နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး (၇၅) နှစ်မြောက် စိန်ရတု ချင်းအမျိုးသားနေ့အခမ်းအနားတက်ရောက်

နေပြည်တော်  ဖေဖော်ဝါရီ   ၂၁


၂၀၂၃ ခုနှစ်၊ (၇၅)နှစ်မြောက် စိန်ရတု ချင်းအမျိုးသားနေ့ အခမ်း အနားကို ယမန်နေ့ နံနက်ပိုင်းက ဟားခါးမြို့ရှိ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး  တက်ရောက်၍  ဂုဏ်ပြုအမှာစကား ပြောကြားသည်။

 


 အခမ်းအနားသို့      နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါက်တာမှုထန်၊  ပြည်ထောင်စုဝန်ကြီးများ၊  ချင်းပြည်နယ်ဝန်ကြီးချုပ်၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊   ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

 


ရှေးဦးစွာ   သဘာပတိ အလုပ်သမားညွှန်ကြားမှုဦးစီးဌာန ညွှန်ကြား ရေးမှူး ဦးဟုန်းကီးက (၇၅) နှစ်မြောက်   စိန်ရတု ချင်းအမျိုးသားနေ့      မိန့်ခွန်းပြောကြားပြီး  ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ    နိုင်ငံတော်ဝန်ကြီးချုပ်       ဗိုလ်ချုပ်မှူးကြီး  မင်းအောင်လှိုင် ထံမှ   (၇၅) နှစ်မြောက်     စိန်ရတု ချင်းအမျိုးသားနေ့ အခမ်းအနားသို့  ပေးပို့သည့်သဝဏ်လွှာကို ဖတ်ကြား သည်။ 

 


ထို့နောက်   နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊  ဒုတိယ ဝန်ကြီးချုပ်နှင့်     ကာကွယ်ရေးဝန်ကြီးဌာန   ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး    မြထွန်းဦးက   ဂုဏ်ပြုအမှာစကားပြောကြားပြီး  (၇၅)  နှစ်မြောက်  စိန်ရတုချင်းအမျိုးသားနေ့  အခမ်းအနားအတွက်    လှူဒါန်း ငွေကျပ်  သိန်း ၂၀၀ ကို ချင်းပြည်နယ် ဝန်ကြီးချုပ်ထံ ပေးအပ်သည်။

 


 ယင်းနောက်     အားကစား နှင့်    လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး    ဦးမင်း သိန်းဇံက အားကစားပစ္စည်းများကိုလည်းကောင်း၊   စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်     ဆည်မြောင်း ဝန်ကြီးဌာန        ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးက မျိုးစေ့ နှင့်         ဓာတ်မြေဩဇာများကို လည်းကောင်း   ပြည်နယ်အစိုးရ တာဝန်ရှိသူများထံ   ထောက်ပံ့ ပေးအပ်ကြသည်။

 


ဆက်လက်၍   ချင်းပြည်နယ် အစိုးရအဖွဲ့၏     ဂုဏ်ထူးဆောင် လက်မှတ်ရရှိသူများနှင့်  ဂုဏ်ထူး ဆောင်ဆုရရှိသူများကို နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါက်တာမှုထန်၊   တိုင်းရင်းသား လူမျိုးများရေးရာ    ဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး       Jeng Phang   နော်တောင်၊  ပြည်နယ် ဝန်ကြီးချုပ်နှင့် ပြည်နယ်အဆင့်      တာဝန်ရှိသူများက   ပေးအပ်ကြ သည်။ 

 


ထို့နောက် ချင်းတိုင်းရင်းသား၊ တိုင်းရင်းသူများက   SAR  LAM (အောင်ပွဲခံအက)၊ တီးတိန်ရိုးရာ အကများဖြင့်   ကပြဖျော်ဖြေပြီး တာဝန်ရှိသူများနှင့်အတူ မှတ်တမ်း တင်ဓာတ်ပုံကြသည်။

 


ယင်းနောက်   နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်၊  ဒုတိယ ဝန်ကြီးချုပ်နှင့်    ပြည်ထောင်စု ဝန်ကြီး   ဗိုလ်ချုပ်ကြီး မြထွန်းဦး နှင့်   အဖွဲ့သည်    ချင်းရိုးရာ ယဉ်ကျေးမှုအဖွဲ့မှ ရိုးရာအကများ ဖြင့် ကပြဖျော်ဖြေမှုကို ကြည့်ရှု အားပေးကြပြီး       စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်    ဆည်မြောင်း ဝန်ကြီးဌာန ပြခန်းနှင့် သာသနာ ရေးနှင့်   ယဉ်ကျေးမှုဝန်ကြီးဌာန ပြခန်းတို့ကို   လှည့်လည်ကြည့်ရှု ကြသည်။

 


မွန်းလွဲပိုင်းတွင်    နိုင်ငံတော် စီမံအုပ်ချုပ်ရေး     ကောင်စီဝင်၊ ဒုတိယ         ဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးနှင့်   အဖွဲ့သည်   ချင်း ပြည်နယ်အစိုးရအဖွဲ့ရုံး   အစည်း အဝေးခန်းမ၌ ပြည်နယ်၊ ခရိုင်နှင့် မြို့နယ်အဆင့်       ဌာနဆိုင်ရာ တာဝန်ရှိသူများ၊       ပညာရေး ဝန်ထမ်းများ၊     ကျန်းမာရေး ဝန်ထမ်းများနှင့် တွေ့ဆုံသည်။
တွေ့ဆုံပွဲတွင်  ချင်းပြည်နယ် ဝန်ကြီးချုပ်          ဒေါက်တာ ဝုန်ဆွန်းထန်က    ၂၀၂၂ - ၂၀၂၃ ခုနှစ်အတွင်း   ချင်းပြည်နယ်၏ အုပ်ချုပ်ရေး၊          စီးပွားရေး၊ လူမှုရေးဆိုင်ရာများကို   ရှင်းလင်း တင်ပြသည်။ 

 


ထို့နောက်    နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဝင်၊ ဒုတိယ ဝန်ကြီးချုပ်နှင့်      ပြည်ထောင်စု ဝန်ကြီးက နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီ၏   ရှေ့လုပ်ငန်းစဉ် (၅)ရပ်နှင့်စပ်လျဉ်း၍   နိုင်ငံတော် အစိုးရ၏     လုပ်ငန်းအကောင် အထည်ဖော်  ဆောင်ရွက်ခဲ့မှုများ နှင့်   တိုးတက်ပြောင်းလဲမှုအခြေ အနေများကို ရှင်းလင်းပြောကြား ပြီး  အခမ်းအနားသို့ တက်ရောက် လာသူများကို   ထောက်ပံ့ပစ္စည်း များ   ပေးအပ်၍   ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက် အားပေးသည်။ 
ယင်းနောက်   နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်၊  ဒုတိယ ဝန်ကြီးချုပ်နှင့်    ပြည်ထောင်စု ဝန်ကြီးသည် ပြည်နယ်အစိုးရအဖွဲ့ အစည်းအဝေးခန်းမ၌  ပြည်နယ် အဆင့်   အစိုးရအဖွဲ့ဝင်များနှင့် တွေ့ဆုံ၍  တင်ပြချက်များအပေါ် လိုအပ်သည်များ      ဖြည့်စွက် မှာကြားကာ   တာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ်ပေးသည်။ 

 


ဆက်လက်၍     နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်၊ ဒုတိယ       ဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးနှင့် အဖွဲ့သည် ဟားခါး မြို့နယ်   ပြည်သူ့ဆေးရုံကြီးတွင် ဆေးရုံအုပ်ကြီးနှင့် ဝန်ထမ်းများကို တွေ့ဆုံပြီး  ဆေးရုံသုံးပစ္စည်းများ နှင့်         ထောက်ပံ့ပစ္စည်းများ ကိုလည်းကောင်း၊        ဆေးရုံ တက်ရောက်ကုသမှု   ခံယူနေကြ သော    ဒေသခံပြည်သူများအား သွားရောက်ကြည့်ရှု    အားပေး စကားပြောကြားကာ    အာဟာရ ဖြည့်  စားသောက်ဖွယ်ရာများကို လည်းကောင်း ထောက်ပံ့ ပေးအပ် သည်။                      

သတင်းစဉ်