ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ (UNICEF) ၏ အရှေ့အာရှနှင့် ပစိဖိတ်ဒေသခွဲရုံးမှ ဒေသဆိုင်ရာညွှန်ကြားရေးမှူး Ms. Debora Comini နှင့်အဖွဲ့ကို လက်ခံတွေ့ဆုံ

 

နေပြည်တော်   ဖေဖော်ဝါရီ   ၂၁


ရင်းနှီးမြှုပ်နှံမှုနှင့်   နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်သည် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့ (UNICEF) ၏   အရှေ့အာရှနှင့်   ပစိဖိတ်ဒေသခွဲရုံးမှ   ဒေသဆိုင်ရာညွှန်ကြားရေးမှူး  Ms.  Debora  Comini နှင့်အဖွဲ့ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။

 


ဆွေးနွေး


တွေ့ဆုံစဉ်   UNICEF   က   မြန်မာနိုင်ငံ၌  လတ်တလော  အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းအစီအစဉ်များအပေါ် အမြင်ချင်းဖလှယ်ခဲ့ကြပြီး မြန်မာ နိုင်ငံနှင့် UNICEF အကြား ရှေ့ဆက်လက် ပူးပေါင်းဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များကို ဆွေးနွေးခဲ့ကြသည်။

 


တွေ့ဆုံပွဲသို့ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနမှ တာဝန် ရှိသူများ တက်ရောက်ခဲ့ကြသည်။                               

သတင်းစဉ်