ရန်ကုန် ဖေဖော်ဝါရီ ၂၁
လျှပ်စစ်သုံးယာဉ်များ ပြေးဆွဲ/အသုံးပြုရေးနှင့် အခြေခံ အဆောက်အအုံများ အကောင် အထည်ဖော်ရေး လုပ်ငန်း ကော်မတီဥက္ကဋ္ဌ၊ ဆောက်လုပ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းဖေသည် တာဝန်ရှိသူများ နှင့်အတူ ဖေဖော်ဝါရီ ၂၀ ရက် နံနက်ပိုင်းတွင် လျှပ်စစ်သုံးယာဉ် များ ပြေးဆွဲ/အသုံးပြုရေးအတွက် Yangon Aerodrome Co.,Ltdမှ ဆောက်လုပ်မည့် ရန်ကုန်အပြည် ပြည်ဆိုင်ရာလေဆိပ် Charging Station တည်နေရာသို့ သွားရောက်ကြည့်ရှု စစ်ဆေးသည်။
လိုအပ်သည်များ မှာကြား
ထိုသို့ ကြည့်ရှုစစ်ဆေးစဉ် စီမံကိန်းတာဝန်ခံက လုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများ အား ရှင်းလင်းတင်ပြပြီး ဒုတိယ ဝန်ကြီးက သတ်မှတ်ဒီဇိုင်းပုံစံနှင့် ကွဲပြားမှုများအား ဦးဆောင် ကော်မတီသို့ တင်ပြခွင့်ပြုချက် ရယူဆောင်ရွက်ရန်၊ လျှပ်စစ် ယာဉ်များ စတင်အသုံးပြုချိန်တွင် လျှပ်စစ်အားသွင်းနိုင်မည့် အခြေခံ အဆောက်အအုံများ အဆင်သင့် ဖြစ်ရန်အတွက် လုပ်ငန်းနှောင့်နှေး ကြန့်ကြာမှုမရှိစေရေး ဆောင်ရွက် ရန် မှာကြားပြီး Myanmar Brilliance Auto Co., Ltd မှ Charging Station ဆောက်လုပ် နေသည့် အောင်မင်္ဂလာအဝေးပြေး ကားဝင်းနေရာကို ဆက်လက် စစ်ဆေးကာ လိုအပ်သည်များ မှာကြားသည်။
ဆက်လက်၍ ဒုတိယဝန်ကြီး နှင့်အဖွဲ့သည် ရန်ကုန်- မန္တလေး အမြန်လမ်း မိုင်တိုင်(၁/၀)၌ Earth Renewable Energy Co., Ltd မှ Charging Station တည်ဆောက် နေသည့် လုပ်ငန်းခွင်နေရာသို့ ရောက်ရှိရာ စီမံကိန်းတာဝန်ခံနှင့် တာဝန်ရှိသူများက လုပ်ငန်း ဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်းတင်ပြကြရာ ဒုတိယ ဝန်ကြီးက အမြန်လမ်းမကြီး ထိန်းသိမ်းပြုပြင်ရေးနှင့် ကြီးကြပ် ရေးအဖွဲ့အနေဖြင့် အမြန်လမ်းမ ကြီးပေါ်တွင် ဆောက်လုပ်နေသည့် Charging Station များအား လိုအပ်သည်များ ပံ့ပိုးကူညီ ဆောင်ရွက်ရန် မှာကြားပြီး ရန်ကုန်- မန္တလေး အမြန်လမ်းမ ကြီး မိုင်တိုင်(၃၂/၁) ပဲခူးမြို့ရှောင် လမ်းနှင့် ရန်ကုန်- မန္တလေး အမြန် လမ်းမကြီးဆုံရာ Under Pass ၌ လမ်းလယ်ကျွန်း ရေမြောင်းမွမ်းမံ ပြီးစီးမှုကို ကြည့်ရှုစစ်ဆေးသည်။
ကြည့်ရှုစစ်ဆေး
မွန်းလွဲပိုင်းတွင် ဒုတိယ ဝန်ကြီးနှင့် အဖွဲ့သည် မိုင်တိုင် (၁၁၅/၀) ဖြူးယာဉ်ရပ်နားစခန်း၌ Charging Station ဆောက်လုပ် မှုနှင့် မိုင်တိုင်(၁၃၂/၀)ရှိ ဘုရား ကုန်း Under Pass လမ်းလယ် ကျွန်း ရေမြောင်းပြင်ဆင်ပြီးစီးမှု၊ မိုင်တိုင် (၁၇၄/၃)ရှိ ပါရမီတံတား ကြံ့ခိုင်မှုအခြေအနေတို့ကို ကြည့်ရှု စစ်ဆေးသည်။
ညနေပိုင်းတွင် ဒုတိယဝန်ကြီး နှင့်အဖွဲ့သည် မိုင်တိုင်(၂၀၁/၀)ရှိ နေပြည်တော် စီလမ်းဆုံ ယာဉ်ရပ် နားစခန်း၌ Charging Station ဆောက်လုပ်နေမှုနှင့် ရန်ကုန်- မန္တလေး အမြန်လမ်းမကြီးမှ မိုင်တိုင် (၂၀၄/၀)သို့ ဝင်ရောက် သည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော် မြတ်ကြီး အဝင်လမ်းနှင့် လမ်းဘေး ဝဲ/ယာ စိမ်းလန်းစိုပြည်ရေးအတွက် သစ်ပင် စိုက်ပျိုးထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးသည်။
သတင်းစဉ်



