုက်(Event)များ ခွဲဝေသတ်မှတ် ၍ စနစ်တကျ လေ့ကျင့်သင်ကြားပေးနိုင်ရေး စီစဉ် ဆောင်ရွက်ပေးသွားရန်လိုကြောင်း ပြောကြားခဲ့ပြီး ဝန်ထမ်းများ၏ အခက်အခဲများ၊ တင်ပြချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ထို့နောက် သင်တန်းသား သင်တန်းသူများကို ပညာရေးပိုင်းနှင့် အားကစားပိုင်းတွင်ပါ ထူးချွန် ထက်မြက်သည့် အားကစားသမားကောင်းများ ဖြစ်စေရန် မလျှော့သော ဇွဲ၊ လုံ့လ၊ စိတ်ဓာတ်တို့ဖြင့် ကြိုးစားလေ့ကျင့်ကြရန်လိုကြောင်းနှင့် ကျန်းမာရေး အထူးဂရုစိုက်ကြရန် ပြောကြားသည်။
ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် စစ်ကိုင်းတိုင်းဒေသကြီး ကလေးခရိုင်ရှိ အောင်ဇေယျာ အားကစားခန်းမနှင့် ဘောလုံးအားကစားကွင်းတို့ကို လိုက်လံကြည့်ရှုစစ်ဆေးပြီး အားကစားကွင်း/ အားကစားရုံများ ရေရှည်တည်တံ့ပြီး အမြဲတမ်း စိမ်းလန်းစိုပြည်၍ သန့်ရှင်းသပ်ရပ်မှုရှိစေရေးအတွက် ထိန်းသိမ်းဆောင်ရွက်သွားရန်နှင့် ပြည်သူများ လာရောက် လေ့ကျင့်ကစားနိုင်ရေးအတွက် စီစဉ် ဆောင်ရွက်သွားရန် တာဝန်ရှိသူများကို မှာကြားသည်။
ယင်းနောက် ကလေးခရိုင်နှင့် ကလေးမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနရုံးတို့မှ ဝန်ထမ်း များနှင့်တွေ့ဆုံ၍ ဝန်ထမ်းများအနေဖြင့် ကျန်းမာရေး နှင့် လုံခြုံရေး အထူးဂရုစိုက်ကြရန်နှင့် အထက် အောက် အပြန်အလှန် လေးလေးစားစား ဆက်ဆံ ကြရန်လိုကြောင်း၊ လုပ်ငန်းများ အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် ဝန်ထမ်း အချင်းချင်း မိသားစုစိတ်ဓာတ်ဖြင့် ပူးပေါင်းဆောင် ရွက်လုပ်ကိုင်သွားကြရမည်ဖြစ်ကြောင်း ပြောကြား ပြီး ဝန်ထမ်းများ၏ အခက်အခဲများနှင့် တင်ပြချက် များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်စဉ်



