နေပြည်တော် ဖေဖော်ဝါရီ ၂၁
မြန်မာနိုင်ငံ၏ တစ်ဆက်တစ်စပ် တည်းသော မြန်မာ့သမိုင်းစဉ် ကို ရေးသားပြုစုနိုင်ရန်အတွက် မဏ္ဍိုင်တစ်ရပ်ဖြစ်သည့် ကျောက် ခေတ်ဆိုင်ရာ အထောက်အထား များ ဆွေးနွေးပွဲကို ယနေ့တွင် သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန လောကနတ်ခန်းမ၌ ကျင်းပသည်။
ဆွေးနွေးပွဲသို့ သာသနာရေး နှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်နုမြဇံ၊ မြန်မာ့သမိုင်းအဖွဲ့ ပညာရှင်များ၊ ရှေးဟောင်းသုတေသနနှင့် အမျိုး သားပြတိုက်ဦးစီးဌာနနှင့် သမိုင်း သုတေသနနှင့် အမျိုးသား စာကြည့်တိုက် ဦးစီးဌာနတို့ မှ ညွှန်ကြားရေးမှူးချုပ်များ၊ ကာကွယ်ရေးဝန်ကြီးဌာန မှ ပညာ ရှင်များနှင့် ကျောက်ခေတ် သုတေသန လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခဲ့သော ဌာန ဆိုင်ရာများမှ အရာထမ်း၊ အမှု ထမ်းများ တက်ရောက်ကြ သည်။
ဆွေးနွေးပွဲတွင် ဒုတိယ ဝန်ကြီး ဒေါ်နုမြဇံက ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန၏ ကွင်းဆင်းသုတေသန ပြုလုပ်ချက်များအရ ယခင်က မတွေ့ရှိခဲ့သော ကျောက်ခေတ် လယ်နှင့် မဟာသေလာယဉ်ကျေး မှု စသည့်အထောက်အထားများကို ရှာဖွေတွေ့ရှိခဲ့ကြောင်း၊ လေ့လာ တွေ့ရှိချက် အသစ်များအပေါ် မူတည်၍ ရေးသားမှုအပိုင်းတွင် လည်း ယခင်ရေးသားချက်များ ကို ပြန်လည်ပြင်ဆင်ရေးသားရန် လိုအပ်ပါကြောင်း၊ ယခုဆွေးနွေးပွဲ သို့ တက်ရောက်လာသူများအနေ ဖြင့် မိမိတို့လေ့လာတွေ့ရှိထားသော အထောက်အထားများ၊ တွေ့ရှိ ချက်များအပေါ်တွင် ပူးပေါင်း ပါဝင်ဆွေးနွေးကြရန် တိုက်တွန်း ပြောကြားသည်။
ထို့နောက် ရှေးဟောင်း သုတေသန နည်းပညာသင်တန်း ကျောင်း(ပြည်)မှ ကျောင်းအုပ်ကြီး ဦးဝင်းကြိုင်က မြန်မာနိုင်ငံ ကျောက်ခေတ်နှင့် ပတ်သက်၍ ကိုယ်တိုင် ကွင်းဆင်းလေ့လာမှု များမှ တွေ့ရှိချက်တို့ကို စုစည်း ပြုစုထားသည့် “မြန်မာ့ ကျောက်ခေတ်” အကြောင်းကို လည်းကောင်း၊ ဂူနေလူသားမှ သည် ကျောက်ခေတ်သစ် တည်ထောင်လာခြင်းနှင့် လူနေမှု အဆင့်အတန်းများ အဆင့်ဆင့် တိုးတက် ပြောင်းလဲလာမှုတို့ကို ရေးသားပြုစုထားသည့် မြန်မာ သမိုင်းအဖွဲ့၊ ဒုတိယဥက္ကဋ္ဌ ဒေါက်တာတိုးလှ၏ “ဂူနေလူသား မှသည် ကျောက်ခေတ်သစ်ဆီသို့” စာတမ်းကို သမိုင်းသုတေသန နှင့် အမျိုးသားစာကြည့်တိုက်ဦးစီး ဌာနမှ ကိုယ်စားလှယ်တစ်ဦးက ဖတ်ကြားပြီး တက်ရောက်လာသူ များက သိရှိလိုသည်များနှင့် ထပ်မံ ဖြည့်စွက်လိုသည်များကို ဆွေးနွေးကြသည်။
ဆက်လက်၍ ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် က နောင်တွင်ကျင်းပမည့် ဆွေးနွေးပွဲများတွင် တစ်ဆက် တစ်စပ်တည်းသော သမိုင်းစဉ် ကို အပြီးသတ်ထုတ်ဝေနိုင်ရေး နှင့်စပ်လျဉ်း၍ ရှင်းလင်း ပြောကြားပြီး ဒုတိယဝန်ကြီးက နိဂုံးချုပ်အမှာစကား ပြောကြား ကာ ဆွေးနွေးပွဲကို ရုပ်သိမ်းလိုက် ကြောင်း သိရသည်။
သတင်းစဉ်



